Celebrity


Written by Ms Cele






Credit:Yin Khat Pan

ခင်ပွန်း ဖြစ်သူ နေလင်းကျော် ကို အခုအချိန် အထိ သတိရ နေသေး တဲ့ အကြောင်း ပြောပြ လာတဲ့ ဇာဇာ ထက်

ပရိသတ်ကြီးရေ ဆက်ဆီမော်ဒယ် တစ်ယောက်ဖြစ်တဲ့ ဇာဇာထက် ကတော့ ယခုချိန်ထိ အနုပညာ အလုပ် တွေကို ဆက်လက်လုပ်ကိုင်နေပြီး အောင်မြင်နေတဲ့ မော်ဒယ်လေး တစ်ယောက်ဖြစ်ပါတယ်။ တခြားကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေပြီး ရိုးသားပွင့်လင်းတဲ့ စိတ်ထားဖြူစင်သူလေးတစ်ယောက်ပါနော်။

လတ်တလောမှာတော့ ဇာဇာထက်က ခင်ပွန်းဖြစ်သူနေလင်းကျော်ကို တရားစွဲဆိုထားတာပဲဖြစ်ပါ တယ်။နေလင်းကျော်နဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကိုလူမှုကွန်ယက် စာမျက်နှာမှာ ဖွင့်ဟ ထုတ်ဖော်ပြောပြထား တာကိုတွေ့ရပါတယ်။ဇာဇာထက် က”ငါနင့်ကို အရမ်းလွမ်းနေတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် ဒါတွေက ဒီဘဝမှာ ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူး။ ငါက နင့်အတွက် အကောင်းဆုံးဆိုတာတွေကိုပဲ ဖြည့်ဆည်းပေးချင်ခဲ့ပေမယ့် နင်ကတော့ ငါ့အတွက် ခင်ပွန်းကောင်းတစ်ယောက် မဖြစ်ခဲ့ဘူး။

ငါ့ရဲ့တန်ဖိုးကို မသိတဲ့ အခြားလူရင်ခွင်မှာ အေးချမ်းစွာ ရှိနေပါစေလို့ပဲ ဆုတောင်းပါတယ်။ အခု ငါနင်နဲ့ ကွာရှင်းလို့ ရနိုင်မယ့် အချိန်တစ်ခုကို စောင့်ဆိုင်းနေ တာပါ။ နင်နဲ့ ပက်သတ်ခဲ့ဖူးတဲ့ အတိတ်ဟောင်းတွေကိုလည်း မေ့ပစ်ချင်လှပြီ။ ငါတို့ရဲ့ ဇာတ်လမ်းကတော့ အားလုံး အဆုံးသတ်သွားပြီ။ ငါ့က ငါ့အတွက် ကောင်းကျိုးမပေးတဲ့ အဆိပ်ကိုမှ ရွေးချယ်ခဲ့မိတယ်။ အဲ့ဒီအဆိပ်ဆိုတာလည်း အခြားမဟုတ်ပဲ နင်ပဲ”ဆိုပြီး ရင်ဖွင့်ပြောကြားထားပါတယ်။

ယခုလက်ရှိမှာနေလင်းကျော်ဟာပုဒ်မ (၃၇၇)နဲ့ တရားစွဲဆိုခံထားရပြီး အချုပ်ကျနေတာပဲဖြစ်ပါတယ်။ ဇာဇာထက်ကလည်း နေလင်းကျော်နဲ့ကွာရှင်းလို့ရမယ့် အချိန်ကိုစောင့်မျှော်နေတာပါနော်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါ တယ်နော်။

Credit:Yin Khat Pan

About the author

Ms Cele

Leave a Comment