Celebrity


Written by Ms Cele






ခင်ပွန်းဖြစ်သူရဲ့ အချုပ် စကားလေးကြောင့် ဒေါသတွေ ပြေသွားခဲ့ ရတယ် ဆိုတဲ့ အိမ့်ချစ်

အသံပါဝါ အားကောင်းကောင်းနဲ့ သီချင်းကောင်း တွေကို သီဆိုတတ်တဲ့ အဆိုတော်မလေး အိမ့်ချစ်ကတော့ ဂီတလောက မှာတော့ လူကြီး၊ လူငယ် ပရိသတ်မရွေး ချစ်ခင် အားပေးခြင်းကို ခံရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ အခုဆိုရင် သူမရဲ့ ချစ်သူနဲ့ လက်ထပ်ပြီး အိမ်ထောင်သည်ဘဝလေးကို ဖြတ်သန်းနေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ့်ချစ်က သူမရဲ့မိခင်ရှိရာ မြန်မာပြည်မှာ နေထိုင်နေပြီး အိမ့်ချစ်ရဲ့ အမျိုးသား ကတော့ သူ့အလုပ်တွေ ရှိရာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နေထိုင် နေတာပဲ ဖြစ်ပါတယ်။

အိမ့်ချစ် ကတော့ သူမထက် အသက် (၃) နှစ်ငယ်ပေမယ့် သူမ အပေါ် အရမ်းချစ်ပြီး မျက်နှာတစ်ချက် အညှိုးမခံ နိုင်တဲ့ ခင်ပွန်းတစ်ယောက်ကို ရရှိပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ အိမ့်ချစ်က ရန်ဖြစ်ပြီး မချစ်စကားဆိုတဲ့ စကားပြော တာတောင် စိတ်မဆိုးပဲ သူမရဲ့ ဒေါသတွေ ပြေပျောက် သွားအောင် “ရန်တွေဖြစ်နေတာတောင် ငါမင်းကို ချစ်တယ်” ဆိုတဲ့ ခင်ပွန်းသည်ရဲ့ စကားတစ်ခွန်းကြောင့် ဒေါသတွေ လွင့်စင်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

အိမ့်ချစ်ကတော့ သူမအတွက် အမှန်တကယ် မြတ်နိုးတန်ဖိုးထားရတဲ့ ခင်ပွန်းကောင်း တစ်ယောက်ကို ပိုင်ဆိုင်သွားတာ ဝမ်းသာစရာပါပဲနော်။ အိမ့်ချစ်တို့ ဇနီးမောင်နှံ နှစ်ယောက် အခုလိုပဲ သက်ဆုံးတိုင် ချစ်နိုင်ပြီး သားသားမီးမီးလေးတွေ အများကြီးနဲ့ ပျော်ရွှင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment