Celebrity


Written by Ms Cele





Credit: Cele Zone
Photo – Nay Myo Aung

ချစ်ဇနီးလေးမွေးနေ့မှာ ခိုင်နှင်းဝေဂေဟာနဲ့ တခြားလိုအပ်တဲ့နေရာများကို သွားရောက် လှူဒါန်းရင်း ကုသိုလ်ပြုခဲ့တဲ့ နေမျိုးအောင်တို့ဇနီးမောင်နှံ

နေမျိုးအောင် ကတော့ လူငယ်အရွယ် ကတည်းက အနုပညာလောကမှာ အခြေချပြီး အောင်မြင်မှုရရှိအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။ ဇာတ်ရုပ်မျိုးစုံကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် တတ်တဲ့ နေမျိုးအောင်က ဇာတ်ကားပေါင်း မြောက်မြားစွာ ရိုက်ကူးခဲ့ရပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်အထိလည်း အနုပညာအလုပ်တွေကို အနည်းငယ်လုပ်ကိုင်နေတဲ့ နေမျိုးအောင်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း ဦးစီးနေတာ ဖြစ်ပါတယ် ။

နေမျိုးအောင်က ချစ်ဇနီးနဲ ့အတူ သူတို့ရဲ့ကိုယ်ပိုင် လုပ်ငန်းလေးကို မောင်တစ်ထမ်းမယ်တစ်ရွက် ကြိုးစားကာ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ် ။ သားလေးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ နေမျိုးအောင်တို့မိသားစုလေးကတော့ ပျော်ရွှင်စရာကောင်းလှတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် အလှူအတန်းတွေ ဆိုရင်လည်း မိသားစု တက်ညီလက်ညီ လှူဒါန်းတတ်သူတွေလည်း ဖြစ်ပါတယ် ။

အခုလည်း ချစ်ဇနီးလေးရဲ့ မွေးနေ့လေးမှာ အထိမ်းအမှတ် အနေနဲ့ ခိုင်နှင်းဝေဂေဟာ အတွက် ငွေကျပ် (၃) သိန်းအပြင် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်များ စောင့်ရှောက်ရေး အသင်း အတွက် တစ်သိန်းကျပ်တို့ကာ လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြု ခဲ့တာကို တွေ့ရပါတယ် ။ အလှူလေးတွေက တကယ်လိုအပ်နေတဲ့ နေရာလေးမို့ မွန်မြတ်လှပါတယ် ။ ပရိသတ်ကြီးအတွက် နေမျိုးအောင်တို့ ဇနီးမောင်နှံရဲ့ အလှူလေးတွေကို ဝေမျှပေးလိုက်ပါတယ် ။

Credit: Cele Zone
Photo – Nay Myo Aung

About the author

Ms Cele

Leave a Comment