Celebrity


Written by Ms Cele






ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဖြစ်ပေမယ့် အခြားသောဘာသာတွေကို လေးစားသူမို့ ဘာသာရေးမှိုင်းတိုက်ခြင်းများကို အပြင်းအထန် ကန့်ကွက်ပါတယ်ဆိုတဲ့ နော်ဖောအယ်ထား

ချစ်စရာ ကောင်းတဲ့ ရှမ်း၊ ကရင်၊ မြန်မာ ကပြားမလေး နော်ဖော်အယ်ထားက Photo Model တစ်ယောက်အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ နော်ဖောအယ်ထားက လူလေးချစ်စရာကောင်း သလောက် ဖော်ဖော်ရွေရွေလည်းရှိတာကြောင့် လူချစ်လူခင်ပေါများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နော်ဖောအယ်ထားက လက်ရှိမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူလူထုနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ နော်ဖောအယ်ထား က “ကျွန်မသည် ခရစ်ယာန်ဘာသာဝင်ဖြစ်ပါသည်။ဗုဒ္ဓဘာသာဝင်များ အားလေးစားသလို အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာ ကိုလည်း လေးစားပါသည်။ ထို့ကြောင့် အခြားဘာသာဝင် သူငယ်ချင်းများနှင့် ချစ်ခင်လေးစားစွာ ပေါင်းသင်းဆက်ဆံပါသည်။ ‼️ဘာသာရေးမှိုင်းတိုက်ခြင်းကို အပြင်း အထန် ကန့်ကွက်ရှုတ်ချပါသည်‼️ လူမျိုးဘာသာတွေ မတူကြပေမဲ့ ခုချိန်မှာ အားလုံးရဲ့ပန်းတိုင် ဟာ တူတူပဲဆိုတာ ယုံကြည်ပါတယ် 🙏🏻♥️🕊” ဆိုပြီး သူမရဲ့ သဘောထားကို ထုတ်ပြောလာပါတယ်။

နော်ဖောအယ်ထားက ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဖြစ်ပေမယ့် အခြားသော ဘာသာတွေကို လေးစားသူမို့ ဘာသာရေး မှိုင်းတိုက်ခြင်းများကို အပြင်းအထန်ကန့်ကွက်တယ်ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Naw Phaw Eh Htar’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment