Celebrity

ခ်စ္ခင္ပြန္း ႏိုင္းႏိုင္းရဲ႕ ေမြးေန႕မွာ အမွတ္တရ ေမြးေန႔ ဆုမြန္ေကာင္း ေတာင္းေပးခဲ့တဲ့ ဇနီးေလး စႏၵီခ်ိဳ

Written by Ms Cele

ခ်စ္ခင္ပြန္း ႏိုင္းႏိုင္းရဲ႕ ေမြးေန႕မွာ အမွတ္တရ ေမြးေန႔ ဆုမြန္ေကာင္း ေတာင္းေပးခဲ့တဲ့ ဇနီးေလး စႏၵီခ်ိဳ

မင္းသားေခ်ာ ႏိုင္းႏိုင္း ကေတာ့ ႏိုင္ငံျခားမင္းသား တစ္ေယာက္လို ဆြဲေဆာင္မႈ ရွိတာေၾကာင့္ အမ်ိဳးသမီး ပရိသတ္ေတြရဲ႕ အားေပးဝန္းရံ မႈကို ႏွစ္ေပါင္းအေတာ္ၾကာ ရရွိပိုင္ဆိုင္ထားသူ တစ္ေယာက္ ျဖစ္ပါတယ္။ ႏိုင္းႏိုင္းက အခုဆိုရင္ အိမ္ေထာင္က်ၿပီး သားသမီး ေလးေယာက္ကို ပိုင္ဆိုင္ထားေပမယ့္ ဇနီးနဲ႔ သားသမီး ေတြက ႏိုင္ငံျခားမွာ ေနထိုင္ၿပီး ႏိုင္းႏိုင္းကေတာ့ ျမန္မာျပည္မွာ ေနထိုင္ရင္းသာ သူ႔ရဲ႕ အသက္ေမြးဝမ္းေၾကာင္းအလုပ္ျဖစ္တဲ့ အႏုပညာလုပ္ငန္းေတြ ဆက္လက္ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ (၂) ရက္ေန႔ ကေတာ့ ႏိုင္းႏိုင္းရဲ႕ အသက္ (၄၂) ႏွစ္ျပည့္ ေမြးေန ႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ႏိုင္းႏိုင္း ကေတာ့ ခင္မင္ရင္းႏွီးရ သူေတြဆီက အမွတ္တရ ေမြးေန႔ဆုမြန္ေကာင္းေတြ ရရွိခဲ့သလို ခ်စ္ဇနီးေလး စႏၵီခ်ိဳဆီကလည္း ေမြးေန႔ဆုေတာင္း ရရွိခဲ့ပါတယ္။ ႏိုင္းႏိုင္းရဲ႕ ခ်စ္ဇနီးေလး စႏၵီခ်ိဳက ႏိုင္းႏိုင္းအတြက္ “Happy Birthday to this handsome hunk of a husband 🥰🎂💋🍾🥂🎉🎊🧸🎁” ဆိုျပီး အမွတ္တရ ေမြးေန့ဆုမြန္ေကာင္းေတာင္း လာတာပဲ ျဖစ္ပါတယ္။

နုိင္းနိုင္းကေတာ့ လူခ်င္းမိုင္ေတြ အမ်ားႀကီးေဝးကြာ ေနေပမယ့္လည္း ႏွလုံးသားခ်င္း အၿမဲနီးတဲ့ ခ်စ္ဇနီးရဲ့ ေမြးေန့ဆုေတာင္း ေလးေၾကာင့္ ဝမ္းသာေနမယ္ဆိုတာ ေသခ်ာပါတယ္။ ပရိသတ္ၾကီးလည္း ဒီကေန့ရဲ့ ေမြးေန့ရွင္ နိုင္းနုိင္း အတြက္ အမွတ္တရ ေမြးေန့ဆုေတာင္း စကားေလးေတြ ေျပာခဲ့ၾကဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ချစ်ခင်ပွန်း နိုင်းနိုင်းရဲ့ မွေးနေ့မှာ အမှတ်တရ မွေးနေ့ ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ ဇနီးလေး စန္ဒီချို

မင်းသားချော နိုင်းနိုင်း ကတော့ နိုင်ငံခြားမင်းသား တစ်ယောက်လို ဆွဲဆောင်မှု ရှိတာကြောင့် အမျိုးသမီး ပရိသတ်တွေရဲ့ အားပေးဝန်းရံ မှုကို နှစ်ပေါင်းအတော်ကြာ ရရှိပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ နိုင်းနိုင်းက အခုဆိုရင် အိမ်ထောင်ကျပြီး သားသမီး လေးယောက်ကို ပိုင်ဆိုင်ထားပေမယ့် ဇနီးနဲ့ သားသမီး တွေက နိုင်ငံခြားမှာ နေထိုင်ပြီး နိုင်းနိုင်းကတော့ မြန်မာပြည်မှာ နေထိုင်ရင်းသာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ အနုပညာလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂) ရက်နေ့ ကတော့ နိုင်းနိုင်းရဲ့ အသက် (၄၂) နှစ်ပြည့် မွေးနေ ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ နိုင်းနိုင်း ကတော့ ခင်မင်ရင်းနှီးရ သူတွေဆီက အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတွေ ရရှိခဲ့သလို ချစ်ဇနီးလေး စန္ဒီချိုဆီကလည်း မွေးနေ့ဆုတောင်း ရရှိခဲ့ပါတယ်။ နိုင်းနိုင်းရဲ့ ချစ်ဇနီးလေး စန္ဒီချိုက နိုင်းနိုင်းအတွက် “Happy Birthday to this handsome hunk of a husband 🥰🎂💋🍾🥂🎉🎊🧸🎁” ဆိုပြီး အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတောင်း လာတာပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းကတော့ လူချင်းမိုင်တွေ အများကြီးဝေးကွာ နေပေမယ့်လည်း နှလုံးသားချင်း အမြဲနီးတဲ့ ချစ်ဇနီးရဲ့ မွေးနေ့ဆုတောင်း လေးကြောင့် ဝမ်းသာနေမယ်ဆိုတာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် နိုင်းနိုင်း အတွက် အမှတ်တရ မွေးနေ့ဆုတောင်း စကားလေးတွေ ပြောခဲ့ကြဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment