Celebrity


Written by Ms Cele





Credit:Swelsone News

ခရစ္စမက် ဂါဝန်လေးဝတ်ပြီး ချစ်စရာကောင်းစွာ ပို့စ်တွေပေးနေတဲ့ ဖွေးစိန်လေး

ဒီတစ်ခေါက် မှာတော့ ပရိသတ်တွေ က ချစ်စနိုးနဲ့ ဖွေးစိန်လေး လို့ ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီး ချောလေး ဖွေးဖွေးပဲ ဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ် လာလာ ပရိသတ်တွေ ရင်ထဲ ရောက်အောင် အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ ဖွေးဖွေးဟာ ယခုဆိုရင် ရုပ်ရှင် ဇာတ်ကားကြီးတွေကို ပါမက ကြော်ငြာ များစွာ ကိုရိုက်ကူးနေပြီး အနုပညာ လမ်းကို ဆက်လက် လျှောက် လှမ်းနေတာပဲ ဖြစ်ပါတယ်။ ရုပ်ကလည်း ချောမော လှပပြီး အမြဲ ပရိသတ်တွေ အပေါ် စေတနာ မေတ္တာထား တာကြောင့် ယခု ချိန်ထိ အောင်မြင် ကျော်ကြား နေတာပဲ ဖြစ်ပါတယ်။

ဆယ်စုနှစ်မက အောင်မြင်ကျော်ကြား ခဲ့တဲ့ ဖွေးဖွေးဟာ သူမရဲ့ သရုပ်ဆောင် ပီပြင်မှု တွေကြောင့် အကယ်ဒမီ ဆုတွေလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ မကြာသေးမီ ကလည်းKorea နိုင်ငံ Seoulမြို့မှာ ကျင်းပ တဲ့ 2020 Untact Asia Model Festival Awards ကိုလည်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်မှုတွေ ကတော့ ပြည်တွင်းတွင်မှာ မက ပြည်ပထိ ပါ အောင်မြင်သူ တစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ covid ကာလမှာ လည်းပွဲတွေ တက်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေ တာပဲ ဖြစ်ပါတယ်။

ယခုအခါ မှာလည်း ခရစ္စမက် ဝတ်စုံလေး ဝတ်ပြီး စနိုးဝှိုက်လေး လား ထင်ရလောက်အောင် လှသွေးကြွယ် နေတဲ့ ပုံလေးတွေ ကို ဖော်ပြထားတာကို ပရိသတ်တွေ ကြည့်ရှု့ခွင့်ရအောင် ပြန်လည် မျှဝေ ပေးလိုက်တာ ပဲဖြစ်ပါတယ်။ ဒီပုံထဲမှာ ဖွေးဖွေး တစ်ယောက် ကလေးလေးလို ချစ်ဖို့ကောင်းနေပြီး မျက်နှာလေးကလည်း ကြည်လင်အေးမြနေကာ မြင်သူတိုင်ရဲ့ ချစ်တာကို ခံနေရတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးတို့ ကလည်း ဖွေးဖွေးရဲ့ ချစ်စရာ ကောင်းတဲ့ အမူအရာတွေ အောက်မှာ မျောသွားရင် အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်…..။

Credit:Swelsone News

About the author

Ms Cele

Leave a Comment