Celebrity


Written by Ms Cele





Credit:Swelsone News

ချစ်ဇနီးလေး ဝမ်းရဲ ့မွေးနေ့မှာ စပရိုက် လုပ်ရင်း အာဘွားတွေ ပေးနေတဲ့ Rဇာနည် ရဲ့ဗီဒီယိုလေး

ပရိသတ်ကြီးရေ……ဂီတ လောကမှာ နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေပြီး သီချင်းကောင်းတွေကို ပရိသတ်တွေ ရင်ထဲရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော်Rဇာနည်ကို သိကြမယ်ထင်ပါတယ်နော်။ Rဇာနည် ဟာ အခုဆိုရင်လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင် တစ်ခုကို ဝမ်းနဲ့အတူ တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက် အပြင် သမီးလေးတစ်ယောက်ပါ ထပ်မံရရှိနေပြီဖြစ်ပါတယ်။

သမီးလေး နာမည်ကိုလည်း Rဇာနည်တို ့မိသားစုဟာ မေဘုန်းဇာနည်(ခ) မစ်မစ်တုန်လို့နာမည် ပေးထားတာဖြစ်ပြီး တစ်အိမ်လုံးရဲ့အသည်း ကျော်လေးဖြစ်ပါတယ်နော်။ Rဇာနည်ဟာ ကြည်နူးချမ်းမြေ့စရာ မိသားစုဘဝလေးကို တည်ထောင် ထားနိုင်ဝာာကြောင့် ပရိသတ်တွေ အားကျချစ်ခင်နေရတဲ့ အနုပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့ပြင် Rဇာနည်ရဲ့ ဇနီးချောလေး ဝမ်းဟာဆိုရင်လည်း ခင်ပွန်းအပေါ်ရော သားသမီးတွေ အပေါ်မှာပါ တာဝန်ကျေတဲ့ သူတစ်ယောက် ဆိုလည်းမမှားပါဘူး။

Rဇာနည်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ အချိန်အတော်ကြာရွှေ လက်တွဲနေကြတဲ့ သူလေးတွေလည်းဖြစ်ကြပြီး Rဇာနည် တစ်ယောက်ကတော့ သူ့ရဲ့ဇနီးလေးအပေါ်ကို အချစ်တွေပိုပြီးရင်း ပိုနေတာပါ။ မကြာသေးမီက Rဇာနည်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “Happy Birthday Daw 1 မွေးနေ့မှစ ရာသက်ပန် မိသားစုနဲ့အတူ ကျန်းမာပျော်ရွှင်စွာ ဘာသာသာသနာ အကြိုးသယ်ပိုးထန်ရွက်နိုင်ပါစေ I love you ” ဆိုပြီးရေးသားကာ ကြည်နူးစရာ ဗီဒီယိုလေးတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment