Celebrity


Written by Ms Cele





Credit

ခင်ပွန်းဖြစ်သူမကွယ်လွန်ခင်က သူမအတွက်ပေးခဲ့တဲ့ အမှတ်တရလေးကိုကြည့်ကာ ဖြေမဆည်နိုင်အောင်ကြေကွဲနေတဲ့ ရွှေရည်သိန်းတန်

အဆိုတော် ရွှေရည်သိန်း ကတော့ ပြီးခဲ့တဲ့ လပိုင်းတွေကမှ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးထားရတာ ဖြစ်ပါတယ်..။ ရှေ့သွားနောက်လိုက်နဲ့ လိုက်ဖက် လွန်းလို့ အားလုံးက ချစ်ခင်ကြတဲ့ သူမတို့ဇနီးမောင်နှံကတော့ အလှူအတန်းတွေကိုလည်း ရက်ရောစွာ ပြုလုပ်တတ်ကြတာ တွေ့ရပါတယ်..။ ဘဝကိုရိုးရှင်းအေးချမ်းစွာ ဖြတ်သန်းလာခဲ့ ပေမယ့် သေခြင်းတရားက ခွဲခွာသွားခဲ့တဲ့အတွက် အခုဆိုရင်တော့ ခင်ပွန်းကို လွမ်းဆွတ်နေတဲ့ သတိရစိတ်ကြောင့် သူမတစ်ယောက်တည်း ဝမ်းနည် းနေရတာ ဖြစ်ပါတယ်..။

သိပ်ချစ်ရတဲ့ ခင်ပွန်းကို ဆုံးရှုံးလိုက်ရတဲ့ အတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်း နာကျင်နေရတဲ့ သူမကို မိတ်ဆွေ သူငယ်ချင်းတွေကလည်း အားပေးနှစ်သိမ့်ရင်း ထပ်တူစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်..။ ကပ်ရောဂါဆိုးကြီးနဲ့ ခွဲခွာသွားခဲ့ရတဲ့ခင်ပွန်းဖြစ်သူ ကောင်းရာသု ဂတိလားစေဖို့ကိုလည်း ရွှေရည်သိန်းတန်က တတ်နိုင်သလောက် အလှူအတန်းတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။ အေးအတူပူ အမျှ အတူဖြတ်သန်းလာတဲ့ ခင်ပွန်းဖြစ်သူက နောက်ဆုံးအနေနဲ့ ပေးသွားခဲ့တဲ့ လက်ဆောင်လေးနဲ့ ပတ်သက် ပြီးတော့လည်း ရင်ဖွင့်ပြောပြ လာပါတယ်..။

သူမတို့ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံ းလက်ဆောင်လေးကို ကြည့်ပြီး နှလုံးတွေအောင့်တဲ့အထိ နာကျင်ခံစားနေရတာတွေကို စိတ်မကောင်းစွာ ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်..။အိုမင်းတဲ့အချိန်ထိ အတူမရှိနိုင်တော့တဲ့ ခင်ပွန်းဖြစ်သူရဲ့ အမှတ်တရလေးကို ပြန်လည်သတိရတမ်းတနေရှာတဲ့ ရွှေရည်သိန်းတန်ရဲ့ နာကျင် မှုတွေကို စာနာနားလည်ကြမှာပါနော်..။

Credit

About the author

Ms Cele

Leave a Comment