Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Khine Hnin Wai

ခုနှစ်ရက် သားသမီးအပေါင်းတို့အား မေတ္တာပို့သပေးရင်း ဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ်ကိုခံယူကာ ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်နေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေ ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားရုံ သာမကပဲ အများက လေးစားအချစ်ပိုနေရတဲ့ မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပရဟိတ လုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အပြင် မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားကာ ကလေးငယ်လေးတွေ အတွက် ခိုကိုးရာအဖြစ် ရပ်တည်ပေးနေတာကြောင့် ပရိသတ်တွေလေးစား ချစ်ခင်နေရသူ တစ်ယောက်ပါ။ဒါ့အပြင် လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် အမြဲဖေးမ ကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေ တာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ တောင်တန်းသာသနာပြု မရှိခဏ ဆရာတော် ဘုရားကြီးရဲ့ မေတ္တာဓာတ်ကို ခံယူပြီး ခုနှစ်ရက်သားသမီး အပေါင်းတို့အား မေတ္တာပို့သပေးရင်း ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ဖြစ်ခဲ့ကြောင်း ပုံလေးတွေနဲ့တကွ သူရဲ့အကောင့်လေးမှာ ဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment