Celebrity


Written by Ms Cele





Credit:Cele Zone
Source:Soe Pyae Thazin

ချစ်တယ်တဖွဖွပြောပြီး အဒေါ်ဖြစ်သူကို ချွဲနေတဲ့ ထရက်ရှာလေးကို သဘောကျကာ ချစ်မဝဖြစ်နေတဲ့ စိုးပြည့်သဇင်

မင်းသမီးချောလေး စိုးပြည့်သဇင် ကတော့ အကယ်ဒမီ ဆုရှင်လေး တစ်ဦးဖြစ်ပြီး အနုပညာ အရည်အချင်း ပြည့်ဝသူလေးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင်ညီအစ်မတွေထဲမှာ အငယ်ဆုံးလေးဖြစ်တဲ့ စိုးပြည့်သဇင်က ကလေးဆန်ဆန်လေး အမြဲပျော်ပျော်နေတတ်ပြီး အမြဲတမ်းချစ်ဖို့ကောင်း နေတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာအမှန်ပါပဲ ။

စိုးပြည့်က သရုပ်ဆောင်ပိုင်းမှာ သာမက အဆိုပိုင်းမှာပါ ပါရမီပါသူလေးဖြစ်တာကြောင့် အဆိုတော် အဖြစ်လည်း တေးသီချင်းတွေသီဆိုခဲ့ရာ ပရိသတ်တွေကြိုက်နှစ်သက် အားပေးခဲ့ကြ တာတွေ့ရပါတယ်။စိုးပြည့်ကတော့ အရမ်းလိမ္မာရေးခြားရှိပြီး မိဘအပေါ်မှာလည်း သိတတ်တဲ့ သမီးလိမ္မာလေးပါပဲနော်။

စိုးပြည့်ဒီကာလမှာ အနုပညာအလုပ်တွေနည်း နေပေမယ့်လည်း သူရဲ့လှုပ်ရှားမှုတိုင်းကိုတော့ အမြဲဖော်ပြလေ့ရှိပါတယ်။ အခုလည်း ချစ်စရာအရမ်းကောင်းတဲ့ တူမလေးထရက်ရှာရဲ့အပြောတွေ အောက်မှာကြွေကျကာ အချစ်တွေပိုနေတဲ့ ဗီဒီယိုလေးကို ဝေမျှလာတာဖြစ်ပါတယ်။ ထရက်ရှာလေး တစ်ယောက် တီတီဇင်ကို အပီအပြင်တွေချွဲကာ ချစ်တယ်တဖွဖွပြောနေလိုက်တာကိုယ်ပါကြည့်ရင်း အသည်းတွေယားမိတာ အမှန်ပါပဲ။ ပရိသတ်ကြီးလည်း စိုးပြည့်နဲ့ထရက်ရှာလေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit:Cele Zone
Source:Soe Pyae Thazin

About the author

Ms Cele

Leave a Comment