Celebrity

ခ်စ္ဇနီးေလးကို ပရိသတ္ အေျမာက္အမ်ားေရွ႕မွာ လက္ထပ္ခြင့္ေတာင္း ခဲ့တဲ့ ဗီဒီယိုကိ္ု ျပန္လည္ မွ်ေ၀လာတဲ့ ေန၀င္းတို့ ဇနီးေမာင္နွံ

Written by Ms Cele

ခ်စ္ဇနီးေလးကို ပရိသတ္ အေျမာက္အမ်ားေရွ႕မွာ လက္ထပ္ခြင့္ေတာင္း ခဲ့တဲ့ ဗီဒီယိုကိ္ု ျပန္လည္ မွ်ေ၀လာတဲ့ ေန၀င္းတို့ ဇနီးေမာင္နွံ

အဆိုေတာ္ ေနဝင္းနဲ့ ခရီးသြား ဘေလာ္ဂါမေလး အိမ့္ခ်စ္ေခ်ာတို့ ကေတာ့ ၾကည္နူးစရာအခ်စ္ ဇာတ္လမ္းေလးတစ္ပုဒ္ကို နွစ္ေတြအၾကာၾကီး ထိန္းသိမ္း ထားနိုင္ၾကတာ ျဖစ္ပါတယ္။ ေနဝင္းနဲ့ အိမ့္ခ်စ္ေခ်ာတို့ ကေတာ့ ဆယ္စုနွစ္တစ္စုတိုင္ ခ်စ္သူေတြ အျဖစ္ ေအးအတူ ပူအမွ်ရိွခဲ့ၾကတာျဖစ္ျပီး သံေယာဇဥ္ တစ္ခုကို ခိုင္မာစြာတည္ေဆာက္ထားၾကတာမို့ ပရိသတ္ေတြက အားအက်ရဆံုး စံုတြဲေလးပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေနဝင္းနဲ့ အိမ့္ခ်စ္ေခ်ာတို့က အိမ္ေထာင္တစ္ခုကို အတူတူတည္ေထာင္ထားၾကတဲ့ ဇနီးေမာင္နွံေတြျဖစ္ေနျပီဆိုေပမယ့္ ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာေတြကို ခံယူထားနိုင္ဆဲ ျဖစ္ပါတယ္။

ေနဝင္းနဲ့ အိမ့္ခ်စ္ေခ်ာ လို့ ဆိုလိုက္တာနဲ့ သူတို့နွစ္ေယာက္ ရဲ့ ၾကည္နူးစရာေကာင္းတဲ့ Proposal အခိုက္အတံ့ aလးကိုပါ ျမင္ေယာင္ၾကမိမယ္ ထင္ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ေနဝင္းတို့ ဇနီးေမာင္နွံက ျပီးခဲ့တဲ့ (၂၀၂၀) New Year ရိႈးပရိသတ္သိန္းနဲ့ခ်ီေရွ့မွာ လက္ထပ္ခြင့္္ေတာင္းခဲ့တဲ့ အမွတ္တရ ဗီဒီယိုေလးကိုၾကည့္ျပီး ေနဝင္းတစ္ေယာက္ ဘယ္လိုေတြစီစဥ္ခဲ့ရတာေတြ၊ အိမ့္ခ်စ္ေခ်ာကလည္း ဘယ္လိုေတြ အမွတ္တရျဖစ္ခဲ့လဲဆိုတာကို အခုလိုပဲ နွစ္ေယာက္သား ေျပာျပလာခဲ့ပါတယ္။

ေနဝင္းကေတာ့ သူခ်စ္ရတဲ့ မိန္းကေလးကို ပရိသတ္ေတြေရွ့မွာ ကတိထားျပီး လက္ထပ္ခြင့္ေတာင္း ခဲ့တာ ၾကည္နူးစရာပါပဲ။ ပရိသတ္ၾကီးလည္း ေနဝင္းတို့ ဇနီးေမာင္နွံနွစ္ေယာက္ရဲ့ အမွတ္တရေလးကိုၾကည့္ျပီး ေက်နပ္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Win’s fb
Credit:Cele Connections

ချစ်ဇနီးလေးကို ပရိသတ် အမြောက်အများရှေ့မှာ လက်ထပ်ခွင့်တောင်း ခဲ့တဲ့ ဗီဒီယိုကိ်ု ပြန်လည် မျှဝေလာတဲ့ နေဝင်းတို့ ဇနီးမောင်နှံ

အဆိုတော် နေဝင်းနဲ့ ခရီးသွား ဘလော်ဂါမလေး အိမ့်ချစ်ချောတို့ ကတော့ ကြည်နူးစရာအချစ် ဇာတ်လမ်းလေးတစ်ပုဒ်ကို နှစ်တွေအကြာကြီး ထိန်းသိမ်း ထားနိုင်ကြတာ ဖြစ်ပါတယ်။ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ ကတော့ ဆယ်စုနှစ်တစ်စုတိုင် ချစ်သူတွေ အဖြစ် အေးအတူ ပူအမျှရှိခဲ့ကြတာဖြစ်ပြီး သံယောဇဉ် တစ်ခုကို ခိုင်မာစွာတည်ဆောက်ထားကြတာမို့ ပရိသတ်တွေက အားအကျရဆုံး စုံတွဲလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့က အိမ်ထောင်တစ်ခုကို အတူတူတည်ထောင်ထားကြတဲ့ ဇနီးမောင်နှံတွေဖြစ်နေပြီဆိုပေမယ့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံယူထားနိုင်ဆဲ ဖြစ်ပါတယ်။

နေဝင်းနဲ့ အိမ့်ချစ်ချော လို့ ဆိုလိုက်တာနဲ့ သူတို့နှစ်ယောက် ရဲ့ ကြည်နူးစရာကောင်းတဲ့ Proposal အခိုက်အတံ့ aလးကိုပါ မြင်ယောင်ကြမိမယ် ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေဝင်းတို့ ဇနီးမောင်နှံက ပြီးခဲ့တဲ့ (၂၀၂၀) New Year ရှိုးပရိသတ်သိန်းနဲ့ချီရှေ့မှာ လက်ထပ်ခွင့််တောင်းခဲ့တဲ့ အမှတ်တရ ဗီဒီယိုလေးကိုကြည့်ပြီး နေဝင်းတစ်ယောက် ဘယ်လိုတွေစီစဉ်ခဲ့ရတာတွေ၊ အိမ့်ချစ်ချောကလည်း ဘယ်လိုတွေ အမှတ်တရဖြစ်ခဲ့လဲဆိုတာကို အခုလိုပဲ နှစ်ယောက်သား ပြောပြလာခဲ့ပါတယ်။

နေဝင်းကတော့ သူချစ်ရတဲ့ မိန်းကလေးကို ပရိသတ်တွေရှေ့မှာ ကတိထားပြီး လက်ထပ်ခွင့်တောင်း ခဲ့တာ ကြည်နူးစရာပါပဲ။ ပရိသတ်ကြီးလည်း နေဝင်းတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အမှတ်တရလေးကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Win’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment