Celebrity


Written by Ms Cele





Source: Htoo El Lynn’s fb

ချစ်ဇနီးအတွက် ရိုးရှင်းတဲ့ မွေးနေ့ဆုတောင်း စကားလေးနဲ့ ဆုတောင်းပေးလိုက်တဲ့ ထူးအယ်လင်း

ပရိသတ်ကြီးရေ အဆိုတော်ထူးအယ်လင်းဟာဆိုရင် ဂီတလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်နော်။အသံပါဝါအားကောင်းစွာ သီချင်းတွေကို သီဆိုနိုင်တဲ့အတွက် ပရိသတ်တွေရဲ့ အခဲနက်အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၆) ရက်နေ့ကတော့ ထူးအယ်လင်းရဲ့ အချစ်ဆုံး ချစ်ဇနီးလေးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းကတော့ ချစ်ဇနီးရဲ့ မွေးနေ့မှာ စကားတွေ ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ သူ့ရင်ထဲက ဆန္ဒလေးတစ်ခုနဲ့ ရိုးရိုးရှင်းရှင်း မွေးနေ့ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။ ထူးအယ်လင်းက “မွေးနေ့မှာ ပျော်ရွှင်ကြည်နူးပါစေ မိန်းမရေ …🥰🥰🥰😍😘” ဆိုပြီး အသက်ထက်မက ချစ်မြတ်နိုးရတဲ့ ချစ်ဇနီးအတွက် မွေးနေ့ဆုတောင်းပေးလာတာပဲ ဖြစ်ပါတယ်။

ထူးအယ်လင်း ကတော့ ချစ်ရတဲ့ချစ်ဇနီးကို ဘဝတစ်သက်တာလုံး ပျော်ရွှင်ကြည်နူးမှုတွေကိုသာ ရရှိစေလိုကြောင်း သူ့ရဲ့ မွေးနေ့ ဆုတောင်းလေးက သက်သေပါပဲ။ ထူးအယ်လင်းတို့ ဇနီးမောင်နှံနှစ်ယောက် ချစ်ရတဲ့ သားသား မီးမီးလေးတွေနဲ့ သေတပန်သက်တစ်ဆုံး ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်နိုင် ပါစေလို့ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Source: Htoo El Lynn’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment