Celebrity


Written by Ms Cele





Credit:Celelucky

ချစ်ဇနီးလေးကိုယ်တိုင် ချက်ပြုတ်ထားတဲ့ စားချင်စဖွယ်ဟင်းလျာလေးကို ပြသလာတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်တို့ ဇနီးမောင်နှံ ဟာ ခရိုနီ အသိုင်းဝိုင်း ဖြစ်တာကြောင့် နွေဦးတော်လှန်ရေးတွင် မပါဝင်ခဲ့တာ ဖြစ်ပါတယ်နော်။ အစကတော့ လူမှုကွန်ယက်တွင် ပျောက်ကွယ်နေပေမယ့်လည်း အခုမှာတော့သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပေါ်ပေါ်ထင်ထင်ကို ရေးသားနေပါပြီနော်။

အခုမှာလည်း သူ့အတွက် ချစ်ဇနီး ကိုယ်တိုင်ချက်ပြုတ်ထားသော အရသာရှိလှတဲ့ ဟင်းလျာလေး အား ဓာတ်ပုံရိုက်ပြီး ထုတ်ကြွားလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်နော်။ ” နန္ဒာ ဟင်းချက်တတ်တယ်ဆိုတာ မင်းသမီးဘဝမှာ ဟင်းအိုးမွှေတတ်ရုံပါပဲ။ အိမ်ထောင်ကျပြီး သမီးကြီး ထမင်းဟင်း စစားတဲ့အချိန်က စပြီး ဟင်းတွေ စချက်တတ်လာပါပြီ။ အခုဆိုရင်တော့ သမီး ၃ ယောက်နေ့စဉ်စားဖို့ မရိုးရအောင် ချက်နေတယ်။

ဒီရက်ပိုင်း နန္ဒာ အာရုံကျနေတာ ကတော့ ကိုရီးယားစာတွေပါပဲ။ ဟင်းစမ်းချက်လိုက် ကျွေးလိုက်နဲ့ ပေါ့။ ဒီနေ့ ကင်ချီ လုပ်ထားတာ လာပြတော့ ပြောနေကြစကား တစ်ခု ချက်ချင်း ပြောလိုက်တယ်။ကမ္ဘာပေါ်မှာ အကောင်းဆုံး ကင်ချီ ပဲလို့။” လို့ ရေးသားလာခဲ့တာ ဖြစ်ပါတယ်နော်။ကဲ ပရိသတ်ကြီးလည်း သိရှိစေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment