Celebrity

ခင္ပြန္းျဖစ္သူေသဆံုးမႈနဲ႕ပတ္သက္ၿပီးေမးလာသူေတြေၾကာင့္ နာက်င္ရလို႕စာနာေပးဖို႕ ေတာင္းဆိုလာတဲ့ ေရႊရည္သိန္းတန္

Written by Ms Cele

ခင္ပြန္းျဖစ္သူေသဆံုးမႈနဲ႕ပတ္သက္ၿပီးေမးလာသူေတြေၾကာင့္ နာက်င္ရလို႕စာနာေပးဖို႕ ေတာင္းဆိုလာတဲ့ ေရႊရည္သိန္းတန္

တတိယလႈိင္း အေနနဲ႔ တစ္ေက်ာ့ ျပန္လည္ေရာက္ရွိ လာတဲ့ ကိုဗစ္ေရာဂါကပ္ဆိုးႀကီးက အရင္ထက္ ျပင္းထန္တာေၾကာင့္ ေသဆုံးၾကသူ ေတြလည္း မနည္းခဲ့ပါဘူး ။ ကိုယ္ခ်စ္ခင္ရသူတိုင္းကို မထင္မွတ္ထားဘဲ ဆုံးရႈံးၾကရလို႔ ပူေဆြးေသာက ေရာက္ၾကရပါတယ္ ။

မၾကာခင္ကဆိုရင္လည္း အဆိုေတာ္ ေ႐ႊရည္သိန္းတန္ရဲ႕ ခင္ပြန္းျဖစ္သူဟာကိုဗစ္ေရာဂါေၾကာင့္ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္ ။ သူမ အေနနဲ႔လည္း ဒီလို အ​ေျခအေနေတြမွာ မ်ားစြာပူေဆြးေသာကေရာက္ေနခဲ့ပါတယ္ ။

အခုလည္း သူမခင္ပြန္းရဲ႕ နာေရးကို သတင္းလာေရာက္ေမးၾကတဲ့ အေပၚမွာ ရင္ႏွင့္အမွ်ခံစားေနရခ်ိန္မို႔ နားလည္ေပးၾကဖို႔ကို “ကြၽန္မသူမ်ားနာ​ေရးသတင္း​ေမးရင္..ဘယ္လိုျဖစ္လို႔ဆုံးတာလည္းလို႔..တခါမွမ​ေမးဖူးခဲ့ပါဘူး..တခါရွင္းျပရတိုင္းအႀကိမ္ႀကိမ္နာက်င္ရတဲ့.က်န္ရစ္သူရင္ထဲကဆုံးရႈံးမႈကိုစာနာလို႔ပါ..ကြၽန္မကိုလည္း..စာနာ​ေပးရင္သိပ္​ေကာင္းမွာပဲလို႔လည္း​ေတာင့္တမိတယ္..သူ..ဘာမွမျဖစ္ပါဘူး..ခ်စ္လြန္းလို႔ကြၽန္မသဝန္တိုရမစိုးလို႔..ႏွလုံးသားထဲအ​ေရာက္​ေသး​ေသး​ေလးခ်ဳံ႔ထည့္ထားလိုက္တာပါ…ရင္ဘတ္ကိုခြဲထည့္ရတာမို႔..နာက်င္မႈကေတာ့ေသြးပ်က္မတတ္ေပါ့ ဘာပဲျဖစ္ျဖစ္. သူကြၽန္မႏွင့္အတူရွိ​ေနပါတယ္..” ေရးသာစေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Shwe Yee Thein Tan

ခင်ပွန်းဖြစ်သူသေဆုံးမှုနဲ့ပတ်သက်ပြီးမေးလာသူတွေကြောင့် နာကျင်ရလို့စာနာပေးဖို့ တောင်းဆိုလာတဲ့ ရွှေရည်သိန်းတန်

တတိယလှိုင်း အနေနဲ့ တစ်ကျော့ ပြန်လည်ရောက်ရှိ လာတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးက အရင်ထက် ပြင်းထန်တာကြောင့် သေဆုံးကြသူ တွေလည်း မနည်းခဲ့ပါဘူး ။ ကိုယ်ချစ်ခင်ရသူတိုင်းကို မထင်မှတ်ထားဘဲ ဆုံးရှုံးကြရလို့ ပူဆွေးသောက ရောက်ကြရပါတယ် ။

မကြာခင်ကဆိုရင်လည်း အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းဖြစ်သူဟာကိုဗစ်ရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။ သူမ အနေနဲ့လည်း ဒီလို အ​ခြေအနေတွေမှာ များစွာပူဆွေးသောကရောက်နေခဲ့ပါတယ် ။

အခုလည်း သူမခင်ပွန်းရဲ့ နာရေးကို သတင်းလာရောက်မေးကြတဲ့ အပေါ်မှာ ရင်နှင့်အမျှခံစားနေရချိန်မို့ နားလည်ပေးကြဖို့ကို “ကျွန်မသူများနာ​ရေးသတင်း​မေးရင်..ဘယ်လိုဖြစ်လို့ဆုံးတာလည်းလို့..တခါမှမ​မေးဖူးခဲ့ပါဘူး..တခါရှင်းပြရတိုင်းအကြိမ်ကြိမ်နာကျင်ရတဲ့.ကျန်ရစ်သူရင်ထဲကဆုံးရှုံးမှုကိုစာနာလို့ပါ..ကျွန်မကိုလည်း..စာနာ​ပေးရင်သိပ်​ကောင်းမှာပဲလို့လည်း​တောင့်တမိတယ်..သူ..ဘာမှမဖြစ်ပါဘူး..ချစ်လွန်းလို့ကျွန်မသဝန်တိုရမစိုးလို့..နှလုံးသားထဲအ​ရောက်​သေး​သေး​လေးချုံ့ထည့်ထားလိုက်တာပါ…ရင်ဘတ်ကိုခွဲထည့်ရတာမို့..နာကျင်မှုကတော့သွေးပျက်မတတ်ပေါ့ ဘာပဲဖြစ်ဖြစ်. သူကျွန်မနှင့်အတူရှိ​နေပါတယ်..” ရေးသာစဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Shwe Yee Thein Tan

About the author

Ms Cele

Leave a Comment