Celebrity

ခ်စ္စရာေကာင္းတဲ့ သူရဲ႕ကေလးေတြနဲ႕ ပထမဆံုးပရိသတ္ႀကီးကို မိတ္ဆက္ေပးခဲ့တဲ့ ပိုင္တံခြန္ရဲ႕ ဗီဒီယို

Written by Ms Cele

ခ်စ္စရာေကာင္းတဲ့ သူရဲ႕ကေလးေတြနဲ႕ ပထမဆံုးပရိသတ္ႀကီးကို မိတ္ဆက္ေပးခဲ့တဲ့ ပိုင္တံခြန္ရဲ႕ ဗီဒီယို

ပရိသတ္ႀကီးေရ ျမန္မာနိုင္ငံမွာ သာမက အာရွနိုင္ငံေတြမွာပါ ပရိသတ္ေတြ အမ်ားႀကီးနဲ႔ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္တဲ့ ပိုင္တံခြန္ ကေတာ့ တိရစၧာန္ေလးေတြကို အရမ္းခ်စ္တတ္တဲ့ သူတစ္ေယာက္ ဆိုတာ အားလုံးသိၿပီးျဖစ္မွာပါေနာ္ ။ တိရစၧာန္ေလးေတြကို အရမ္းခ်စ္တတ္တယ္ဆိုတာလည္း ေၾကာင္ေလးေခြးေလးေတြတင္မကပါဘဲ တျခား တိရစၧာန္ေလးေတြကိုပါ အရမ္းခ်စ္တတ္ၾကင္နာတတ္တဲ့ သူတစ္ေယာက္ပါ ။

လတ္တေလာ မွာေတာ့ ပိုင္တံခြန္က ကၽြန္ေတာ့္ ကေလးေတြနဲ႔ ဒါပထမဆုံး ပရိတ္သတ္ကို မိတ္ဆက္ေပးဖူးတာပါ ေမြးထားတာေတြက နည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္နိုင္တယ္ ဆိုတဲ့ စာသားေလး နဲ႔အတူ အိမ္မွာရွိတဲ့ သူခ်စ္ရတဲ့ တိရစၧာန္ေလးေတြကို ဗီဒီယိုေလး နဲ႔အတူ ပရိသတ္ေတြကို မိတ္ဆက္ေပးခဲ့တာပါ ။ ေၾကာင္ေလးေခြးေလးေတြ အျပင္ ခ်စ္စရာေကာင္းတဲ့ ငါးေလးေတြေရာ ေရနဂါးေလးေတြ ၊ ေရဘဝဲ ေတြပါ စုံေနေအာင္ ေမြးထားတဲ့အေၾကာင္း ပရိသတ္ေတြကို ေသခ်ာေလး ရွင္းျပထားတာပါ ။

ပရိသတ္ႀကီး ကေတာ့ ပိုင္တံခြန္ ကို ေၾကာင္ေတြ ေခြးေတြ အရမ္း ခ်စ္တယ္လို႔ သိထားေပမယ့္ တိရစၧာန္ေလးေတြကို အရမ္းခ်စ္ၿပီး အခုလို မ်ိဳးစုံေအာင္ ေမြးထားလိမ့္မယ္လို႔ ထင္မထားေၾကာင္း မွတ္ခ်က္ေလးေတြေရးသားခဲ့ၾကပါတယ္ ။ ပိုင္တံခြန္ကိုခ်စ္တဲ့ ပရိသတ္ႀကီး အတြက္လည္း သူခ်စ္တဲ့ ကေလးေလးေတြ အေၾကာင္းကို ရွင္းျပထားတဲ့ ဗီဒီယိုေလးကို တဆင့္ျပန္လည္မၽွေဝေပး လိုက္ပါတယ္ေနာ္ ။

Source : Paing Ta Khon
Credit:Cele Gabar

ချစ်စရာကောင်းတဲ့ သူရဲ့ကလေးတွေနဲ့ ပထမဆုံးပရိသတ်ကြီးကို မိတ်ဆက်ပေးခဲ့တဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာ သာမက အာရှနိုင်ငံတွေမှာပါ ပရိသတ်တွေ အများကြီးနဲ့ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန် ကတော့ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက် ဆိုတာ အားလုံးသိပြီးဖြစ်မှာပါနော် ။ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တယ်ဆိုတာလည်း ကြောင်လေးခွေးလေးတွေတင်မကပါဘဲ တခြား တိရစ္ဆာန်လေးတွေကိုပါ အရမ်းချစ်တတ်ကြင်နာတတ်တဲ့ သူတစ်ယောက်ပါ ။

လတ်တလော မှာတော့ ပိုင်တံခွန်က ကျွန်တော့် ကလေးတွေနဲ့ ဒါပထမဆုံး ပရိတ်သတ်ကို မိတ်ဆက်ပေးဖူးတာပါ မွေးထားတာတွေက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်တယ် ဆိုတဲ့ စာသားလေး နဲ့အတူ အိမ်မှာရှိတဲ့ သူချစ်ရတဲ့ တိရစ္ဆာန်လေးတွေကို ဗီဒီယိုလေး နဲ့အတူ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့တာပါ ။ ကြောင်လေးခွေးလေးတွေ အပြင် ချစ်စရာကောင်းတဲ့ ငါးလေးတွေရော ရေနဂါးလေးတွေ ၊ ရေဘဝဲ တွေပါ စုံနေအောင် မွေးထားတဲ့အကြောင်း ပရိသတ်တွေကို သေချာလေး ရှင်းပြထားတာပါ ။

ပရိသတ်ကြီး ကတော့ ပိုင်တံခွန် ကို ကြောင်တွေ ခွေးတွေ အရမ်း ချစ်တယ်လို့ သိထားပေမယ့် တိရစ္ဆာန်လေးတွေကို အရမ်းချစ်ပြီး အခုလို မျိုးစုံအောင် မွေးထားလိမ့်မယ်လို့ ထင်မထားကြောင်း မှတ်ချက်လေးတွေရေးသားခဲ့ကြပါတယ် ။ ပိုင်တံခွန်ကိုချစ်တဲ့ ပရိသတ်ကြီး အတွက်လည်း သူချစ်တဲ့ ကလေးလေးတွေ အကြောင်းကို ရှင်းပြထားတဲ့ ဗီဒီယိုလေးကို တဆင့်ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source : Paing Ta Khon
Credit:Cele Gabar

About the author

Ms Cele

Leave a Comment