Celebrity

ခ်စ္ဇနီးေလး မျငိဳျငင္ ရေအာင္ ေပ့ခ်္ နာမည္ေလးကို ‘မယားခ်စ္’လို႕ နာမည္ေပးထား တယ္ဆိုတဲ့ ေရႊထူး

Written by Ms Cele

ခ်စ္ဇနီးေလး မျငိဳျငင္ ရေအာင္ ေပ့ခ်္ နာမည္ေလးကို ‘မယားခ်စ္’လို႕ နာမည္ေပးထား တယ္ဆိုတဲ့ ေရႊထူး

အဆိုေတာ္ ေရႊထူး ကေတာ့ တစ္နိုင္ငံလံုးက သည္းသည္းလႈပ္ ခ်စ္ခင္အားေပးရတဲ့ မင္းသမီး ေခ်ာေလး ေရႊမႈံရတီရဲ့ အခ်စ္ကို သိမ္းပိုက္ ရရိွထားနိုင္တဲ့ တစ္ဦးတည္းေသာသူ တစ္ေယာက္ပါပဲ။ ေရႊထူးနဲ့ ေရႊမႈံရတီ ကေတာ့ အသက္အရြယ္ ကြာဟမႈ ရိွေပမယ့္ တစ္ေယာက္နဲ့တစ္ေယာက္ ေလးေလး စားစား ယံုယံုၾကည္ၾကည္နဲ့ ေရႊလက္တြဲ ခဲ့တာ အခုဆိုရင္ အိမ္ေထာင္ သက္တမ္း (၂) နွစ္ေတာင္ ရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီရဲ့ သာယာလွတဲ့ အိမ္ေထာင္တစ္ခုကို စိတ္ဝင္စားစြာနဲ့ အားက်ခ်စ္ခင္ၾကတာပဲ ျဖစ္ပါတယ္။

ေရႊထူးကေတာ့ ေရႊမႈံရတီထက္ (၆) နွစ္ေလာက္ အသက္ၾကီးတယ္ ဆိုေပမယ့္ ခ်စ္ဇနီးေလးကို အရမ္းခ်စ္ျပီး မ်က္နွာတစ္ခ်က္ မညိွဳးရေအာင္ထားသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေရႊထူးက သူ့ရဲ့ ဂိမ္း Steaming ေပ့ခ်္ေလးကို မိတ္ဆက္ေပး လာျပီး ဂိမ္းေတြေဆာ့ျပသြားမယ့္အေၾကာင္းကို ေျပာျပလာပါတယ္။ ေရႊထူး ကေတာ့ ဂိမ္း Steaming ေပ့ခ်္ေလးကို ဂိမ္းေဆာ့ခြင့္ပါမစ္ ေပးထားတဲ့ ေရႊမႈံရတီ မျငိဳျငင္ရေအာင္ “မယားခ်စ္” ဆိုတဲ့ နာမည္ေလးေပးခဲ့တာကို ခ်စ္စဖြယ္ ေတြ့ရပါတယ္။

ေရႊထူးကေတာ့ ခ်စ္ဇနီးေလး မျငိဳျငင္ရေအာင္ ေပ့ခ်္နာမည္ေလးကို ဥာဏ္ေကာင္းေကာင္း နဲ့ နာမည္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဂိမ္းေဆာ့ ရတာ ဝါသနာပါတဲ့ ပရိသတ္ေတြလည္း ေရႊထူးရဲ့ “မယားခ်စ္” ဆိုတဲ့ ေပ့ခ်္ေလးကို Like & Follow လုပ္ဖို့ မေမ့ၾကပါ နဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ချစ်ဇနီးလေး မငြိုငြင် ရအောင် ပေ့ချ် နာမည်လေးကို ‘မယားချစ်’လို့ နာမည်ပေးထား တယ်ဆိုတဲ့ ရွှေထူး

အဆိုတော် ရွှေထူး ကတော့ တစ်နိုင်ငံလုံးက သည်းသည်းလှုပ် ချစ်ခင်အားပေးရတဲ့ မင်းသမီး ချောလေး ရွှေမှုံရတီရဲ့ အချစ်ကို သိမ်းပိုက် ရရှိထားနိုင်တဲ့ တစ်ဦးတည်းသောသူ တစ်ယောက်ပါပဲ။ ရွှေထူးနဲ့ ရွှေမှုံရတီ ကတော့ အသက်အရွယ် ကွာဟမှု ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် လေးလေး စားစား ယုံယုံကြည်ကြည်နဲ့ ရွှေလက်တွဲ ခဲ့တာ အခုဆိုရင် အိမ်ထောင် သက်တမ်း (၂) နှစ်တောင် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ သာယာလှတဲ့ အိမ်ထောင်တစ်ခုကို စိတ်ဝင်စားစွာနဲ့ အားကျချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ ရွှေမှုံရတီထက် (၆) နှစ်လောက် အသက်ကြီးတယ် ဆိုပေမယ့် ချစ်ဇနီးလေးကို အရမ်းချစ်ပြီး မျက်နှာတစ်ချက် မညှိုးရအောင်ထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးက သူ့ရဲ့ ဂိမ်း Steaming ပေ့ချ်လေးကို မိတ်ဆက်ပေး လာပြီး ဂိမ်းတွေဆော့ပြသွားမယ့်အကြောင်းကို ပြောပြလာပါတယ်။ ရွှေထူး ကတော့ ဂိမ်း Steaming ပေ့ချ်လေးကို ဂိမ်းဆော့ခွင့်ပါမစ် ပေးထားတဲ့ ရွှေမှုံရတီ မငြိုငြင်ရအောင် “မယားချစ်” ဆိုတဲ့ နာမည်လေးပေးခဲ့တာကို ချစ်စဖွယ် တွေ့ရပါတယ်။

ရွှေထူးကတော့ ချစ်ဇနီးလေး မငြိုငြင်ရအောင် ပေ့ချ်နာမည်လေးကို ဉာဏ်ကောင်းကောင်း နဲ့ နာမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဂိမ်းဆော့ ရတာ ဝါသနာပါတဲ့ ပရိသတ်တွေလည်း ရွှေထူးရဲ့ “မယားချစ်” ဆိုတဲ့ ပေ့ချ်လေးကို Like & Follow လုပ်ဖို့ မမေ့ကြပါ နဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment