Celebrity


Written by Ms Cele





Credit:Swelsone News

ခင်ပွန်းဖြစ်သူ နှလုံးပြဖို့အတွက် ဆရာဝန် ထိုင်စောင့် ရတာကြာလို့ သားလေးကို ဆရာဝန်ကြီးဖြစ်အောင် ကြိုးစားခိုင်းလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

အကယ်ဒမီဆု တွေလည်း ရရှိထား သလို အဆိုပိုင်း မှာလည်း ကျွမ်းကျင်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ တစ်ခေတ် တစ်ခါကတည်း က အောင်မြင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်က ယနေ့ခေတ်ထိ တိုင်အောင် အောင်မြင်မှု တွေကို ထိန်းသိမ်းထားနိုင် ဆဲဖြစ်ပြီး အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျက် ရှိပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်ရဲ့သီချင်းတွေကလည်း အရမ်းနားထောင် လို့ကောင်းပြီး ရင်ထဲကို တိုက်ရိုက်ထိမှန်လို့ အခုချိန်ထိလည်း မရိုးသွား သေးတာဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်က အရင်ခေတ် တုန်းက ဆိုရင်လည်း ဘယ် မင်းသမီးနဲ့မှ မတူတဲ့ ဆံပင်ဒီဇိုင်း၊ဝတ်ပုံစားပုံတို့က အရမ်းကို ခေတ်ရှေ့ပြေးခဲ့တာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့မေးစေ့က မှဲ့လေးကိုလည်း ပရိသတ်တွေက အရမ်းသဘောကျကြပြီး ပြီးပြည့်စုံအောင်လှတဲ့အလှပိုင်ရှင်လေးလို့ ချီးကျူးကြတာ ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကတော့ ပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်ထားလို့ စိတ်ချမ်းသာပြီး နုငယ်ပျိုမျစ်မှုတွေက နည်းနည်းလေးမှမလျော့သွားတာဖြစ်ပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ်ရဲ့ တစ်ဦးတည်းသော သားလေးကလည်း ဉာဏ်ရည် မြင့်မားပြီး ဘက်စုံထူးချွန်တဲ့ ကလေးဖြစ်ပါတယ်။ အခုဆိုရင်တော့ မေမေထွန်းအိန္ဒြာဗိုလ် က”သား ရေ …ဆရာဝန်ကြီးဖြစ်အောင်ကြိုးစားပါလားကွယ် ဆရာဝန် တွေ့ဖို့ မေမေ ထိုင်စောင့်တာ ပရိတ်ကြီး၁၁ သုတ်၊ပဋ္ဌာန်းပါဠိတော် နဲ့ ဓမ္မစကြာ တို့ကို (၅)ခေါက်စီရွတ်လို့ပြီးသွားတယ်လေ .( ကိုအောင်မင်းထွန်း နှလုံး follow up လုပ် တာပါ )”ဆိုပြီး သားလေးကို ဆရာဝန်လုပ်ဖို့ အတွက် တိုက်တွန်းလိုက်တာဖြစ်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment