Celebrity


Written by Ms Cele






ခင်ပွန်းဖြစ်သူရဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ရယ်ရမလို ငိုရမလို ဖြစ်သွားရတဲ့ ချစ်သုဝေ

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက် ဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေ ကတော့ ဂီတလမ်းကြောင်းမှာ အတူတူလျှောက်လှမ်း နေရင်း ဖူးစာဆုံ လက်ထပ်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို ့ကတော့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ တစ်ခုတည်းနဲ့ လက်ထပ်ခဲ့ကြ တာဖြစ်ပြီး အခုဆိုရင် ချစ်စရာ ကောင်းတဲ့ သမီးအမြွှာလေးနှစ်ယောက်နဲ့ လူတိုင်းက အားကျရတဲ့ မိသားစုလေး ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို ့ကလည်း ပရိသတ်တွေ အတွက် သူတို့မိသားစုလေးရဲ့ ကြည်နူးစရာ အခိုက်အတံ့ လေးတွေကို အမြဲတမ်း မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချစ်သုဝေက သမီးတွေ မရှိတုန်း လှတပတ ဓာတ်ပုံရိုက်တုန်း ဓာတ်ပုံတွေကို ဝါးဝါးကြီး အရိုက်ခံပြီးမှ ခင်ပွန်းဖြစ်သူ လင်းလင်း ရဲ့အပြောကြောင့် ရယ်ရခက်၊ စိတ်ဆိုးရခက်ဖြစ်ခဲ့ကြောင်း ပြောပြလာ ပါတယ်။ ချစ်သုဝေက “ဟမ်😎.. ဖေ..ပုံတွေဝါးနေတယ် focusကသည်းကိုဖြတ်ရမှာလေ😒 ဟမ်..Artဆိုပဲ။ ပြီးတော့.. သည်းက ဝါးလေ လှလေ တဲ့😝🤣🤣 အေးပေါ့ ခုတော့🤔😢 အောင်မလေး..ကိုယ့်ကို ချစ်ပြီး လှတယ်လို့မြင်သူတွေတပုံကြီး..နော့လေ???” ဆိုပြီး ခင်ပွန်းဖြစ်သူ လင်းလင်းရိုက်ကူးပေးထားတဲ့ ဓာတ်ပုံတွေကို မျှဝေပေးလာ တာပဲ ဖြစ်ပါတယ်။

ချစ်သုဝေ ကတော့ ပျော်ပျော်နေတတ်ပြီး နားလည်မှုအပြည့်ရှိတဲ့ ခင်ပွန်း ကောင်းကို ပိုင်ဆိုင်ထားတဲ့ အပြင် ချစ်စရာ ကောင်းတဲ့ သမီးလေးတွေကို ပိုင်ဆိုင်ထားတာမို့ တကယ့်ကို ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ချစ်သုဝေတို့ မိသားစုလေးကို ကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment