Celebrity

ခန႔္ညားတဲ့ ျမန္မာဘုန္းႀကီးဆိုၿပီး တ႐ုတ္နိုင္ငံ အထိေတာင္ တစ္ခဲနက္ ေအာင္ျမင္ေက်ာ္ၾကား ေနတဲ့ ပိုင္တံခြန္

Written by Ms Cele

ခန႔္ညားတဲ့ ျမန္မာဘုန္းႀကီးဆိုၿပီး တ႐ုတ္နိုင္ငံ အထိေတာင္ တစ္ခဲနက္ ေအာင္ျမင္ေက်ာ္ၾကား ေနတဲ့ ပိုင္တံခြန္

ပရိသတ္ႀကီးေရ မင္းသားေခ်ာေလး ပိုင္တံခြန္ကေတာ့ အသက္ငယ္ငယ္ေလးပဲ ရွိေသးေပမယ့္ အႏုပညာ အလုပ္ေတြကို ႀကိဳးစား လုပ္ကိုင္ၿပီး ေအာင္ျမင္မႈေတြကို ကိုယ္တိုင္ရွာေဖြထား တာျဖစ္ပါတယ္။ပိုင္တံခြန္ရဲ့ အႏုပညာအရည္အေသြးေတြ ကလည္း တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုပိုတိုးတက္ လာတာေၾကာင့္ ပရိသတ္ေတြ အားေပးရက်ိဳးနပ္တဲ့အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ့ ေအာင္ျမင္မႈေတြ ကေတာ့ ျမန္မာျပည္မွာသာမက အိမ္နီးခ်င္းနိုင္ငံေတြအထိပါ ေရပန္းစားေနလို႔ ျမန္မာျပည္အတြက္ ဂုဏ္ယူရပါတယ္ေနာ္။

ၿပီးခဲ့တဲ့ႏွစ္က ဆိုရင္လည္း ပိုင္တံခြန္က ထိုင္းနိုင္ငံက မိန္းကေလးေတြ ၾကားမွာ အရမ္းေရပန္းစားေအာင္ျမင္ခဲ့ ေသးတာျဖစ္ပါတယ္။ထိုင္းနိုင္ငံက ဒိတ္ဒိတ္ၾကဲ မင္းသမီးေတြနဲ႔လည္း ေၾကာ္ျငာေတြ အတူတူရိုက္ကူးရလို႔ ပိုင္တံခြန္ရဲ့ အႏုပညာစန္းက အရမ္းေကာင္းပါတယ္ေနာ္။ပိုင္တံခြန္က အရမ္းေအာင္ျမင္လာေပမယ့္လည္း မာန္မာနမႀကီးဘဲ သေဘာေကာင္းေဖာ္ေရြၿပီး ပရိသတ္ေတြ အေပၚမွာလည္းေလးစားလို႔ လူတိုင္းက ခ်စ္ခင္အားေပးေနရတာျဖစ္ပါတယ္။

အခုဆိုရင္လည္း ပိုင္တံခြန္က တ႐ုတ္ျပည္မွာပါ ဆက္လက္ ေအာင္ျမင္ေနတာျဖစ္ပါတယ္။ပိုင္တံခြန္ ရဟန္းဝတ္တုန္းကပုံေတြ ဆိုရင္ တ႐ုတ္နိုင္ငံမွာ “ခန႔္ညားတဲ့ဘုန္းႀကီး”ဆိုၿပီး Weibo hot searchထဲမွာ No.20ေနရာေရာက္ေနတာ ျဖစ္ပါတယ္။ပိုင္တံခြန္ကေတာ့ “တ႐ုတ္လိုပါသင္ရေတာ့မယ္ ထင္တယ္”ဆိုၿပီး တ႐ုတ္နိုင္ငံကပရိသတ္ေတြ အတြက္ ႀကိဳတင္ျပင္ဆင္ဖို ႔စဥ္းစားေနၿပီျဖစ္ပါတယ္။ပိုင္တံခြန္ရဲ့ ေအာင္ျမင္မႈေတြက ၾကက္သီးတျဖန္းျဖန္းထရေလာက္ေအာင္ ဂုဏ္ယူစရာေကာင္းလို႔ ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မၽွေဝေပး လိုက္ပါတယ္ေနာ္။

Credit:Swelsone News

ခန့်ညားတဲ့ မြန်မာဘုန်းကြီးဆိုပြီး တရုတ်နိုင်ငံ အထိတောင် တစ်ခဲနက် အောင်မြင်ကျော်ကြား နေတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ မင်းသားချောလေး ပိုင်တံခွန်ကတော့ အသက်ငယ်ငယ်လေးပဲ ရှိသေးပေမယ့် အနုပညာ အလုပ်တွေကို ကြိုးစား လုပ်ကိုင်ပြီး အောင်မြင်မှုတွေကို ကိုယ်တိုင်ရှာဖွေထား တာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ အနုပညာအရည်အသွေးတွေ ကလည်း တစ်နှစ်ထက် တစ်နှစ် ပိုပိုတိုးတက် လာတာကြောင့် ပရိသတ်တွေ အားပေးရကျိုးနပ်တဲ့အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ အောင်မြင်မှုတွေ ကတော့ မြန်မာပြည်မှာသာမက အိမ်နီးချင်းနိုင်ငံတွေအထိပါ ရေပန်းစားနေလို့ မြန်မာပြည်အတွက် ဂုဏ်ယူရပါတယ်နော်။

ပြီးခဲ့တဲ့နှစ်က ဆိုရင်လည်း ပိုင်တံခွန်က ထိုင်းနိုင်ငံက မိန်းကလေးတွေ ကြားမှာ အရမ်းရေပန်းစားအောင်မြင်ခဲ့ သေးတာဖြစ်ပါတယ်။ထိုင်းနိုင်ငံက ဒိတ်ဒိတ်ကြဲ မင်းသမီးတွေနဲ့လည်း ကြော်ငြာတွေ အတူတူရိုက်ကူးရလို့ ပိုင်တံခွန်ရဲ့ အနုပညာစန်းက အရမ်းကောင်းပါတယ်နော်။ပိုင်တံခွန်က အရမ်းအောင်မြင်လာပေမယ့်လည်း မာန်မာနမကြီးဘဲ သဘောကောင်းဖော်ရွေပြီး ပရိသတ်တွေ အပေါ်မှာလည်းလေးစားလို့ လူတိုင်းက ချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ပိုင်တံခွန်က တရုတ်ပြည်မှာပါ ဆက်လက် အောင်မြင်နေတာဖြစ်ပါတယ်။ပိုင်တံခွန် ရဟန်းဝတ်တုန်းကပုံတွေ ဆိုရင် တရုတ်နိုင်ငံမှာ “ခန့်ညားတဲ့ဘုန်းကြီး”ဆိုပြီး Weibo hot searchထဲမှာ No.20နေရာရောက်နေတာ ဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ “တရုတ်လိုပါသင်ရတော့မယ် ထင်တယ်”ဆိုပြီး တရုတ်နိုင်ငံကပရိသတ်တွေ အတွက် ကြိုတင်ပြင်ဆင်ဖို ့စဉ်းစားနေပြီဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ အောင်မြင်မှုတွေက ကြက်သီးတဖြန်းဖြန်းထရလောက်အောင် ဂုဏ်ယူစရာကောင်းလို့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment