Celebrity


Written by Ms Cele







Shwe Yaung Lan

ခင်ပွန်း ဖြစ်သူ ဆန္ဒ ရှိရင် နောက်ထပ် မိန်းမ ယူဖို့ ခွင့်ပြုထား ပါတယ် လို့ ပွင့်ပွင့် လင်းလင်း ပြောပြ လာတဲ့ လှနု ထွန်း.

ပရိသတ်ကြီးရေ.. Miss Tourism International Myanmar ရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်သလို အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေ အတွက် သူမရဲ့ ဗဟုသုတလေးတွေနဲ့ အတွေ့အကြုံလေး တွေကို မျှဝေပေးလေ့ရှိတဲ့ လှနုထွန်း ကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုလောက်တော့ပါဘူးနော်..။

လှနုထွန်းဟာ Relationship နဲ့ပတ်သတ် တဲ့ အကြံပေးမှုတွေ ကိုလည်း လုပ်ဆောင်လေ့ ရှိသူဖြစ်ပြီး အမျိုးသမီးများအတွက် အကြံပြုစာများကို ပွင့်ပွ င့်လင်းလင်း ရေးသားတတ်သူတစ်ဦး လည်းဖြစ်ပါတယ် မီဒီယာတွေ့ဆုံမှုတစ်ခု မှာတော့ လှနုထွန်းက ခင်ပွန်းဖြစ်သူကို နောက်ထပ် မိန်းမ ယူဖို့ ခွင့်ပြုထားတယ် လို့ဆိုလာခဲ့တာပါ

“လှနုက အမျိုးသား ကိုပြော ထားတာလေ လှနုကလေးမယူချင်ဘူး ဒီမှာရှင်းရှင်း ပြောရင် မြန်မာပြည်မှာ ကိုယ်ဝန်ပျက်တဲ့ အချိန်တုန်းက ဆရာဝန်တွေရဲ့နှိပ်စက်မှုကို ခံရတယ်ပေါ့ ပိုက်ဆံမက်မှုကိုခံရတဲ့ အချိန်မှာ လှနု အရမ်းနာ သွားတယ် ထပ်ပြီးတော့ အဲ့ဒုက္ခကို ထပ်ပြီးမခံနိုင်တော့တဲ့အချိန်မှာ လှနုမယူတော့ဘူး အဲ့ဒီ Trauma ကို ထပ်မလိုချင်တော့ဘူး

ကလေးကြီးလာတဲ့ အချိန်ကျရင်လည်း ဒီကလေးကို ဆေးရုံဆိုတာ ခဏခဏရောက်မှာပဲ နေမကောင်းလို ့ရှိရင် ဒီလူတွေနဲ ့မဆက်ဆံ ချင်တော့ဘူး ပိုက်ဆံမက်တဲ့ သူတွေနဲ့ မဆက်ဆံချင် တော့ဘူး လုံးဝကလေး မယူဘူးဆိုပြီး လှနုရပ်လိုက်တဲ့ အချိန်မှာ သူ့ကို လှနုပွင့်ပွင့် လင်းလင်းပဲပြောတယ် တခြားမိန်းမယူလို့ရတယ် လှနုထက် တော့ သာရမယ် လှနုထက်သာတဲ့မိန်းမ သူ့ဘဝကိုမြှင့်တင်ပေးနိုင်မယ့် မိန်းမ လှနုကိုမနှိပ်စက်မယ့် အမျိုးသမီးဆို ရင်ယူပါ လှနုပွင့်ပွင့်လင်းလင်းပဲပြော ထားတယ် လှနုမှာ သဝန်တိုတယ်ဆိုတာမရှိဘူး တစ်ခုပဲပြောထားတယ် လှနုအောက်အောင် မလုပ်နဲ့ ဒါပဲလှနုပြောထားတယ် ဘာလို့ပြောလဲဆိုရင် လှနုလိုချင်တာ တစ်ခု သူ့ဆီက တောင်းဆိုပြီးသွားပြီ အဲ့ဒီအတွက် သူ့ကို အဆင်ပြေအောင် တစ်ခုခုပြန်ပေးရမယ် ကိုယ်ကချည်းပဲ အနိုင်လိုချင်နေလို့မရဘူးလေ သူလိုချင်တယ် လိုအပ်မယ် ဆိုရင် သူထွက်ပေါက်ရအောင် လှနုကြိုပြီးတော့ ပြောထားပေးတယ်

အခုလောလောဆယ် တော့ သူကတခြားမိန်းမထက် သူ့ဗိုက်ကို သူပိုချစ်တယ် စားတာစားတာဆိုတာ သူကအဲ့တစ်ခုတော့ဘယ်လိုမှမရဘူး နောက်သူကကြောင်လေးတွေ ခွေးလေးတွေအရမ်းချစ်တယ် သူဘန်ကောက်မှာလည်း ကြောင်နှစ်ကောင်မွေးထားတယ်လို့ ဆိုလာခဲ့တာပါ ပရိသတ်ကြီးရေ လှနုထွန်းကတော့ သူ့ရဲ့ထုံးစံအတိုင်းပဲ သူမရဲ့ခင်ပွန်းနဲ့ ဆက်ဆံရေးကို ပွင့်လင်းစွာပြောပြသွားခဲ့တာပဲဖြစ်ပါတယ်နော် လှနုထွန်းအပေါ် ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ကြပါအုန်းနော်

Shwe Yaung Lan

About the author

Ms Cele

Leave a Comment