Celebrity

ချစ်ဇနီးလေးမှာ ဒုတိယကိုယ်ဝန်ရှိကြောင်း စာလေးတစ်ကြောင်းနဲ့ ဖွင့်ဟပြောဆိုလာတဲ့ Ah Boy

Written by Ms Cele




TWWH-(Cele Posts)

ပရိသတ်ကြီးရေ အဆိုတော်Ah Boyဟာဆိုရင် ဂီတလောကမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားတဲ့အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို ပိုင်ဆိုင်ထားပြီး ချောမောလှပတဲ့ ဇနီးလေးကလည်း အနားမှာရှိနေတာပဲဖြစ်ပါတယ်။

ယခုဆိုရင်တော့ Ah Boyဟာ ချစ်ဇနီးလေးမြတ်ရတနာကျော်နဲ့ ပတ်သက်ပြီး စာလေးတစ်ကြောင်းရေးသားလာတာကို တွေ့ရပါတယ်။ဒါကတော့ ချစ်ဇနီးလေးမှာ ဒုတိယကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ပြောပြလာတာပဲဖြစ်ပါတယ်။Ah Boyက”Scarlett လေး အငယ်ဆုံး မဟုတ်တော့ဘူး။ ❤️👼🏻❤️”ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာကိုတွေ့ရပါတယ်နော်။

Ah Boyရဲ့စာကြောင်းလေးကိုမြင်တွေ့ရတဲ့ ပရိသတ်တွေနဲ့ အနုပညာညီအစ်ကို မောင်နှမတွေကလည်းဂုဏ်ယူကြောင်းကောမန့်တွေရေးပြီး ချီးမြှောက်ခဲ့ပါတယ်နော်။Ah Boyတစ်ယောက်လည်းချစ်ဇနီးလေးမှာ နောက်ထပ်ရင်သွေးလေးရှိကြောင်းသိရပြီး အရမ်းကို aပျာ်ရွှင်နေတာကိုတွေ့ရပါတယ်နော်။ပရိသတ်ကြီးလည်း Ah Boyတို့ဇနီးမောင်နှံကို ဂုဏ်ပြုစကားလေးပြောသွားခဲ့ကြပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Kyaw Phyo Tun’s Fb
TWWH-(Cele Posts)

About the author

Ms Cele

Leave a Comment