Celebrity


Written by Ms Cele





Credit:(CeleChitThu)

ချစ်ဇနီးရဲ့မွေးနေ့လေးမှာ ကိုယ်တိုင် ဂီတာတီးပြရင်း မိသားစုတွေနဲ့အတူ ပျော်ရွှင်စရာမွေးနေ့လေးကို ဖြတ်သန်းခဲ့တဲ့ အာဇာနည်ရဲ့ဗီဒီယိုဖိုင်

မန်မာနိုင်ငံရဲ့ အသံပါဝါ အားကောင်းလွန်းတဲ့ အဆိုတော် တစ်လက်ဖြစ်တဲ့ အာဇာနည်နဲ့ ပရိသတ် တွေကို အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူး ထင်ပါတယ်။ အာဇာနည် ကတော့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ ပရိသတ်တွေ ရင်ထဲထိကို စွဲကျန်ရစ်အောင် သီဆိုနိုင်မှုတွေကြောင့် အခုချိန်ထိကို ဂီတလောကမှာ အောင်မြင်နေ လျက်ရှိပါတယ်။ သူဟာဆိုရင် The Voice Myanmarအဆိုပြိုင်ပွဲရဲ့ ဒိုင်တစ်ဦး အနေဖြင့် ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးလာတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အာဇာနည် ကတော့ ချောမောလှပလွန်းတဲ့ ဇနီးချောလေးနဲ့ ချစ်စရာကောင်း လွန်းတဲ့ သားနှစ်ယောက် သမီးတစ်ယောက်တို့နဲ့အတူ သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားလျက် ရှိပါတယ်။သူရဲ့ အားလပ်ချိန်တိုင်း ကိုလည်း မိသားစုကို အချိန်ပေးရင်း အမှတ်တရလေး တွေနဲ့အတူ ဖြတ်သန်းနေတာ ကိုလည်း တွေ့ရမှာပါပဲနော်။ အာဇာနည်ကတော့”မိန်းမမွေးနေ့ပွဲ လေးပျှော်ရွှင်စွားကျင်းပဖြစ်တယ်🎂Happy Birthday I love you မိန်းမ”လို့ဆိုပြီး ဇနီးသည် ရဲ့မွေးနေ့လေးမှာ ဂစ်တာလေး တီးရင်း မိသားစုစုံလင်စွာနဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ မွေးနေ့လေးဖြတ်သန်း နေတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလာ ခဲ့တာပဲဖြစ်ပါတယ်။

အာဇာနည်တို့မိသားစုရဲ့ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးမိ မယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေ အားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေး တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

Credit:(CeleChitThu)

About the author

Ms Cele

Leave a Comment