Celebrity

ခ်စ္ခင္ပြန္းနဲ႔ သူငယ္ခ်င္း ေတြရဲ့ Surprise ေၾကာင့္ Baby Shower ပြဲေလး ကို ေပ်ာ္ရႊင္စြာ ျဖတ္သန္း ခဲ့ရတဲ့ မိုးယုစံ

Written by Ms Cele

ခ်စ္ခင္ပြန္းနဲ႔ သူငယ္ခ်င္း ေတြရဲ့ Surprise ေၾကာင့္ Baby Shower ပြဲေလး ကို ေပ်ာ္ရႊင္စြာ ျဖတ္သန္း ခဲ့ရတဲ့ မိုးယုစံ

သ႐ုပ္ေဆာင္ မိုးယုစံကေတာ့ Miss Now How ဆုရွင္တစ္ေယာက္ အျဖစ္ လူသိမ်ားေက်ာ္ၾကားလာ ခဲ့ၿပီးေနာက္ အႏုပညာေလာက ထဲကို ဝင္ေရာက္လာ ခဲ့တာပဲ ျဖစ္ပါတယ္။ မိုးယုစံက ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြ မ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ႏွင္းဆီအဖြဲ႕ရဲ့ ပင္တိုင္စံ မင္းသမီးေလးအျဖစ္ ေဆာင္ရြက္ေနသူ တစ္ေယာက္ဆိုလည္း မမွားပါဘူး။ အခုဆိုရင္ မိုးယုစံက အိမ္ေထာင္က်ၿပီး မိခင္ တစ္ေယာက္ျဖစ္ေနၿပီဆိုေပမယ့္ အႏုပညာေလာမွာေတာ့ ေအာင္ျမင္မႈကို ေရရွည္ထိန္းသိမ္း ထားနိုင္ဆဲ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ မိုးယုစံက ခ်စ္ခင္ပြန္းနဲ႔ သူငယ္ခ်င္းေတြေၾကာင့္ ေပ်ာ္ရႊင္ခဲ့ရတဲ့ ၾကည္ႏူးမႈေလး တစ္ခုကို အခုလိုပဲ မၽွေဝေပးလာပါတယ္။ မိုးယုစံက “Baby Shower ပြဲေလးကို သတိတရနဲ႔ က်င္းပေပးတဲ့ အမေတြအကိုေတြနဲ႔အတူ ခ်စ္ေယာက္်ားကိုလည္း ေက်းဇူးတင္ပါတယ္ ကိုယ့္တြက္သူမ်ားက စီစဥ္ပီးလုပ္ေပးတာ တခါမွမရွိခဲ့ေတာ့ ခုလို သူငယ္ခ်င္းလို အမေတြရတာကလည္းကံေကာင္းျခင္းတစ္ခုပါပဲ ❤️❤️❤️”

“သူငယ္ခ်င္းေလးကလ်ာနဲ႔ လြန္ခဲ့တဲ့ ၄လေလာက္က ဖုန္းေျပာေတာ့ ငါ့မွာသူငယ္ခ်င္းလည္း မရွိ လုပ္ေပးမဲ့သူလည္းမရွိ ဘာျဖစ္ျဖစ္ကိုယ့္ ဘာသာပဲ လုပ္မွ စီစဥ္မွရတာလို႔ေျပာေတာ့ နင့္ကိုငါလုပ္ေပး မယ္ေျပာထဲက ဝမ္းသာၿပီးမ်က္ရည္ေတာင္က်မိတာ အဲ့ဒါကိုသတိတရနဲ႔ ဦးေဆာင္ပီး လုပ္ေပးတာ အရမ္းခ်စ္ဖို႔ေကာင္း က်န္တဲ့အမေတြကလည္း ကိုယ့္ကိုခ်စ္ၾကတာ ပြဲေလးကိုလုပ္ေပးၾကတာ သိရေတာ့ အရမ္းဝမ္းသာတာပဲ ❤️❤️❤️”

“မိန္းမကို surprise မလုပ္တတ္ လုပ္တတ္နဲ႔ မလိမ္တတ္လို႔ ဒီကသိသြားေပမဲ့ surprise က surprise ပါပဲလို႔😜 ခ်စ္ေယာက္်ား ကိုလည္း အရမ္းခ်စ္ပါတယ္လို႔ ေနာက္လည္း မ်ားမ်ားခ်စ္ေပးပါလို႔❤️❤️❤️ ပုံလွလွေလးေတြကို အျမဲ ရိုက္ကူးေပးတဲ့ ပုံေတြဆို အမ်ားႀကီးကိုအျမန္လုပ္ေပးတဲ့ အကိုနဲ႔အမ Sanda Moe Swe (MY DREAM One Stop WeddingService)ေက်းဇူးတင္ပါတယ္ ❤️❤️❤️အက်ီဆိုလည္းအျမဲ လိုခ်င္တာကိုအျမန္လုပ္ေပးတဲ့ အမ May Myat Waso HappyHeartေက်းဇူးတင္ပါတယ္❤️❤️❤️” ဆိုၿပီး ေျပာလာပါတယ္။

မိုးယုစံကေတာ့ သူမရဲ့ ဒုတိယေျမာက္ ရင္ေသြးေလး အတြက္ Baby Shower ပြဲေလးကို ၾကည္ႏူးပီတိေတြနဲ႔ ျဖတ္သန္းခြင့္ ရခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း မိုးယုစံရဲ့ ဓာတ္ပုံေလးေတြကို ၾကည့္ၿပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Swelsone News

ချစ်ခင်ပွန်းနဲ့ သူငယ်ချင်း တွေရဲ့ Surprise ကြောင့် Baby Shower ပွဲလေး ကို ပျော်ရွှင်စွာ ဖြတ်သန်း ခဲ့ရတဲ့ မိုးယုစံ

သရုပ်ဆောင် မိုးယုစံကတော့ Miss Now How ဆုရှင်တစ်ယောက် အဖြစ် လူသိများကျော်ကြားလာ ခဲ့ပြီးနောက် အနုပညာလောက ထဲကို ဝင်ရောက်လာ ခဲ့တာပဲ ဖြစ်ပါတယ်။ မိုးယုစံက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်စံ မင်းသမီးလေးအဖြစ် ဆောင်ရွက်နေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ အခုဆိုရင် မိုးယုစံက အိမ်ထောင်ကျပြီး မိခင် တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် အနုပညာလောမှာတော့ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်း ထားနိုင်ဆဲ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မိုးယုစံက ချစ်ခင်ပွန်းနဲ့ သူငယ်ချင်းတွေကြောင့် ပျော်ရွှင်ခဲ့ရတဲ့ ကြည်နူးမှုလေး တစ်ခုကို အခုလိုပဲ မျှဝေပေးလာပါတယ်။ မိုးယုစံက “Baby Shower ပွဲလေးကို သတိတရနဲ့ ကျင်းပပေးတဲ့ အမတွေအကိုတွေနဲ့အတူ ချစ်ယောက်ျားကိုလည်း ကျေးဇူးတင်ပါတယ် ကိုယ့်တွက်သူများက စီစဉ်ပီးလုပ်ပေးတာ တခါမှမရှိခဲ့တော့ ခုလို သူငယ်ချင်းလို အမတွေရတာကလည်းကံကောင်းခြင်းတစ်ခုပါပဲ ❤️❤️❤️”

“သူငယ်ချင်းလေးကလျာနဲ့ လွန်ခဲ့တဲ့ ၄လလောက်က ဖုန်းပြောတော့ ငါ့မှာသူငယ်ချင်းလည်း မရှိ လုပ်ပေးမဲ့သူလည်းမရှိ ဘာဖြစ်ဖြစ်ကိုယ့် ဘာသာပဲ လုပ်မှ စီစဉ်မှရတာလို့ပြောတော့ နင့်ကိုငါလုပ်ပေး မယ်ပြောထဲက ဝမ်းသာပြီးမျက်ရည်တောင်ကျမိတာ အဲ့ဒါကိုသတိတရနဲ့ ဦးဆောင်ပီး လုပ်ပေးတာ အရမ်းချစ်ဖို့ကောင်း ကျန်တဲ့အမတွေကလည်း ကိုယ့်ကိုချစ်ကြတာ ပွဲလေးကိုလုပ်ပေးကြတာ သိရတော့ အရမ်းဝမ်းသာတာပဲ ❤️❤️❤️”

“မိန်းမကို surprise မလုပ်တတ် လုပ်တတ်နဲ့ မလိမ်တတ်လို့ ဒီကသိသွားပေမဲ့ surprise က surprise ပါပဲလို့😜 ချစ်ယောက်ျား ကိုလည်း အရမ်းချစ်ပါတယ်လို့ နောက်လည်း များများချစ်ပေးပါလို့❤️❤️❤️ ပုံလှလှလေးတွေကို အမြဲ ရိုက်ကူးပေးတဲ့ ပုံတွေဆို အများကြီးကိုအမြန်လုပ်ပေးတဲ့ အကိုနဲ့အမ Sanda Moe Swe (MY DREAM One Stop WeddingService)ကျေးဇူးတင်ပါတယ် ❤️❤️❤️အကျီဆိုလည်းအမြဲ လိုချင်တာကိုအမြန်လုပ်ပေးတဲ့ အမ May Myat Waso HappyHeartကျေးဇူးတင်ပါတယ်❤️❤️❤️” ဆိုပြီး ပြောလာပါတယ်။

မိုးယုစံကတော့ သူမရဲ့ ဒုတိယမြောက် ရင်သွေးလေး အတွက် Baby Shower ပွဲလေးကို ကြည်နူးပီတိတွေနဲ့ ဖြတ်သန်းခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးယုစံရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment