Celebrity


Written by Ms Cele






ခံစားချက် အပြည့်နဲ့ နားကြပ်တပ်ပြီး သီချင်းဆိုနေစဉ် ချစ်သူရဲ့ စနောက်မှုကြောင့် ဂွမ်းသွား ခဲ့ရတဲ့ ခိုင်နှင်းဝေရဲ့ ဗီဒီယို

မင်းသမီးချော ခိုင်နှင်းဝေ ကတော့ အနုပညာ အရည်အချင်း ရှိသလို စိတ်နှလုံးသားလည်း ဖြူစင်ကောင်းမွန်သူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ် တွေရဲ့ အားပေးချစ်ခင်မှုကို သာမက အနုပညာ ညီအစ်ကိုမောင်နှမတွေကြား မှာလည်း ကောင်းသတင်းမွှေးသူ တစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ကတော့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပီပီ အိမ်ထောင်ကွဲပြီး နောက်ပိုင်းမှာလည်း သူမရဲ့ အချစ်ရေး ကိစ္စ၊ မိသားစုကိစ္စနဲ့ ပက်သတ်ပြီး ပရိသတ် တွေကို ပွင့်ပွင့်လင်းလင်း ချပြထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ ချစ်သူ ကလည်း ခိုင်နှင်းဝေအပေါ် အများကြီး အလိုလိုက် တဲ့အပြင် ခိုင်နှင်းဝေဖြစ်လို သမျှကို နံဘေးကနေ ဖြည့်ဆည်းပေး နေတာပဲ ဖြစ်ပါတယ်။ စိတ်တူ ကိုယ်တူရှိ ကြတဲ့ ချစ်သူတွေပီပီ တစ်ယောက် နဲ့ တစ်ယောက် ဆေးထိုးစနောက် လေ့ရှိကြတဲ့ ခိုင်နှင်းဝေတို့ စုံတွဲက ဒီကနေ့မှာလည်း ပရိသတ်တွေ ကို ရယ်မောရအောင် ဗီဒီယိုလေး တစ်ခုကို ချပြလာ ပါတယ်။ ခိုင်နှင်းဝေ ကတော့ နားကြပ်တပ်ပြီး ခံစားချက် အပြည့်နဲ့ သီချင်းဆို နေပေမယ့် ချစ်သူရဲ့ စနောက်မှုကြောင့် ဂွမ်းသွားခဲ့ရတာကို အခုလိုပဲ တွေ့ရပါတယ်။

ခိုင်နှင်းဝေ ကတော့ ချစ်သူရဲ့ စနောက်မှုကို မသိပဲ သီချင်းတွေကို ခံစားချက် အပြည့်နဲ့ သီဆိုနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ခိုင်နှင်းဝေ တို့ ချစ်သူ နှစ်ယောက်ကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment