Celebrity

ခင္ပြန္းျဖစ္သူရဲ႕ အလိုက္တသိေပးတဲ့ လက္ေဆာင္ေလးေၾကာင့္ ၀မ္းသာၾကည္ႏူးေနတဲ့ ေရႊမႈံေလး

Written by Ms Cele

ခင္ပြန္းျဖစ္သူရဲ႕ အလိုက္တသိေပးတဲ့ လက္ေဆာင္ေလးေၾကာင့္ ၀မ္းသာၾကည္ႏူးေနတဲ့ ေရႊမႈံေလး

အဆိုေတာ္ ေရႊထူးနဲ့ သရုပ္ေဆာင္ ေရႊမႈံရတီတို့ ကေတာ့ အခ်စ္မွာ ကန့္သတ္ခ်က္ အတိုင္း အတာ ေတြမရိွဘူး ဆိုတာ သက္ေသျပခဲ့တဲ့ ဇနီးေမာင္နွံ နွစ္ေယာက္ပဲ ျဖစ္ပါတယ္။ အခ်ိန္တိုေလး အတြင္းမွာ တစ္ေယာက္နဲ့ တစ္ေယာက္ နက္ရိႈင္းစြာ ခ်စ္ခဲ့ၾကတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီက အခက္အခဲ အတားအဆီး ေတြၾကားက လက္ထပ္ခဲ့ၾကျပီး အခုဆိုရင္ အိမ္ေထာင္သက္ (၂) နွစ္ေက်ာ္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ေရႊထူးနဲ့ ေရႊမႈံရတီတို့ရဲ့ အိမ္ေထာင္ေရး ကေတာ့ အခုဆိုရင္ ၾကည္နူးစရာေတြ အျပည့္နဲ့ ေရႊလက္တြဲျမဲခဲ့ျပီပဲ ျဖစ္ပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၁၁) ရက္ေန့ ကေတာ့ ေရႊထူးနဲ့ ေရႊမႈံရတီတို ့ဇနီးေမာင္နွံရဲ့ အိမ္ေထာင္သက္ (၂) နွစ္ (၁) လျပည့္တဲ့ေန့ေလးပဲ ျဖစ္ပါတယ္။ ေရႊထူးကေတာ့ သူတို့ Anniversary အတြက္ လစဥ္ (၁၁) ရက္ေန့ ေရာက္တုိင္း ခ်စ္ဇနီးအတြက္ လက္ေဆာင္ေလးေတြ ေပးေလ့ရိွသလို ဒီကေန့မွာလည္း ခ်စ္ဇနီးနဲ့ ပံုစံတူအရုပ္ကေလး ပါတဲ့ ကိတ္မုန့္၊ အရမ္းလွတဲ့ နွင္းဆီပန္းစည္းၾကီးကို လက္ေဆာင္ေပး ခဲ့တာပဲ ျဖစ္ပါတယ္။

ေရႊမႈံရတီ ကေတာ့ မေျပာပဲရတဲ့ ခင္ပြန္းျဖစ္သူရဲ့ အလိုက္သတိလက္ေဆာင္ အတြက္ ေက်းဇူးတင္စကားေျပာလာ ခဲ့တာပဲ ျဖစ္ပါတယ္။ ေရႊနွစ္ေရႊတို့ ဇနီးေမာင္နွံ နွစ္ေယာက္ ဒီထက္မက အခ်စ္ေတြတိုးျပီး ခ်စ္နိုင္ၾကျပီး သက္ဆံုးတိုင္ ေပ်ာ္ရႊင္စြာေပါင္းဖက္ နိုင္ၾကပါေစလို့ ဆုေတာာင္းေပးလိုက္ ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

ခင်ပွန်းဖြစ်သူရဲ့ အလိုက်တသိပေးတဲ့ လက်ဆောင်လေးကြောင့် ဝမ်းသာကြည်နူးနေတဲ့ ရွှေမှုံလေး

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ ကတော့ အချစ်မှာ ကန့်သတ်ချက် အတိုင်း အတာ တွေမရှိဘူး ဆိုတာ သက်သေပြခဲ့တဲ့ ဇနီးမောင်နှံ နှစ်ယောက်ပဲ ဖြစ်ပါတယ်။ အချိန်တိုလေး အတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် နက်ရှိုင်းစွာ ချစ်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အခက်အခဲ အတားအဆီး တွေကြားက လက်ထပ်ခဲ့ကြပြီး အခုဆိုရင် အိမ်ထောင်သက် (၂) နှစ်ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေး ကတော့ အခုဆိုရင် ကြည်နူးစရာတွေ အပြည့်နဲ့ ရွှေလက်တွဲမြဲခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ ကတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို ့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် (၂) နှစ် (၁) လပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ သူတို့ Anniversary အတွက် လစဉ် (၁၁) ရက်နေ့ ရောက်တိုင်း ချစ်ဇနီးအတွက် လက်ဆောင်လေးတွေ ပေးလေ့ရှိသလို ဒီကနေ့မှာလည်း ချစ်ဇနီးနဲ့ ပုံစံတူအရုပ်ကလေး ပါတဲ့ ကိတ်မုန့်၊ အရမ်းလှတဲ့ နှင်းဆီပန်းစည်းကြီးကို လက်ဆောင်ပေး ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီ ကတော့ မပြောပဲရတဲ့ ခင်ပွန်းဖြစ်သူရဲ့ အလိုက်သတိလက်ဆောင် အတွက် ကျေးဇူးတင်စကားပြောလာ ခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေနှစ်ရွှေတို့ ဇနီးမောင်နှံ နှစ်ယောက် ဒီထက်မက အချစ်တွေတိုးပြီး ချစ်နိုင်ကြပြီး သက်ဆုံးတိုင် ပျော်ရွှင်စွာပေါင်းဖက် နိုင်ကြပါစေလို့ ဆုတောာင်းပေးလိုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment