Celebrity

ခင္ပြန္းျဖစ္သူThe Voice Myanmar Season (3) ၿပိုင္ပြဲ၀င္ ကိုလင္းၿမိဳင္ရဲ႕ သီဆိုမႈအေပၚ မ်က္ရည္ေတာင္က်ခဲ့ ရတယ္ဆိုတဲ့ ေနေန

Written by Ms Cele

ခင္ပြန္းျဖစ္သူThe Voice Myanmar Season (3) ၿပိုင္ပြဲ၀င္ ကိုလင္းၿမိဳင္ရဲ႕ သီဆိုမႈအေပၚ မ်က္ရည္ေတာင္က်ခဲ့ ရတယ္ဆိုတဲ့ ေနေန

အဆိုေတာ္ ေနေန ကေတာ့ ပရိသတ္ေတြခံစားခ်က္နဲ႔ တိုက္ဆိုင္ တဲ့ သီခ်င္းေကာင္း ေလးေတြကို သီဆိုေလ့ရွိသူ တစ္ေယာက္ ျဖစ္ပါတယ္။ ေနေနက လက္ရွိ မွာလည္း သူမဝါသနာပါရာ အႏုပညာ အလုပ္ေတြကို လုပ္ကိုင္ေနသလို သူမရဲ႕ မိသားစုေလး ကိုလည္း ဂ႐ုတစိုက္နဲ႔ ၾကင္နာစြာ ေစာင့္ေရွာက္ ေနတဲ့ မိခင္ေကာင္း တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနေနရဲ့ အမ်ိဳးသား ကိုလင္းျမိဳင္ ကလည္း ဂီတကိုဝါသနာပါသူ တစ္ေယာက္ျဖစ္ျပီး လက္ရိွ ထုတ္လႊင့္ျပသေနတဲ့ The Voice Myanmar Season (3) သီခ်င္းဆိုျပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ျပိဳင္ ေနတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ မေန့က Knockout Round မွာေတာ့ ေနေနရဲ့အမ်ိဳးသား ကိုလင္းျမိဳင္ က ကံမေကာင္းစြာနဲ့ နႈတ္ဆက္ထြက္ခြာ လာရျပီျဖစ္ပါတယ္။ ေနေနကေတာ့ ျပိဳင္ပြဲကေန နႈတ္ဆက္ ထြက္ခြာသြားတဲ့ ခင္ပြန္းအတြက္ “ခ်စ္ ေယာက္က်ားေရ…အရင္ဆုံး သီခ်င္းေလးကို mood အျပည့္နဲ႔ ဆိုျပေပးသြားတာ ေႂကြဆင္းေနပါၿပီေနာ္။ ko kyar pauk Team ကလည္း လုံးဝ ရွယ္ေတြႀကီး စုေနတာကို ေတြ႕ရေတာ့ တကယ္ကိုေလးစားမိပါတယ္။ ဘယ္လိုပဲ​​စ​ျဖစ္ျဖစ္ ေယာက္က်ား အေကာင္းဆုံး ဆိုသြားတာကို ၾကားလိုက္ရလို႔ မ်က္ရည္ေတာင္က် ခ်င္တယ္။ ခ်စ္တယ္ေနာ္ babe. .you r my winner 😇❤❤❤”

“The Voice ဆိုတဲ့ ၿပိဳင္ပြဲ ေခါင္းစဥ္ ရဲ႕ အဓိပၸာယ္က ထားျခားတဲ့ အသံ ပိုင္ရွင္ ကို ရည္ၫႊန္းတဲ့ အတြက္ ကိုယ္ကေတာ့ သူ ၿပိဳင္ခဲ့တာ အဲဒီအတြက္ ပဲလို႔ ျမင္မိတဲ့ အခ်ိန္ကစၿပီး သူ႔အသံကို ၾကားဘူးတဲ့ သူတိုင္း လည္း အဲလိုပဲ ခံစားၾက ရမယ္လို႔ လက္ခံထားတယ္။ အဲဒီအတြက္ ရလဒ္ က ဘယ္လို ျဖစ္ျဖစ္ သူက ကိုယ့္အတြက္ ေတာ့ အဆိုေတာ္ တစ္ယာက္လို႔ ခံယူထားတယ္။ so keep up the good work babe.. ☺” ဆိုျပီး ခင္ပြန္းျဖစ္သူ ကိုလင္းျမိဳင္အတြက္ အားေပးစကားေျပာလာပါတယ္။

ေနေနကေတာ့ ခင္ပြန္းျဖစ္သူရဲ့ ဘယ္လိုရလဒ္မ်ိဳး ကိုမဆို အေကာင္းဆံုးလက္ခံျပီး ခင္ပြန္းသည္ အတြက္ေတာ့ အားျဖစ္ေစမယ့္ အားေဆးေကာင္း တစ္ခြက္ပါပဲေနာ္။ ကိုလင္းျမိဳင္လည္း ဝါသနာ ပါတဲ့ ဂီတလမ္းေၾကာင္းမွာ ဆက္လက္ ေလွ်ာက္လွမ္းနိုင္ဖို့ ဆႏၵျပဳပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ဆုေတာင္း ေပးလိုက္ပါတယ္။

Credit:Cele Connections

ခင်ပွန်းဖြစ်သူThe Voice Myanmar Season (3) ပြိုင်ပွဲဝင် ကိုလင်းမြိုင်ရဲ့ သီဆိုမှုအပေါ် မျက်ရည်တောင်ကျခဲ့ ရတယ်ဆိုတဲ့ နေနေ

အဆိုတော် နေနေ ကတော့ ပရိသတ်တွေခံစားချက်နဲ့ တိုက်ဆိုင် တဲ့ သီချင်းကောင်း လေးတွေကို သီဆိုလေ့ရှိသူ တစ်ယောက် ဖြစ်ပါတယ်။ နေနေက လက်ရှိ မှာလည်း သူမဝါသနာပါရာ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေသလို သူမရဲ့ မိသားစုလေး ကိုလည်း ဂရုတစိုက်နဲ့ ကြင်နာစွာ စောင့်ရှောက် နေတဲ့ မိခင်ကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေနေရဲ့ အမျိုးသား ကိုလင်းမြိုင် ကလည်း ဂီတကိုဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် နေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မနေ့က Knockout Round မှာတော့ နေနေရဲ့အမျိုးသား ကိုလင်းမြိုင် က ကံမကောင်းစွာနဲ့ နှုတ်ဆက်ထွက်ခွာ လာရပြီဖြစ်ပါတယ်။ နေနေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားတဲ့ ခင်ပွန်းအတွက် “ချစ် ယောက်ကျားရေ…အရင်ဆုံး သီချင်းလေးကို mood အပြည့်နဲ့ ဆိုပြပေးသွားတာ ကြွေဆင်းနေပါပြီနော်။ ko kyar pauk Team ကလည်း လုံးဝ ရှယ်တွေကြီး စုနေတာကို တွေ့ရတော့ တကယ်ကိုလေးစားမိပါတယ်။ ဘယ်လိုပဲ​​စ​ဖြစ်ဖြစ် ယောက်ကျား အကောင်းဆုံး ဆိုသွားတာကို ကြားလိုက်ရလို့ မျက်ရည်တောင်ကျ ချင်တယ်။ ချစ်တယ်နော် babe. .you r my winner 😇❤❤❤”

“The Voice ဆိုတဲ့ ပြိုင်ပွဲ ခေါင်းစဉ် ရဲ့ အဓိပ္ပာယ်က ထားခြားတဲ့ အသံ ပိုင်ရှင် ကို ရည်ညွှန်းတဲ့ အတွက် ကိုယ်ကတော့ သူ ပြိုင်ခဲ့တာ အဲဒီအတွက် ပဲလို့ မြင်မိတဲ့ အချိန်ကစပြီး သူ့အသံကို ကြားဘူးတဲ့ သူတိုင်း လည်း အဲလိုပဲ ခံစားကြ ရမယ်လို့ လက်ခံထားတယ်။ အဲဒီအတွက် ရလဒ် က ဘယ်လို ဖြစ်ဖြစ် သူက ကိုယ့်အတွက် တော့ အဆိုတော် တစ်ယာက်လို့ ခံယူထားတယ်။ so keep up the good work babe.. ☺” ဆိုပြီး ခင်ပွန်းဖြစ်သူ ကိုလင်းမြိုင်အတွက် အားပေးစကားပြောလာပါတယ်။

နေနေကတော့ ခင်ပွန်းဖြစ်သူရဲ့ ဘယ်လိုရလဒ်မျိုး ကိုမဆို အကောင်းဆုံးလက်ခံပြီး ခင်ပွန်းသည် အတွက်တော့ အားဖြစ်စေမယ့် အားဆေးကောင်း တစ်ခွက်ပါပဲနော်။ ကိုလင်းမြိုင်လည်း ဝါသနာ ပါတဲ့ ဂီတလမ်းကြောင်းမှာ ဆက်လက် လျှောက်လှမ်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment