Celebrity
Written by Ms Cele
Credit:CeleZone
Source – Khine Hnin Wai
ခိုင်နှင်းဝေ ဂေဟာမှာ မွေးနေ့အလှူလေးအဖြစ် သွားရောက်လှူဒါန်းခဲ့တဲ့ မေသက်ထားဆွေ
ပရိသတ်ကြီးရေ မနေ့ ဇန်နဝါရီလ (၁၀)ရက်နေ့ ကတော့ ပရိသတ် တွေရဲ့ အချစ်တော် အဆိုတော်မလေး မေသက်ထားဆွေရဲ့ အသက် (၁၈)နှစ်မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။မေသက်ထားဆွေက မွေးနေ့အလှူလေးအနေနဲ့ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းတဲ့ အလှူလေးကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် မွေးနေ့အလှူ အနေနဲ့ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများ ဂေဟာမှာ ရှိတဲ့ ကလေးတွေ အတွက် အလှူငွေ (၃)သိန်းကျပ် နဲ့ မုန့်တွေကို လှူဒါန်းပေးခဲ့ပါသေးတယ်။ ခိုင်နှင်းဝေ ကတော့ သူ့ရဲ့ ဂေဟာမှာရှိတဲ့ ကလေးတွေအတွက်ကို အခုလို စေတနာ ထက်သန်စွာနဲ့ လာရောက်လှူဒါန်းပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ “ညီမလေး မေသက်ထားဆွေ မှ ကလေးတွေ အတွက် အလှူငွေ သုံးသိန်းကျပ် နဲ့ မုန့်များ လှူဒါန်းပေးပါတယ်ရှင်။
မွေးနေ့မှ စ၍ ကျန်းမာ ပျော်ရွှင်ပါ စေနော်..ဒီထက်မကလဲ။ အောင်မြင်ပါစေ။ နောင်လဲ ဒီထက်မက လှူနိုင်ပါစေနော်။”ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ မေသက်ထားဆွေရဲ့ မွေးနေ့အလှူလေးကို ပရိသတ် တွေလည်း သာဓုခေါ်ဆို လို့ရအောင်မျှဝေ ဖော်ပြပေးလိုက်ရပါတယ်။
Credit:CeleZone
Source – Khine Hnin Wai
About the author
Ms Cele
Leave a Comment