Celebrity
Written by Ms Cele
အလှူရှင်လေးယောက်ရဲ့ဒါနလေးကို ” သရုပ်ဆောင် ကျော်ကျော် ၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦး၊ သဉ္ဇာမြင့်မိုရ်တို့မှ ကလေးတွေ အတွက် အလှုငွေ (ခြောက်သိန်း ငါးသောင်း ) ကျပ်အား လာရောက်လှူဒါန်းပေး ပါတယ်ရှင် ကလေးတွေကို ချစ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်နော် ဒီထက်မကအောင်မြင်ပြီး သက်ရှည်ကျန်းမာပါကြပါစေရှင် ” ဆိုပြီး ကလေးတို့ မေမေခိုင်နှင်းဝေ က ကျေးဇူးတင်စကားဆို ခဲ့ပါတယ်။
Credit:Cele Zone
Source:Khine Hnin Wai
ခိုင် ဂေဟာမှာ အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ ညီထွဋ်ခေါင်တို့ သူငယ်ချင်းလေးယောက်
ရင်ခွင်မဲ့ကလေးငယ်တွေကို မေတ္တာနဲ့နွေးထွေးစွာ စောင့်ရှောက် ပေးနေတဲ့ခိုင်နှင်းဝေဂေဟာကို သွားရောက်လှူဒါန်းသူတွေများပြား လာခဲ့ပါတယ်။ ဒီနေ့မှာလည်း အမြဲတမ်း အခွီတွေလုပ်ပြီး ပရိသတ်တွေကိုပျော်အောင် ဖန်တီးပေးကြတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သုံးယောက်အပြင် သဥ္ဇာမြင့်မိုရ်ကလည်း သုံးယောက်သားရဲ့အလှူလေးမှာ ပါဝင်လာခဲ့ပါတယ်။
ကလေးတစ်ယောက်ရဲ့ စားရိတ်ဟာမနည်းပါဘူး ဒီလိုကလေးတွေအများကြီးကိုစောင့်ရှောက်နေရတဲ့ မေမေခိုင်နှင်းဝေရဲ့ တစ်ရက် ကုန်ကျစားရိတ်ဟာလည်း အတော်လေးများမှာပါ။ အခုလိုအလှူရှင်တွေ ရှိနေလို့သာ ကူကယ်ရာမဲ့နေတဲ့ ကလေးလေးတွေရဲ့ဘဝကို အချိန်မီ ကယ်တင်နိုင်ခဲ့ပြီး နွေးထွေးတဲ့ရိပ်မြုံတစ်ခုမှာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်ခဲ့တာပါ။
အလှူရှင်လေးယောက်ရဲ့ဒါနလေးကို ” သရုပ်ဆောင် ကျော်ကျော် ၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦး၊ သဥ္ဇာမြင့်မိုရ်တို့မှ ကလေးတွေ အတွက် အလှုငွေ (ခြောက်သိန်း ငါးသောင်း ) ကျပ်အား လာရောက်လှူဒါန်းပေး ပါတယ်ရှင် ကလေးတွေကို ချစ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်နော် ဒီထက်မကအောင်မြင်ပြီး သက်ရှည်ကျန်းမာပါကြပါစေရှင် ” ဆိုပြီး ကလေးတို ့မေမေခိုင်နှင်းဝေ က ကျေးဇူးတင်စကားဆို ခဲ့ပါတယ်။
Credit:Cele Zone
Source:Khine Hnin Wai
About the author
Ms Cele
Leave a Comment