Celebrity

ခင္ပြန္း ျဖစ္သူ နဲ႔ ကေလး ယူဖို႔ အတြက္ အစီ အစဥ္ ရွိ/မရွိဆိုတာ ကို ေျပာျပ လာတဲ့ သ႐ုပ္ ေဆာင္ ဥကၠာမင္းေမာင္

Written by Ms Cele

ခင္ပြန္း ျဖစ္သူ နဲ႔ ကေလး ယူဖို႔ အတြက္ အစီ အစဥ္ ရွိ/မရွိဆိုတာ ကို ေျပာျပ လာတဲ့ သ႐ုပ္ ေဆာင္ ဥကၠာမင္းေမာင္

နိုင္ငံရပ္ျခားမွာ အေျခခ် ေနထိုင္ေနၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ ကေတာ့ အခုလက္ရွိမွာ သူ႔ကိုအရမ္းခ်စ္တဲ့ ခ်စ္သူေၾကာင့္ ေပ်ာ္ရႊင္တဲ့ဘဝေလးကို ပိုင္ဆိုင္ထားသူပါ။

ဥကၠာမင္းေမာင္ကေတာ့ ျမန္မာနိုင္ငံကို လာၿပီး ႐ုပ္ရွင္ရိုက္ဖို႔ရွိေပမယ့္ ၾကန္႔ၾကာေန တာျဖစ္တယ္လို႔ ဆိုထားပါတယ္။
“လုပ္မယ့္ဟာေလး ေတြေတာ့ရွိတယ္ ႐ုံတင္မယ့္ဟာေလးေတြလည္းရွိပါတယ္ အႏုပညာအလုပ္ကေတာ့ ကိုယ့္ကိုလာေခၚရင္ လာေခၚသလိုေတာ့ရိုက္ျဖစ္မွာပါ ကိုယ့္ဟာနဲ႔ကိုယ္က်ေတာ့ သီခ်င္းေလးေတြရိုက္ဖို႔ရွိတယ္ MUSIC VIDEO ေတြ ျပန္ရိုက္ဖို႔ရွိတယ္ “လို႔ သိရပါတယ္။

ဥကၠာမင္းေမာင္ကေတာ့ နိုင္ငံျခားမွာ ေနရင္းနဲ႔ သီခ်င္းေတြေရးျဖစ္တယ္လို႔ဆိုထားပါတယ္။ “သီခ်င္းေတြ ေရးျဖစ္တယ္ အရင္အေခြတုန္းက ေခြထုတ္လိုက္ေပမယ့္ ပိုက္ဆံျပတ္သြားတာနဲ႔ MUSIC VIDEO မရိုက္လိုက္ရဘူး ကိုယ္ကဒီမွာေနတဲ့အခါက်ေတာ့ ျမန္မာျပည္လာလိုက္ ၃ပုဒ္လိုက္သြင္းလိုက္ ျပန္သြင္းလိုက္ ျပန္လာလိုက္နဲ႔ တစ္ေခြလုံး ၁၈ပုဒ္ေလာက္သြင္းၿပီးမွ ၁၂ပုဒ္ပဲေရြးျဖစ္တယ္ မေအးခ်မ္းေမနဲ႔လည္း ဒီမွာ ၂ပုဒ္သြင္းတာ အေခြထဲမွာ တစ္ပုဒ္ပဲပါသြားတယ္ ၂ပုဒ္သြင္းစရိတ္ စားစရိတ္ ေနစရိတ္ ေလယာဥ္စရိတ္နဲ႔ အားလုံးသိန္း၇၀ေလာက္ကုန္သြားတယ္ ေျပာရရင္ပိုက္ဆံေတြအမ်ားႀကီး အဲဒီ့အေခြထဲရင္းထားေတာ့ MUSIC VIDEO မွာ မရင္းနိုင္ေတာ့ဘူး ”

“music video ဆိုတာကလည္း ရင္းၿပီးျပန္ရတာမွ မဟုတ္တာကိုး တစ္ပုဒ္မွမပါသြားေတာ့လည္း အတိုင္းအတာ တစ္ခုက ေရာက္သင့္သေလာက္ မေရာက္သြားဘူးေပါ့ promotion လည္းမလုပ္နိုင္ဘူး promotion လုပ္ရတာ နယ္ေတြကို အႏုပညာရွင္ေတြ အမ်ားႀကီးေခၚသြားၿပီးေတာ့ အခ်ိန္ေတြလည္း ေပးရတယ္ ေငြေတြလည္းအမ်ားႀကီးကုန္တယ္ ” လို႔ ၾကဳံေတြ႕ရတဲ့အခက္ အခဲေလးေတြကိုေျပာျပခဲ့ပါတယ္။

အႏုပညာနဲ႔ပတ္သတ္ၿပီး “ဒါေလးကိုေတာ့ျပန္စခ်င္တယ္ ကိုယ္က ခ်မ္းသာေနတာလည္းမဟုတ္ဘူး ကိုယ့္မွာရွိတဲ့ ေခၽြးနဲစာေလးနဲ႔ အႏုပညာေလးကိုဆက္လက္ရပ္တည္ေနတာဆိုေတာ့ ကံတရားေပးသေလာက္ေပါ့ေနာ္ ကံတရားေပးသေလာက္ေရာ ပရိသတ္လက္ခံသေလာက္ေရာ ေျဖးေျဖးခ်င္းေတာ့လုပ္ေနမွာေပါ့ေနာ္ ကိုယ္တတ္နိုင္တဲ့ေငြေၾကး amount နဲ႔ ကိုယ္တတ္နိုင္တဲ့ ပမာဏေလာက္ပဲ လုပ္ျဖစ္မွာေပါ့ေနာ္ ႐ုပ္ရွင္ေတြဘာေတြစရိုက္ဖို႔ေတာ့မရွိေသးဘူး လာေခၚရင္ေတာ့လည္း ရိုက္ျဖစ္မွာေပါ့ေနာ္”လို႔ အႏုပညာအလုပ္ေတြဆက္လုပ္သြားဆႏၵရွိတဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

ဥကၠာမင္းေမာင္ကေတာ့ အခ်စ္ေရးနဲ႔ ပတ္သတ္ၿပီး”အမွန္ေတာ့ perfect relationship မဟုတ္ဘူး သူလည္းperfect မဟုတ္သလို ကိုယ္လည္း perfect မဟုတ္ဘူး ကေတာက္ကဆေတာ့ ရွိတယ္ ဒီၾကားထဲ ၃ခါေလာက္ရန္ျဖစ္တယ္ ဒါေပမဲ့ ကိုယ့္ရဲ့ဒရမ္မာ ေတြ ျပႆနာေတြကိုေတာ့ ပရိသတ္ကိုလူသိရွင္ၾကားမျပခ်င္ဘူး ကိုယ့္ရဲ့ ကိုယ္ေရးကိုယ္တာပဲေလ ကေတာက္ကဆကေတာ့ တစ္ခ်က္တစ္ခ်က္ျဖစ္တာေပါ့ေလ အဓိကကေတာ့ ခြင့္လႊတ္တတ္ဖို႔နဲ႔နားလည္မႈေပးနိုင္ဖို႔ သူ႔အေပၚမွာ တန္ဖိုးထားဖို႔ေပါ့ေနာ္ ၿပီးေတာ့ေလးစားမႈေပါ့ ေျပာရရင္ေတာ့အမ်ားႀကီးေပါ့”

“ကိုယ့္ဘာသာကိုယ္ေတာ့ ကံေကာင္းတယ္လို႔ ယူဆပါတယ္ ဒါေပမဲ့ အစ္ကိုဘာကိုမွ ကံေသကံမ မတြက္ဘူး သူနဲ႔တစ္သက္လုံးျမဲ ခ်င္တယ္ ဒါေပမဲ့လည္း ကံေပးသေလာက္ေပါ့ေနာ္ တစ္ေန႔ေန႔က်ရင္ေတာ့ ကေလးေတြဘာေတြလိုခ်င္တယ္ သူလိုခ်င္လားမလိုခ်င္လားေတာ့မသိဘူး ကိုယ္ကေတာ့လိုခ်င္တယ္ အရမ္းလိုခ်င္တယ္ ကိုယ့္ဘက္က ရယ္ဒီျဖစ္ရင္ေတာ့ယူျဖစ္မွာပါ အခုေတာ့ရယ္ဒီမျဖစ္ေသးဘူး ကိုယ့္ဘာသာကိုယ္ ဘဝအတြက္ႀကိဳးစားရဦးမယ္”လို႔ ဆိုထားပါတယ္။

ဥကၠာမင္းေမာင္ကေတာ့ ကေလးလိုခ်င္တာနဲ႔ပတ္သတ္ၿပီး
“အစ္ကိုကေတာ့ မိန္းကေလးပိုလိုခ်င္တယ္ ျဖစ္နိုင္ရင္ေတာ့ ႏွစ္ေယာက္လိုခ်င္တာေပါ့ အစ္ကိုကတာဝန္ယူရမွာ လြယ္ေတာ့မလြယ္ဘူး ၂ေယာက္ဆိုေတာ့ ပိုေကာင္းတာေပါ့ သူလည္းအေဖာ္ရတာေပါ့ အဓိကက မိန္းကေလးပိုလိုခ်င္တယ္” လို႔ ပြင့္ပြင့္လင္းလင္းေျပာျပခဲ့ပါတယ္။

Credit: Shwe Yaung Myanmar

ခင်ပွန်း ဖြစ်သူ နဲ့ ကလေး ယူဖို့ အတွက် အစီ အစဉ် ရှိ/မရှိဆိုတာ ကို ပြောပြ လာတဲ့ သရုပ် ဆောင် ဥက္ကာမင်းမောင်

နိုင်ငံရပ်ခြားမှာ အခြေချ နေထိုင်နေပြီဖြစ်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင် ကတော့ အခုလက်ရှိမှာ သူ့ကိုအရမ်းချစ်တဲ့ ချစ်သူကြောင့် ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ထားသူပါ။

ဥက္ကာမင်းမောင်ကတော့ မြန်မာနိုင်ငံကို လာပြီး ရုပ်ရှင်ရိုက်ဖို့ရှိပေမယ့် ကြန့်ကြာနေ တာဖြစ်တယ်လို့ ဆိုထားပါတယ်။
“လုပ်မယ့်ဟာလေး တွေတော့ရှိတယ် ရုံတင်မယ့်ဟာလေးတွေလည်းရှိပါတယ် အနုပညာအလုပ်ကတော့ ကိုယ့်ကိုလာခေါ်ရင် လာခေါ်သလိုတော့ရိုက်ဖြစ်မှာပါ ကိုယ့်ဟာနဲ့ကိုယ်ကျတော့ သီချင်းလေးတွေရိုက်ဖို့ရှိတယ် MUSIC VIDEO တွေ ပြန်ရိုက်ဖို့ရှိတယ် “လို့ သိရပါတယ်။

ဥက္ကာမင်းမောင်ကတော့ နိုင်ငံခြားမှာ နေရင်းနဲ့ သီချင်းတွေရေးဖြစ်တယ်လို့ဆိုထားပါတယ်။ “သီချင်းတွေ ရေးဖြစ်တယ် အရင်အခွေတုန်းက ခွေထုတ်လိုက်ပေမယ့် ပိုက်ဆံပြတ်သွားတာနဲ့ MUSIC VIDEO မရိုက်လိုက်ရဘူး ကိုယ်ကဒီမှာနေတဲ့အခါကျတော့ မြန်မာပြည်လာလိုက် ၃ပုဒ်လိုက်သွင်းလိုက် ပြန်သွင်းလိုက် ပြန်လာလိုက်နဲ့ တစ်ခွေလုံး ၁၈ပုဒ်လောက်သွင်းပြီးမှ ၁၂ပုဒ်ပဲရွေးဖြစ်တယ် မအေးချမ်းမေနဲ့လည်း ဒီမှာ ၂ပုဒ်သွင်းတာ အခွေထဲမှာ တစ်ပုဒ်ပဲပါသွားတယ် ၂ပုဒ်သွင်းစရိတ် စားစရိတ် နေစရိတ် လေယာဉ်စရိတ်နဲ့ အားလုံးသိန်းရဝလောက်ကုန်သွားတယ် ပြောရရင်ပိုက်ဆံတွေအများကြီး အဲဒီ့အခွေထဲရင်းထားတော့ MUSIC VIDEO မှာ မရင်းနိုင်တော့ဘူး ”

“music video ဆိုတာကလည်း ရင်းပြီးပြန်ရတာမှ မဟုတ်တာကိုး တစ်ပုဒ်မှမပါသွားတော့လည်း အတိုင်းအတာ တစ်ခုက ရောက်သင့်သလောက် မရောက်သွားဘူးပေါ့ promotion လည်းမလုပ်နိုင်ဘူး promotion လုပ်ရတာ နယ်တွေကို အနုပညာရှင်တွေ အများကြီးခေါ်သွားပြီးတော့ အချိန်တွေလည်း ပေးရတယ် ငွေတွေလည်းအများကြီးကုန်တယ် ” လို့ ကြုံတွေ့ရတဲ့အခက် အခဲလေးတွေကိုပြောပြခဲ့ပါတယ်။

အနုပညာနဲ့ပတ်သတ်ပြီး “ဒါလေးကိုတော့ပြန်စချင်တယ် ကိုယ်က ချမ်းသာနေတာလည်းမဟုတ်ဘူး ကိုယ့်မှာရှိတဲ့ ချွေးနဲစာလေးနဲ့ အနုပညာလေးကိုဆက်လက်ရပ်တည်နေတာဆိုတော့ ကံတရားပေးသလောက်ပေါ့နော် ကံတရားပေးသလောက်ရော ပရိသတ်လက်ခံသလောက်ရော ဖြေးဖြေးချင်းတော့လုပ်နေမှာပေါ့နော် ကိုယ်တတ်နိုင်တဲ့ငွေကြေး amount နဲ့ ကိုယ်တတ်နိုင်တဲ့ ပမာဏလောက်ပဲ လုပ်ဖြစ်မှာပေါ့နော် ရုပ်ရှင်တွေဘာတွေစရိုက်ဖို့တော့မရှိသေးဘူး လာခေါ်ရင်တော့လည်း ရိုက်ဖြစ်မှာပေါ့နော်”လို့ အနုပညာအလုပ်တွေဆက်လုပ်သွားဆန္ဒရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ဥက္ကာမင်းမောင်ကတော့ အချစ်ရေးနဲ့ ပတ်သတ်ပြီး”အမှန်တော့ perfect relationship မဟုတ်ဘူး သူလည်းperfect မဟုတ်သလို ကိုယ်လည်း perfect မဟုတ်ဘူး ကတောက်ကဆတော့ ရှိတယ် ဒီကြားထဲ ၃ခါလောက်ရန်ဖြစ်တယ် ဒါပေမဲ့ ကိုယ့်ရဲ့ဒရမ်မာ တွေ ပြဿနာတွေကိုတော့ ပရိသတ်ကိုလူသိရှင်ကြားမပြချင်ဘူး ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာပဲလေ ကတောက်ကဆကတော့ တစ်ချက်တစ်ချက်ဖြစ်တာပေါ့လေ အဓိကကတော့ ခွင့်လွှတ်တတ်ဖို့နဲ့နားလည်မှုပေးနိုင်ဖို့ သူ့အပေါ်မှာ တန်ဖိုးထားဖို့ပေါ့နော် ပြီးတော့လေးစားမှုပေါ့ ပြောရရင်တော့အများကြီးပေါ့”

“ကိုယ့်ဘာသာကိုယ်တော့ ကံကောင်းတယ်လို့ ယူဆပါတယ် ဒါပေမဲ့ အစ်ကိုဘာကိုမှ ကံသေကံမ မတွက်ဘူး သူနဲ့တစ်သက်လုံးမြဲ ချင်တယ် ဒါပေမဲ့လည်း ကံပေးသလောက်ပေါ့နော် တစ်နေ့နေ့ကျရင်တော့ ကလေးတွေဘာတွေလိုချင်တယ် သူလိုချင်လားမလိုချင်လားတော့မသိဘူး ကိုယ်ကတော့လိုချင်တယ် အရမ်းလိုချင်တယ် ကိုယ့်ဘက်က ရယ်ဒီဖြစ်ရင်တော့ယူဖြစ်မှာပါ အခုတော့ရယ်ဒီမဖြစ်သေးဘူး ကိုယ့်ဘာသာကိုယ် ဘဝအတွက်ကြိုးစားရဦးမယ်”လို့ ဆိုထားပါတယ်။

ဥက္ကာမင်းမောင်ကတော့ ကလေးလိုချင်တာနဲ့ပတ်သတ်ပြီး
“အစ်ကိုကတော့ မိန်းကလေးပိုလိုချင်တယ် ဖြစ်နိုင်ရင်တော့ နှစ်ယောက်လိုချင်တာပေါ့ အစ်ကိုကတာဝန်ယူရမှာ လွယ်တော့မလွယ်ဘူး ၂ယောက်ဆိုတော့ ပိုကောင်းတာပေါ့ သူလည်းအဖော်ရတာပေါ့ အဓိကက မိန်းကလေးပိုလိုချင်တယ်” လို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

Credit: Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment