Celebrity


Written by Ms Cele






ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အပြိုင် လက်ဝှေ့ထိုး အားကစားကို သင်ယူနေတဲ့ ရွှေမှုံလေး

ပရိသတ်ကြီးရေ နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ရုပ်ရှင် နယ်ပယ်နဲ့ ဂီတနယ်ပယ် အသီးသီးမှာ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးနှစ်သိမ့်နေရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို တူနှစ်ကိုယ် ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ အနုပညာအလုပ်တွေနဲ့အတူတူ သူတို့ဇနီးမောင်နှံနှစ်ယောက်စလုံရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေကိုလည်း ချပြပေးနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ သိပ်မရှိသေးတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက သူတို့နှစ်ယောက် ဝါသနာပါရာလေးတွေ လုပ်ကိုင်ရင်း အချိန်တွေကို ဖြတ်သန်း နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ရွှေမှုံရတီက ရှုတင်တွေအားတဲ့အချိန်လေးမှာ ခင်ပွန်းဖြစ်သူရွှေထူးနဲ့ အပြိုင် လက်ဝှေ့ထိုးအားကစားကို သင်ယူနေကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ ကတော့ စိတ်တူကိုယ်တူရှိကြသူတွေပီပီ အတတ်ပညာ တစ်ခုကို သင်ယူတာတောင် နှစ်ယောက် အတူတူ သင်ယူကြတာ ပရိသတ်ကြီးလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စွယ်တော်ရွက်လေးလို ထပ်တူကျတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကို အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင် ပါတယ်နော်။

Source: Shwe Hmone Yati’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment