Celebrity

ချစ်ဇနီးလေးရဲ့ လမ်းလျှောက်ထွက်ရင်း ဟန်ပန်အမူအရာလေးတွေ လုပ်ပြနေပုံကို ဗီဒီယိုလေးရိုက်ကာ မှတ်တမ်းတင်ခဲ့တဲ့ ရွှေထူး

Written by Ms Cele




Source:Htoo Khant’s FB

ပရိသတ်ကြီးရေ ရွှေနှစ်ရွှေ ဇနီးမောင်နှံဟာဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့ အားပေးမှုတွေကို များစွာရရှိပိုင်ဆိုင်ထားသူတွေပဲ ဖြစ်ပါတယ်နော်။ရွှေထူးကလည်း ချစ်ဇနီးလေးကို ကြင်နာယုယပြီး ရွှေမှုံလေးကလည်း ချစ်ခင်ပွန်းကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပြီး နှစ်ယောက်သားအချစ်တွေ တစ်နေ့ထက်တစ်နေ့ပိုကာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံလေးဟာ မိဘတွေနဲ့ ညီငယ်ညီမငယ်တွေကိုလည်း ဂရုစိုက်တတ်ကြတဲ့ စိတ်ထားဖြူစင်ပြီး တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားကာ သဘောထားပြည့်ဝသူတွေပဲဖြစ်ပါတယ်နော်။ယခုဆိုရင်တော့ ရွှေထူးဟာသူ့ရဲ့ Facebook Storyမှာ ဗီဒီယိုလေးတစ်ခုကိုတင်ပြလာပါတယ်။ဒါကတော့ ချစ်ဇနီးလေးရွှေမှုံက လမ်းလျှောက်ထွက်ရင်းလေ့ကျင့်ခန်းကို ချစ်စရာပုံစံလေးတွေလုပ်ပြနေတာကို တင်ထားတာပဲဖြစ်ပါတယ်။

ရွှေထူးဟာ ချစ်ဇနီးလေးကို စိတ်ချမ်းသာအောင်ထားပြီး အမြဲတမ်းဂရုစိုက်ချစ်ပြတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။သူတို့ရဲ့ လစဉ်လတိုင်းAnniversary နေ့တွေမှာလည်း ချစ်ဇနီးအတွက် လက်ဆောင်လေးတွေပေးတာကြောင့် ပရိသတ်တွေရဲ့အားကျမှုကိုလည်းခံခဲ့ရပါတယ်။ယခုရွှေမှုံလေးရဲ့ ပုံစံမျိုးမျိုးနဲ့လေ့ကျင့်ခန်းလုပ်နေတဲ့ဗီဒီယိုလေးကို ပရိသတ်ကြီးကြည့်ရှုလိုက်ပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Htoo Khant’s FB
Writter:TWWH(Cele Posts)

About the author

Ms Cele

Leave a Comment