Celebrity


Written by Ms Cele





Credit:Cele Channel

ချစ်စရာကောင်းပြီး ပို့စ်အမျိုးမျိုးပေးတတ်တဲ့ သမီးလေးကို ကြည့်ကာချစ်မဝဖြစ်နေတဲ့ မေမေနန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်း ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားပြီး နေရာတစ်ခုကို အခိုင်အမာ စိုက်ထူထားနိုင်တဲ့ သူပဲ ဖြစ်ပါတယ် ။ နန်းမြတ်က ဆရာဝန် တစ်ယောက်ဖြစ်ပေမယ့်လည်း အနုပညာကို ရူးသွပ်သူမို့ တစိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ကာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။

နန်းမြတ်က မိသားစုကိုလည်း အချိန်ပေးပြီး ဂရုစိုက်တတ်တဲ့ သူဖြစ်တာကြောင့် အနုပညာ လှုပ်ရှားမှုတွေ နည်းသွား တာလည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေသိပ်မရှိတော့ပေမယ့် ပရိသတ်တွေကတော့ နန်းမြတ်ကိုရော သူမရဲ့မိသားစုလေးကိုပါ အချစ်တွေပိုနေကြတာဖြစ်ပါတယ်။

သားနဲ့ သမီးရဲ့ ချစ်စရာပုံရိပ်တွေ ကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်း အသည်းယားစရာ ပို့စ်လေးတွေ မျိုးစုံပေးနေနဲ့ သမီးလေးရဲ့ ပုံရိပ်တွေကို ဝေမျှလာပါတယ် ။ ပုံလေးတိုင်းမှာ ဂျူးဂျူးတစ်ယောက် အရမ်းချစ်စရာ ကောင်းလွန်းလို့ အခါခါပြန်ကြည့်ချင်ရလောက်အောင်ပါပဲ ။ ပရိသတ်ကြီးအတွက် ဂျူးဂျူးလေးရဲ့ ပုံတွေကို ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Channel
Photo – Nann Myat Phyo Thinn

About the author

Ms Cele

Leave a Comment