Celebrity


Written by Ms Cele





Credit:Cele Zone

ခရစ္စမတ်သီချင်းလေးနဲ့ နှစ်ယောက်သား ချစ်စရာကောင်းစွာ ကပြနေတဲ့ မေဦးတို့စုံတွဲ

အပြန်အလှန် နားလည်မှု တွေနဲ့ ရှေ့ဆက်နေကြတဲ့ မေဦးနဲ့ဟန်လင်းတို ့စုံတွဲလေးဟာ လက်တွဲလာတဲ့ သက်တမ်းကလည်းကြာမြင့် လာခဲ့ပြီဖြစ်ပြီး နှစ်ယောက်အတူ စီးပွားရေး လည်း စပ်တူလုပ်ခဲ့ကြ ပါသေးတယ်။ မိတ်ကပ်ဖန်တီးရှင် တစ်ယောက်ဖြစ်တဲ့မေဦးနဲ့ ပန်းအလှဆင် ပညာရှင် တစ်ယောက်ဖြစ်တဲ့ ဟန်လင်းတို့ဟာ အချစ်တွေလည်း ဆက်နွယ်သလို လုပ်ငန်းတွေကလည်း ဆက်နွယ်လွန်းပါတယ်။

ခဏခဏစိတ်ဆိုး စိတ်ကောက်ကြပေမယ့်လည်း မခေါ်မပြောဘဲမနေ နိုင်ကြတာမို့ နှစ်ယောက်သား စိတ်ဆိုးပြီဆို ပရိသတ်တွေက ကြားထဲက အပြန်အလှန်ချော့ပေးတတ် ကြပါတယ်။ ” ဒယ်ဒီနဲ့ပါးပါး ” လို့လည်း ပရိသတ်တွေက ချစ်စနိုးခေါ်ကြပါသေးတယ်။ ချစ်စရာ စုံတွဲလေးဟာ ခရစ္စမတ်သီချင်းလေးနဲ့ အတူတူ က နေတဲ့ဗီဒီယိုလေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ ပါတယ်။

နှစ်ယောက်အတူ က နေတဲ့ဗီဒီယိုလေးကို ” သူသိပ် မကချင်ဘူး ” ဆိုပြီး တင်ထားတာ ပဲဖြစ်ပါ တယ်။ ချစ်စရာ ကြည်နူးစရာ ကောင်းလွန်းတဲ့ ဒီစုံတွဲလေးကို ပရိသတ်တွေက ချစ်ခင်အားပေး ကြပါတယ်။ ကြည်နူးစရာ ကောင်းလွန်းတဲ့ နှစ်ယောက်သားရဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီး အတွက် ပြန်လည်တင် ဆက်ပေးလိုက်ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment