Celebrity

ခင္ပြန္း ျဖစ္သူက တန္ဖိုးႀကီး နားကပ္ တစ္ရံ လက္ေဆာင္ ေပး ခဲ့တာေၾကာင့္ ၾကည္ႏူး ေနရတဲ့ အိမ့္ခ်စ္

Written by Ms Cele

ခင္ပြန္း ျဖစ္သူက တန္ဖိုးႀကီး နားကပ္ တစ္ရံ လက္ေဆာင္ ေပး ခဲ့တာေၾကာင့္ ၾကည္ႏူး ေနရတဲ့ အိမ့္ခ်စ္

႐ိုမန္းတစ္ဆန္ဆန္ လက္ထပ္ခြင့္ ေတာင္းခံခဲ့ရတဲ့ အိမ့္ခ်စ္ တစ္ေယာက္ အခုခ်ိန္ထိလည္း ေပ်ာ္႐ႊင္စရာ အိမ္ေထာင္ရွင္မ ဘဝကို ေက်ေက်နပ္နပ္ႀကီး ျဖတ္သန္း ေနခဲ့ပါတယ္။ ဒီေန႔မွာလည္း ခ်စ္ခင္ပြန္းေပးတဲ့ တန္ဖိုးႀကီး နားကပ္ေလး တစ္ရံကို သူမရဲ႕ Facebook My Day မွာ ေဝမွ်ခဲ့ပါတယ္။

စိန္နဲ႔နီလာ ေရာေပါင္းထားတဲ့ ဒီနားကပ္ေလးဟာ တန္ဖိုးအေတာ္ႀကီးမယ့္ ပုံပါပဲ။ ေငြေၾကးေဈးႏႈန္း ေတြထက္ ရင္ထဲက ေမတၱာတရား ကသာပိုၿပီးႀကီးမားတာေၾကာင့္ ခ်စ္ဇနီးေလးကို လွေစခ်င္တဲ့ ေစတနာနဲ႔ လက္ေဆာင္ေပး ခဲ့တာပဲျဖစ္ပါတယ္။

အိမ့္ခ်စ္ကလည္း ေမတၱာနဲ႔ေပးတဲ့ လက္ေဆာင္မို႔ အရမ္းကို ေက်နပ္ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။ ႏွစ္ေယာက္အတူ ဘန္ေကာက္မွာလည္း အလုပ္ေတြအတူတူ လုပ္ၿပီးေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္း တစ္ခုကို ထူေထာင္ခဲ့ၾကပါ တယ္။

အိမ္ေထာင္ရွင္ ဘဝမွာလည္း နားလည္မႈအျပည့္နဲ႔ ေရွ႕ဆက္ေနၾကတာျဖစ္လို႔ ကေတာက္ကဆ ဆိုတာ ရွာမေတြ႕ႏိုင္ေအာင္ပါပဲ။ ေပ်ာ္စရာ မိသားစုဘဝေလးျဖစ္လာဖို ႔ကိုေတာ့ ပရိသတ္ေတြ ကလည္း ေစာင့္ေမွ်ာ္ေနၾကပါၿပီ။

#Crd

ခင်ပွန်း ဖြစ်သူက တန်ဖိုးကြီး နားကပ် တစ်ရံ လက်ဆောင် ပေး ခဲ့တာကြောင့် ကြည်နူး နေရတဲ့ အိမ့်ချစ်

ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့် တောင်းခံခဲ့ရတဲ့ အိမ့်ချစ် တစ်ယောက် အခုချိန်ထိလည်း ပျော်ရွှင်စရာ အိမ်ထောင်ရှင်မ ဘဝကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်း နေခဲ့ပါတယ်။ ဒီနေ့မှာလည်း ချစ်ခင်ပွန်းပေးတဲ့ တန်ဖိုးကြီး နားကပ်လေး တစ်ရံကို သူမရဲ့ Facebook My Day မှာ ဝေမျှခဲ့ပါတယ်။

စိန်နဲ့နီလာ ရောပေါင်းထားတဲ့ ဒီနားကပ်လေးဟာ တန်ဖိုးအတော်ကြီးမယ့် ပုံပါပဲ။ ငွေကြေးဈေးနှုန်း တွေထက် ရင်ထဲက မေတ္တာတရား ကသာပိုပြီးကြီးမားတာကြောင့် ချစ်ဇနီးလေးကို လှစေချင်တဲ့ စေတနာနဲ့ လက်ဆောင်ပေး ခဲ့တာပဲဖြစ်ပါတယ်။

အိမ့်ချစ်ကလည်း မေတ္တာနဲ့ပေးတဲ့ လက်ဆောင်မို့ အရမ်းကို ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။ နှစ်ယောက်အတူ ဘန်ကောက်မှာလည်း အလုပ်တွေအတူတူ လုပ်ပြီးအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို ထူထောင်ခဲ့ကြပါ တယ်။

အိမ်ထောင်ရှင် ဘဝမှာလည်း နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတာဖြစ်လို့ ကတောက်ကဆ ဆိုတာ ရှာမတွေ့နိုင်အောင်ပါပဲ။ ပျော်စရာ မိသားစုဘဝလေးဖြစ်လာဖို ့ကိုတော့ ပရိသတ်တွေ ကလည်း စောင့်မျှော်နေကြပါပြီ။

#Crd

About the author

Ms Cele

Leave a Comment