Celebrity

ခ်စ္တူေလးရဲ့ ခ်စ္စဖြယ္ အမူအယာေလးေတြကို ၾကည့္ျပီး အသည္းယားေနတဲ့ ၀တ္မႈံေရႊရည္

Written by Ms Cele

ခ်စ္တူေလးရဲ့ ခ်စ္စဖြယ္ အမူအယာေလးေတြကို ၾကည့္ျပီး အသည္းယားေနတဲ့ ၀တ္မႈံေရႊရည္

နိုင္ငံေက်ာ္ မင္းသမီးေလး ဝတ္မႈံေရႊရည္က အသက္ (၁၇) နွစ္အရြယ္ကေန အနုပညာေလာကထဲကို ဝင္ေရာက္ လာခဲ့တာ အခုဆိုရင္ အနုပညာသက္တမ္း (၁၅) နွစ္ေက်ာ္ေတာင္ ရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္က အိမ္ေထာင္ မရိွေသးတဲ့ တကိုယ္တည္း အပ်ိဳၾကီးပီပီ သူမညီမေလး နဒီေရႊရည္ရဲ့ သားေလး ေကာင္းကမၻာကိုပဲ သည္းသည္းလႈပ္ေအာင္ ခ်စ္ေနရတာ ျဖစ္ပါတယ္။ ေကာင္းကမၻာကလည္း ဝတ္မႈံေရႊရည္ကို ကစ္တီလို့ေခၚျပီး ခြ်ဲတတ္တာေၾကာင့္ ဝတ္မႈံေရႊရည္က မ်က္စိေအာက္ကေန အေပ်ာက္မခံနိုင္ေအာင္ ခ်စ္ရွာတာပဲ ျဖစ္ပါတယ္။

လက္ရိွ ရုပ္ရွင္ရိုက္ကူးျခင္းေတြ ရပ္နားထားတဲ့ ဝတ္မႈံေရႊရည္က အားလပ္ခ်ိန္ေတြရရိွေနျပီး သူမရဲ့ အားလပ္တဲ့ အခ်ိန္ေတြကို မိသားစုနဲ့သာ ျဖတ္သန္းကုန္ဆံုး ေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ဝတ္မႈံေရႊရည္က တစ္အိမ္လံုး တေတာက္ေတာက္ေလွ်ာက္ သြားေနတဲ့ တူေလးေကာင္းကမၻာကို အာဘြားေပးဖို့ ခ်စ္စနိုးေလးေတာင္းဆို ေနတာကို အခုလိုမ်ိဳးပဲ ေတြ့ရပါတယ္။

ဝတ္မႈံေရႊရည္ ကေတာ့ သူမရဲ့ တူေလး ေကာင္းကမၻာရဲ့ ခ်စ္စဖြယ္ အမူအယာေလးေတြ ကိုၾကည့္ျပီး အသည္းယားေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဝတ္မႈံေရႊရည္တို့ တူဝရီးနွစ္ေယာက္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပးလိုက္ ပါတယ္ေနာ္။

Source: Wutt Hmone Shwe Yi’s ig
Credit:Cele Connections

ချစ်တူလေးရဲ့ ချစ်စဖွယ် အမူအယာလေးတွေကို ကြည့်ပြီး အသည်းယားနေတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် မင်းသမီးလေး ဝတ်မှုံရွှေရည်က အသက် (၁၇) နှစ်အရွယ်ကနေ အနုပညာလောကထဲကို ဝင်ရောက် လာခဲ့တာ အခုဆိုရင် အနုပညာသက်တမ်း (၁၅) နှစ်ကျော်တောင် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အိမ်ထောင် မရှိသေးတဲ့ တကိုယ်တည်း အပျိုကြီးပီပီ သူမညီမလေး နဒီရွှေရည်ရဲ့ သားလေး ကောင်းကမ္ဘာကိုပဲ သည်းသည်းလှုပ်အောင် ချစ်နေရတာ ဖြစ်ပါတယ်။ ကောင်းကမ္ဘာကလည်း ဝတ်မှုံရွှေရည်ကို ကစ်တီလို့ခေါ်ပြီး ချွဲတတ်တာကြောင့် ဝတ်မှုံရွှေရည်က မျက်စိအောက်ကနေ အပျောက်မခံနိုင်အောင် ချစ်ရှာတာပဲ ဖြစ်ပါတယ်။

လက်ရှိ ရုပ်ရှင်ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ ဝတ်မှုံရွှေရည်က အားလပ်ချိန်တွေရရှိနေပြီး သူမရဲ့ အားလပ်တဲ့ အချိန်တွေကို မိသားစုနဲ့သာ ဖြတ်သန်းကုန်ဆုံး နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က တစ်အိမ်လုံး တတောက်တောက်လျှောက် သွားနေတဲ့ တူလေးကောင်းကမ္ဘာကို အာဘွားပေးဖို့ ချစ်စနိုးလေးတောင်းဆို နေတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည် ကတော့ သူမရဲ့ တူလေး ကောင်းကမ္ဘာရဲ့ ချစ်စဖွယ် အမူအယာလေးတွေ ကိုကြည့်ပြီး အသည်းယားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်တို့ တူဝရီးနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

Source: Wutt Hmone Shwe Yi’s ig
Credit:Cele Connections

About the author

Ms Cele

Leave a Comment