Celebrity


Written by Ms Cele





Credit:Cele Zone
Source:Yuzana Mn

ခင်ပွန်းဖြစ်သူနဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကျော် တုန်းကခရီးသွားခဲ့တဲ့ အမှတ်တရပုံတွေကို ချပြပြီး အရင်လိုခရီးသွားပြန်ချင်တဲ့အကြောင်း ပြောပြလာတဲ့ ယုဇန

အိမ်ထောင်သက်ကြာမြင့် လာခဲ့ပြီဖြစ်တဲ့ ယုဇနတို့ ဇနီးမောင်နှံဟာ လက်ရှိ အချိန်ထိလည်း အေးချမ်းတဲ့နှစ်ယောက် ကမ္ဘာလေးမှာ ပျော်ရွှင်နေဆဲပါပဲ။ မင်္ဂလာပွဲကို (၇) ပွဲတိတိကျင်းပခဲ့ပြီး အရမ်းကို ပျော်ရွှင်ခဲ့ကြပါတယ်။ လူရွေးမှန်သွားတဲ့ ယုဇနကတော့ အပြုံးတွေနဲ့ နေ့ရက်ဆက်နေခဲ့ရပါတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော် တုန်းက LA concert မှာ သွားဖျော်ဖြေခဲ့စဉ်က သူမတို့နှစ်ယောက်ရဲ့ ကြည်နူးစရာ ပုံလေးတွေကိုတင်ပြီး အရင်လိုခရီးသွားပြန်ချင်တဲ့ အကြောင်း ပြောပြလာခဲ့ပါသေးတယ်။ လွတ်လွတ်လပ်လပ်ပြန်သွားလို့ရတဲ့ အချိန်ရောက်ရင်တော့ နှစ်ယောက်တည်း ခရီးတွေပြန်ထွက်ရမှာကို တွေးရင်း ယုဇနကတော့ ပျော်နေလောက်ပါပြီ။

နှစ်ယောက်သားရဲ့ အမှတ်တရခရီးစဉ်ပုံလေးတွေကို ” 2011 July LA concert သွားဆိုတုန်းက ပုံဟောင်းလေးတွေပြန်ကြည့်ရင်း ခရီးလေးတွေပြန်ထွက် ချင်မိတယ်၊ ပုံမှန်ပြန်လည်ပတ် သွားလာနိုင်တဲ့အခါ သာယာ‌အေးချမ်းတဲ့ နေရာလေးတွေ သွားချင်တယ် ” ဆိုပြီးတင်ထားတာပဲ ဖြစ်ပါတယ်။ သက်ဆုံးတိုင်ပျော်ရွှင်ပါစေ ယုဇနရေ။

Credit:Cele Zone
Source:Yuzana Mn

About the author

Ms Cele

Leave a Comment