Celebrity

ခယ္မျဖစ္သူကိုလည္း ညီမအရင္းေလးလို ဂရုစိုက္ ၾကင္နာတတ္တဲ့ သားဂန္း

Written by Ms Cele

ခယ္မျဖစ္သူကိုလည္း ညီမအရင္းေလးလို ဂရုစိုက္ ၾကင္နာတတ္တဲ့ သားဂန္း

အိပ္မက္ဆံုရာ သီခ်င္းဆိုျပိဳင္ပြဲ က အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ သားဂန္းကေတာ့ သီခ်င္းဆုိေကာင္း ရံုသာမက ေခ်ာေမာေျပျပစ္တဲ့ ရုပ္ရည္ ကိုလည္း ပိုင္ဆိုင္ထားတာေၾကာင့္ အနုပညာ ေလာကရဲ့ ပ်ိဳတိုင္းၾကိဳက္တဲ့ နွင္းဆီခိုင္ တစ္ေယာက္ပါပဲ။ သားဂန္းကေတာ့ သရုပ္ေဆာင္ ေဘဘီေမာင္ နဲ့ သာယာတဲ့ ခ်စ္သူဘဝေလးကို တည္ေဆာက္ထားျပီး မၾကာခင္အခ်ိန္ အတြင္းမွာပဲ လက္ထပ္ၾက ေတာ့မွာ ျဖစ္ပါတယ္။ သားဂန္းကေတာ့ ခ်စ္သူေဘဘီေမာင္ အတြက္ အားကိုးထိုက္တဲ့ ခ်စ္သူေကာင္း တစ္ေယာက္အျဖစ္ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို ရရိွထားတာ ျဖစ္ပါတယ္။

သားဂန္းကေတာ့ ေဘဘီေမာင္ အတြက္ ခ်စ္သူေကာင္း တစ္ေယာက္ ပီသရံုသာမက ေဘဘီေမာင္ ရဲ့ မိသားစုဝင္ေတြကိုလည္း သူ့ရဲ့ေသြးသားရင္း လို သေဘာထားသူ ျဖစ္ပါတယ္။ ဒီကေန့မွာ လည္း သားဂန္းရဲ့ မထင္မွတ္ထားတဲ့ စကား တစ္ခြန္းက ပရိသတ္ေတြအတြက္ ေလးစား စရာျဖစ္ ေစခဲ့တာကို ေတြ့ရပါတယ္။ ေဘဘီေမာင္ရဲ့ ညီမေလး သံစဥ္ေမာင္က သားဂန္းရဲ့ဓာတ္ပံုေအာက္မွာ “မုန့္ဝယ္ခဲ့ေနာ္” ဆိုျပီး စေနာက္ခဲ့ရာ သားဂန္းက “ပုစြန္ပါတယ္ ပါက်ဲ ကိုၾကီးကင္ေကြ်းမယ္ အခ်ဥ္နဲ့” ဆိုျပီး ေျပာခဲ့တဲ့ စကားေၾကာင့္ ပရိသတ္ေတြ ခမ်ာ သေဘာက် ခဲ့ရတာပဲ ျဖစ္ပါတယ္။

ေဘဘီေမာင္ကေတာ့ သူမရဲ့ ေမာင္ေလး၊ ညီမေလးေတြကို သားဂန္း ထက္ေတာင္ ပိုခ်စ္ျပီး ဂရုစိုက္တာမို့ သားဂန္းကလည္း ေဘဘီေမာင္ရဲ့ ေမာင္နွမေတြ ကို သူ့ရဲ့ ေသြးသားရင္း တစ္ေယာက္လို ဂရုစိုက္ၾကင္နာတာပဲ ျဖစ္ပါတယ္။ သားဂန္းနဲ့ ေဘဘီေမာင္တို့ရဲ့ ဆက္ဆံေရးကေတာ့ တကယ့္ကို ၾကည္နူးစရာေတြ အျပည့္ပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ခယ်မဖြစ်သူကိုလည်း ညီမအရင်းလေးလို ဂရုစိုက် ကြင်နာတတ်တဲ့ သားဂန်း

အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲ က အဆိုတော် တစ်ယောက်ဖြစ်တဲ့ သားဂန်းကတော့ သီချင်းဆိုကောင်း ရုံသာမက ချောမောပြေပြစ်တဲ့ ရုပ်ရည် ကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အနုပညာ လောကရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တစ်ယောက်ပါပဲ။ သားဂန်းကတော့ သရုပ်ဆောင် ဘေဘီမောင် နဲ့ သာယာတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားပြီး မကြာခင်အချိန် အတွင်းမှာပဲ လက်ထပ်ကြ တော့မှာ ဖြစ်ပါတယ်။ သားဂန်းကတော့ ချစ်သူဘေဘီမောင် အတွက် အားကိုးထိုက်တဲ့ ချစ်သူကောင်း တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။

သားဂန်းကတော့ ဘေဘီမောင် အတွက် ချစ်သူကောင်း တစ်ယောက် ပီသရုံသာမက ဘေဘီမောင် ရဲ့ မိသားစုဝင်တွေကိုလည်း သူ့ရဲ့သွေးသားရင်း လို သဘောထားသူ ဖြစ်ပါတယ်။ ဒီကနေ့မှာ လည်း သားဂန်းရဲ့ မထင်မှတ်ထားတဲ့ စကား တစ်ခွန်းက ပရိသတ်တွေအတွက် လေးစား စရာဖြစ် စေခဲ့တာကို တွေ့ရပါတယ်။ ဘေဘီမောင်ရဲ့ ညီမလေး သံစဉ်မောင်က သားဂန်းရဲ့ဓာတ်ပုံအောက်မှာ “မုန့်ဝယ်ခဲ့နော်” ဆိုပြီး စနောက်ခဲ့ရာ သားဂန်းက “ပုစွန်ပါတယ် ပါကျဲ ကိုကြီးကင်ကျွေးမယ် အချဉ်နဲ့” ဆိုပြီး ပြောခဲ့တဲ့ စကားကြောင့် ပရိသတ်တွေ ခမျာ သဘောကျ ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ သူမရဲ့ မောင်လေး၊ ညီမလေးတွေကို သားဂန်း ထက်တောင် ပိုချစ်ပြီး ဂရုစိုက်တာမို့ သားဂန်းကလည်း ဘေဘီမောင်ရဲ့ မောင်နှမတွေ ကို သူ့ရဲ့ သွေးသားရင်း တစ်ယောက်လို ဂရုစိုက်ကြင်နာတာပဲ ဖြစ်ပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ ဆက်ဆံရေးကတော့ တကယ့်ကို ကြည်နူးစရာတွေ အပြည့်ပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment