Celebrity


Written by Ms Cele





Credit: Cele Zone
Photo – Kyaw Phyo Tun

ချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ သမီးချောလေးကို တစိမ့်စိမ့်ကြည့်ကာ ချစ်မဝဖြစ်နေတဲ့ ဖေဖေ Ah Boy

ချစ်စရာကောင်းပြီး အသည်းယားစရာ ကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော် တို့ရဲ့ သမီးလေး Scarlett Phyo Tunကို သိကြတယ်မလား။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကလည်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှု ကိုယ်စီရရှိထားတဲ့သူ‌တွေဖြစ်ပါတယ်။

ဒါ့အပြင် အာဘွိုင်းရဲ့romanticဆန်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းပီသ မှုကြောင့် ပရိသတ်တွေ အားကျနေရတဲ့ သူဆိုလည်းမှားမယ် မထင်ပါဘူးနော်။ သမီးလေး Scarlettရဲ့ပုံလေးတွေကို မကြာခဏတင် ပေးလေ့ရှိပါတယ်။ Scarlettလေးကလည်း မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖွေးဝင်းဥနေပြီး ဘာဘီ ရုပ်မလေးလို အရမ်းအသည်းယားစရာ ကောင်းတဲ့ ကလေးလေးပါနော်။

ဖေဖေရော မေမေရောရဲ့ အချော အလှတွေကို စုပြုံရရှိထားတဲ့ သမီးလေး Scarlett ကတော့ တစ်ကယ့်ကို ချစ်မွှေးလေးပါပဲ။ အခုလည်း အားဘွိုင်းက အိုက်တင်တွေ မျိုးစုံပေးကာ ချစ်စရာကောင်းလွန်းနေတဲ့ သမီးလေးကို ကြည့်ပြီး အသည်းတွေယားကာ အချစ်ပိုနေမိကြောင်း ပုံလေးတွေနဲ့ တကွ ” ကျနော့် အမောပြေလေး… ” ဆိုပြီးရေးသားကာ ပုံလေးတွေကို ဝေမျှထားပါတယ်။ ပရိသတ်ကြီးအတွက် scarlett လေးရဲ့ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Kyaw Phyo Tun

About the author

Ms Cele

Leave a Comment