Celebrity


Written by Ms Cele






ခါးအရိုး အက်ကျိုးသွားတဲ့ ဒဏ်ရာနဲ့ ဆေးရုံတက် နေရတဲ့ ချစ်ဇနီး ချစ်သုဝေ ရဲ့ ကျန်းမာရေး အခြေအနေ ကို ပြောပြ လာတဲ့ လင်းလင်း

နိုင်ငံကျော် အနုပညာရှင် ဇနီးမောင်နှံဖြစ်တဲ့ လင်းလင်း နဲ့ ချစ်သုဝေ က အနုပညာ လုပ်ငန်းတွေမှာ အောင်မြင်မှု ကိုယ်စီ ရရှိနေ သလို စိတ်ထား ပြည့်ဝပြီး အများအကျိုး သယ်ပိုးတတ်တဲ့ လေးစားဖွယ် စိတ်ဓာတ်ကြောင့် ပရိသတ်တွေက ချစ်ခင် အားကျနေရတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက စိတ်တူကိုယ်တူ ရှိကြတဲ့ ဇနီးမောင်နှံပီပီ သာယာတဲ့ အိမ်ထောင်ရေး တစ်ခုကို အတူတကွ ပုံဖော်ထားကြသလို စီးပွားရေးအလုပ်၊ လူမှုရေးအလုပ်တို့မှာလည်း ညှိနှိုင်းစရာမလိုလောက်အောင် သဘောထားချင်း ထပ်တူကျတဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချစ်သုဝေက ခါးအရိုး အက်ကျိုးသွားတဲ့ ဒဏ်ရာနဲ့ ဆေးရုံတက် နေရတာဖြစ်ပြီး လင်းလင်း ကလည်း ချစ်ဇနီးလေး ချစ်သုဝေရဲ့ ကျန်းမာရေး အခြေအနေကို “ခါးအရိုး အက်/ကျိုး ဒဏ်ရာနဲ့ ကိုယ့်ဆရာမ ဆေးရုံတက်နေရတာ သုံးရက်ရှိ။ ရယ်လိုက်ရင် ဒဏ်ရာက နာတယ်ဆိုတော့ ဟာသလေးတွေပြောရင်း ထမင်းခွံ့ကျွေး :))) Fighting Hon 💕” ဆိုပြီး ချစ်သုဝေနံဘေးကနေ လိုလေသေးမရှိ ပြုစုနေတဲ့အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေ ကတော့ မမျှော်လင့် ထားတဲ့ ဒဏ်ရာတစ်ခုကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး ခင်ပွန်းသည် လင်းလင်း ကလည်း နံဘေးကနေ လိုလေသေးမရှိ ပြုစုစောင့်ရှောက် နေတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေတစ်ယောက် အမြန်ဆုံး နေကောင်း ကျန်းမာပါစေလို့ ပရိသတ်ကြီးက ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment