Celebrity

ခ်စ္ဇနီးေလး နႏၵာလႈိင္ရဲ႕ ေနာက္ဆက္တြဲက်န္းမာေရး အေျခအေနကို ပရိသတ္ေတြသိေအာင္ ေဖာ္ျပလာတဲ့ ေဇသီဟ

Written by Ms Cele

ခ်စ္ဇနီးေလး နႏၵာလႈိင္ရဲ႕ ေနာက္ဆက္တြဲက်န္းမာေရး အေျခအေနကို ပရိသတ္ေတြသိေအာင္ ေဖာ္ျပလာတဲ့ ေဇသီဟ

ပရိတ္သတ္ႀကီးေရ…နိုင္ငံေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ နႏၵာလွိုင္ဟာဆိုရင္ ပရိသတ္ေတြခ်စ္ခင္ အားေပးရတဲ့နိုင္ငံေက်ာ္ အႏုပညာရွင္တစ္ဦးပါ။ သူမသ႐ုပ္ေဆာင္ရိုက္ကူးခဲ့တဲ့ ဇာတ္ကားမ်ားစြာရွိတာေၾကာင့္ သူမကိုခ်စ္တဲ့ ပရိသတ္အခိုင္ အမာရရွိထားသူပါ။ေအာင္ျမင္မႈမ်ားစြာရရွိပိုင္ဆိုင္ခဲ့တဲ့ သူမကခုဆိုရင္သူမခ်စ္တဲ့မိသားစုေလးနဲ႔ ဘဝကိုေအးခ်မ္းစြာျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

ျမန္မာျပည္သူေတြ ကေတာ့ တစ္ေက်ာ့ျပန္ ျဖစ္ပြားလာခဲ့တဲ့ ကိုဗစ္တတိယလွိုင္းကို အလူးအလဲ ခံစားခဲ့ရၿပီး ေအာက္ဆီဂ်င္ မရတဲ့ ျပႆနာေတြနဲ႔ ၾကဳံေတြ႕ခဲ့ရပါတယ္။ ေအာက္ဆီဂ်င္ အလြယ္တကူမရတဲ့ အတြက္ေၾကာင့္ လူအမ်ားအျပားလည္း ေသဆုံးခဲ့ရတာကို စိတ္မေကာင္းစြာ ေတြ႕ျမင္ၾကားသိရပါတယ္။ လတ္တေလာမွာလည္း ေအာက္ဆီဂ်င္လိုအပ္ေနၾကတဲ့ အေရးေပၚလူနာမ်ားအတြက္ သ႐ုပ္ေဆာင္ နႏၵာလွိုင္တို႔ မိသားစုက ေအာက္ဆီဂ်င္စက္မ်ား အခမဲ့ ငွားရမ္းေပးခဲ့တဲ့အျပင္ ေအာက္ဆီဂ်င္ အလြယ္တကူျဖည့္တင္းနိုင္ေအာင္ေအာက္ဆီဂ်င္ စက္႐ုံတည္ေဆာက္လာခဲ့တာျဖစ္ပါတယ္ေနာ္..

လက္ရွိမွာေတာ့ နႏၵာလွိုင္တို႔ မိသားစုရဲ့ ေအာက္ဆီဂ်င္စက္႐ုံဟာ စတင္ လည္ပတ္ေနၿပီး လိုအပ္ေနတဲ့ ျပည္သူေတြနဲ႔ လူမႈေရး ပရဟိတအသင္းေတြကို မၽွေဝလႉဒါန္းေနၿပီ ျဖစ္ပါတယ္။ သမီးေခ်ာ (၃)ေယာက္ ပိုင္ဆိုင္ထားၿပီးေပ်ာ္ရႊင္ဖြယ္ မိသားစုပုံရိပ္နဲ႔ သာယာတဲ့ အိမ္ေထာင္ေရးကို အမ်ားအားက်ေလာက္ေအာင္ ပိုင္ဆိုင္ထားသူ နႏၵာလွိုင္ကေတာ့ လြန္ခဲ့တဲ့ ရက္အနည္းငယ္က က်န္းမာေရး ထိခိုက္မႈေၾကာင့္ ေဆး႐ုံတက္ခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ပရိသတ္ေတြရဲ့ စိတ္ပူမႈေတြနဲ႔ အတူ ဆုေတာင္းမႈေတြေၾကာင့္ ရက္ပိုင္းအတြင္းမွာပဲ ေဆး႐ုံကေန နႏၵာလွိုင္တစ္ေယာက္ သက္သာစြာ ဆင္းခဲ့ရပါတယ္.။ဒီကေန႔ စက္တင္ဘာ(၁၉)ရက္ေန႔မွာေတာ့ နႏၵာလွိုင္ရဲ့ ခင္ပြန္းျဖစ္သူ ကိုေဇသီဟက သူ႔ရဲ့ လူမႈ႔ကြန္ရက္စာမ်က္ႏွာေပၚမွာ “Family Breakfast” ဆိုၿပီး တင္လာခဲ့ပါတယ္.။ ဇနီးျဖစ္သူ နႏၵာလွိုင္ကို စိုးရိမ္ေနၾကသူ ပရိသတ္ေတြအတြက္သမီး(၃)ေယာက္နဲ႔ ဇနီးတိုနဲ႔အတူတူ မိသားစု မနက္စာစားေနတဲ့ ပုံရိပ္ေလးကို မၽွေဝတင္လာ ခဲ့တာပဲျဖစ္ပါတယ္.။ပါးႏွစ္ဖက္မွာ သနပ္ခါးအျပည့္နဲ႔ လွေနသူ နႏၵာလွိုင္တစ္ေယာက္ ေနေကာင္းက်န္းမာ ေပ်ာ္ရႊင္ေနတဲ့ပုံ ပါပဲေနာ္.ပရိသတ္ေတြ အတြက္လည္း နႏၵာလွိုင္တစ္ေယာက္ ေနေကာင္းက်န္းမာေနတဲ့ ပုံရိပ္နဲ႔အတူ သတင္းေကာင္းေလးကို ျပန္လည္မၽွေဝေပးလိုက္ရပါတယ္.။

Source: Zay Thiha
Credit:Cele World

ချစ်ဇနီးလေး နန္ဒာလှိုင်ရဲ့ နောက်ဆက်တွဲကျန်းမာရေး အခြေအနေကို ပရိသတ်တွေသိအောင် ဖော်ပြလာတဲ့ ဇေသီဟ

ပရိတ်သတ်ကြီးရေ…နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ဟာဆိုရင် ပရိသတ်တွေချစ်ခင် အားပေးရတဲ့နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကိုချစ်တဲ့ ပရိသတ်အခိုင် အမာရရှိထားသူပါ။အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ခဲ့တဲ့ သူမကခုဆိုရင်သူမချစ်တဲ့မိသားစုလေးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ ကတော့ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကို အလူးအလဲ ခံစားခဲ့ရပြီး အောက်ဆီဂျင် မရတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အောက်ဆီဂျင် အလွယ်တကူမရတဲ့ အတွက်ကြောင့် လူအများအပြားလည်း သေဆုံးခဲ့ရတာကို စိတ်မကောင်းစွာ တွေ့မြင်ကြားသိရပါတယ်။ လတ်တလောမှာလည်း အောက်ဆီဂျင်လိုအပ်နေကြတဲ့ အရေးပေါ်လူနာများအတွက် သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုက အောက်ဆီဂျင်စက်များ အခမဲ့ ငှားရမ်းပေးခဲ့တဲ့အပြင် အောက်ဆီဂျင် အလွယ်တကူဖြည့်တင်းနိုင်အောင်အောက်ဆီဂျင် စက်ရုံတည်ဆောက်လာခဲ့တာဖြစ်ပါတယ်နော်..

လက်ရှိမှာတော့ နန္ဒာလှိုင်တို့ မိသားစုရဲ့ အောက်ဆီဂျင်စက်ရုံဟာ စတင် လည်ပတ်နေပြီး လိုအပ်နေတဲ့ ပြည်သူတွေနဲ့ လူမှုရေး ပရဟိတအသင်းတွေကို မျှဝေလှူဒါန်းနေပြီ ဖြစ်ပါတယ်။ သမီးချော (၃)ယောက် ပိုင်ဆိုင်ထားပြီးပျော်ရွှင်ဖွယ် မိသားစုပုံရိပ်နဲ့ သာယာတဲ့ အိမ်ထောင်ရေးကို အများအားကျလောက်အောင် ပိုင်ဆိုင်ထားသူ နန္ဒာလှိုင်ကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်းမာရေး ထိခိုက်မှုကြောင့် ဆေးရုံတက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေရဲ့ စိတ်ပူမှုတွေနဲ့ အတူ ဆုတောင်းမှုတွေကြောင့် ရက်ပိုင်းအတွင်းမှာပဲ ဆေးရုံကနေ နန္ဒာလှိုင်တစ်ယောက် သက်သာစွာ ဆင်းခဲ့ရပါတယ်.။ဒီကနေ့ စက်တင်ဘာ(၁၉)ရက်နေ့မှာတော့ နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဇေသီဟက သူ့ရဲ့ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ “Family Breakfast” ဆိုပြီး တင်လာခဲ့ပါတယ်.။ ဇနီးဖြစ်သူ နန္ဒာလှိုင်ကို စိုးရိမ်နေကြသူ ပရိသတ်တွေအတွက်သမီး(၃)ယောက်နဲ့ ဇနီးတိုနဲ့အတူတူ မိသားစု မနက်စာစားနေတဲ့ ပုံရိပ်လေးကို မျှဝေတင်လာ ခဲ့တာပဲဖြစ်ပါတယ်.။ပါးနှစ်ဖက်မှာ သနပ်ခါးအပြည့်နဲ့ လှနေသူ နန္ဒာလှိုင်တစ်ယောက် နေကောင်းကျန်းမာ ပျော်ရွှင်နေတဲ့ပုံ ပါပဲနော်.ပရိသတ်တွေ အတွက်လည်း နန္ဒာလှိုင်တစ်ယောက် နေကောင်းကျန်းမာနေတဲ့ ပုံရိပ်နဲ့အတူ သတင်းကောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်.။

Source: Zay Thiha
Credit:Cele World

About the author

Ms Cele

Leave a Comment