Celebrity


Written by Ms Cele





Credit

ချစ်ရတဲ့ခင်ပွန်းကို လွမ်းနေမေယ့် သတိရတာနဲ့ ပြိုလဲတာမတူတဲ့အကြောင်းကို ပရိသတ်တွေသိအောင် ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

ပြီးခဲ့တဲ့သြဂုတ်လ၂၁ရက်နေ့ကဆိုရင်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းက ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်၊ မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။နန်းမြတ်ဖြိုးသင်းက ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူကိုလွမ်းတဲ့အကြောင်းလေးနဲ့ ကျန်နေသေးတဲ့ သားသားမီးမီးအတွက် အကောင်းဆုံးကြိုးစားပြီး ရှေ့ဆက်သွားမယ်ဆိုတဲ့ အကြောင်းကိုအခုလိုပြောကြားလာပါတယ်နော်

နန်းမြတ်ဖြိုးသင်းက ကျမဘဝရဲ့အဓိပ္ပါယ်ခွန်အားရှင်သန်ခြင်းလေးတွေ၊ ကျမယောက်ျားကို သတိရတာပေါ့၊လွမ်းတာပေါ့၊ဒါပေမယ့်ယောက်ျားမရှိလို ့စိတ်ပျက်အားငယ်တာမျိုး မဟုတ်ဘူး။ကျမယောက်ျား ထားခဲ့တဲ့ ပတ်ဝန်းကျင်ကောင်းအသိုင်းအဝိုင်းကောင်းသူ့ရဲ့ နာမည်ကောင်းအရိပ်အောက်မှာ ကျမကအကောင်းဆုံးကြိုးစားပီးရှင်သန်ရပ်တည်ဦးမှာ၊ လွမ်းတာတော့အမြဲလွမ်းနေမှာပဲ၊ သူနဲ့သွားခဲ့တဲ့နေရာ၊သူနဲ့ရှိခဲ့တဲ့အမှတ်တရတွေက ဘယ်တော့ပျောက်ပျက်မသွားဘူး။

သူမရှိတော့လို့ကလေးတွေအတွက်ကျမနှစ်ဆကြိုးစားပီး ရပ်တည်ရှင်သန်မယ်၊ ကျန်နေသေးတဲ့ချစ်တဲ့သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ပေါ့လွမ်းတာ၊သတိရတာနဲ့ ပြိုလဲတာမတူပါဘူး၊ ကျမချစ်ရတဲ့သားလေးနဲ့သမီးလေးအတွက်ဆိုပြီးတော့ ဝမ်းနည်းစွာရေးသားဖော်ပြထားပါတယ်။နောက်ပြီး ချစ်သူတွေ စိတ်ပူနေမှာစိုးလို့ပါ၊လွမ်းပေမယ့်ပြိုလဲမသွားပါဘူးဆိုပြီးတော့သူမကပြန်လည်မျှဝေပေးထားပါတယ်။

Credit

About the author

Ms Cele

Leave a Comment