Celebrity

ခ်စ္တူမေလးရဲ႕ေမြးေန႕မွာ ေအာက္ဆီဂ်င္စက္ရံုအတြက္ အလွဴေလးတစ္ခုပါ၀င္လွဴဒါန္းခဲ့တဲ့ ျခဴးေလး

Written by Ms Cele

ခ်စ္တူမေလးရဲ႕ေမြးေန႕မွာ ေအာက္ဆီဂ်င္စက္ရံုအတြက္ အလွဴေလးတစ္ခုပါ၀င္လွဴဒါန္းခဲ့တဲ့ ျခဴးေလး

ပရိသတ္ေတြရဲ့ အားေပး ခ်စ္ခင္မႈကို ရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလးျဖစ္တဲ့ ျခဴးေလး ကေတာ့ ဒီေန႔မွာ ေအာက္စီဂ်င္ ရရွိေရးနဲ႔ ပတ္သက္ၿပီး အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ လတ္တေလာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျပည္သူေတြ ေအာက္စီဂ်င္လိုအပ္မႈေတြမ်ားစြာ ျဖစ္ေနတာပရိသတ္ေတြလည္း သိရွိၿပီးသာျဖစ္မွာပါေနာ္။

အႏုပညာရွင္ေတြနဲ႔ တတ္နိုင္တဲ့ ျပည္သူေတြက ေအာက္စီဂ်င္ စက္႐ုံေတြ ေဆာက္လုပ္ဖို႔ အတြက္ လႉဒါန္းမႈေတြျပဳေနၾကၿပီး ျခဴးေလးကလည္း ပါဝင္လႉဒါန္းေပးခဲ့ တာပဲျဖစ္ပါတယ္။ ျခဴးေလးကေတာ့ သံတြဲၿမိဳ႕နယ္မွာ သိမ္ကုန္းေက်ာင္း ဆရာေတာ္ ဦးေတဇိႏၵမွ ဦးေဆာင္ကာ ေအာက္စီဂ်င္ထုတ္ စက္႐ုံကို ေဆာက္လုပ္ရန္ျပင္ဆင္ေနတဲ့ဆီမွာ တူမေလးရဲ့ ေမြးေန႔အလႉအေနနဲ႔ အလႉေငြ (၅)သိန္းက်ပ္ကို ပါဝင္လႉဒါန္းေပးခဲ့တာပါ။

လႉဒါန္းရတဲ့ ကုသိုလ္ အဖို႔ဘာဂကို တူမေလးအပါအဝင္ (၇)ရက္ သားသမီးအားလုံး ဒီကပ္ဆိုးႀကီးကို အျမန္ဆုံး ေက်ာ္လႊားနိုင္ၾကပါေစ လို႔လည္း ေတာင္းဆုျပဳထားပါေသးတယ္။ ပရိသတ္ႀကီးေရ ျခဴးေလးရဲ့ အလႉေလးကို သာဓုေခၚဆိုၿပီး သူတူမေလးရဲ့ ေမြးေန႔အတြက္ ဆုမြန္ေကာင္းေတြ ေတာင္းေပးခဲ့ၾကပါဦးေနာ္။

source – Chue Lay
Credit:Cele Zone

ချစ်တူမလေးရဲ့မွေးနေ့မှာ အောက်ဆီဂျင်စက်ရုံအတွက် အလှူလေးတစ်ခုပါဝင်လှူဒါန်းခဲ့တဲ့ ခြူးလေး

ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေးဖြစ်တဲ့ ခြူးလေး ကတော့ ဒီနေ့မှာ အောက်စီဂျင် ရရှိရေးနဲ့ ပတ်သက်ပြီး အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လတ်တလော ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူတွေ အောက်စီဂျင်လိုအပ်မှုတွေများစွာ ဖြစ်နေတာပရိသတ်တွေလည်း သိရှိပြီးသာဖြစ်မှာပါနော်။

အနုပညာရှင်တွေနဲ့ တတ်နိုင်တဲ့ ပြည်သူတွေက အောက်စီဂျင် စက်ရုံတွေ ဆောက်လုပ်ဖို့ အတွက် လှူဒါန်းမှုတွေပြုနေကြပြီး ခြူးလေးကလည်း ပါဝင်လှူဒါန်းပေးခဲ့ တာပဲဖြစ်ပါတယ်။ ခြူးလေးကတော့ သံတွဲမြို့နယ်မှာ သိမ်ကုန်းကျောင်း ဆရာတော် ဦးတေဇိန္ဒမှ ဦးဆောင်ကာ အောက်စီဂျင်ထုတ် စက်ရုံကို ဆောက်လုပ်ရန်ပြင်ဆင်နေတဲ့ဆီမှာ တူမလေးရဲ့ မွေးနေ့အလှူအနေနဲ့ အလှူငွေ (၅)သိန်းကျပ်ကို ပါဝင်လှူဒါန်းပေးခဲ့တာပါ။

လှူဒါန်းရတဲ့ ကုသိုလ် အဖို့ဘာဂကို တူမလေးအပါအဝင် (၇)ရက် သားသမီးအားလုံး ဒီကပ်ဆိုးကြီးကို အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ လို့လည်း တောင်းဆုပြုထားပါသေးတယ်။ ပရိသတ်ကြီးရေ ခြူးလေးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပြီး သူတူမလေးရဲ့ မွေးနေ့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါဦးနော်။

source – Chue Lay
Credit:Cele Zone

About the author

Ms Cele

Leave a Comment