Celebrity


Written by Ms Cele





Source – So Pyay Myint
Credit:Cele Zone

ချစ်ရတဲ့မိခင်ရဲ့မွေးနေ့မှာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ စိုပြေမြင့်

စိုပြေမြင့် ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ် အချစ်တော် သရုပ်ဆောင် မင်းသားချောတစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ရာမှာလည်း ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ောဆင် နိုင်တာကြောင့် ပရိသတ်တွေက စိုပြေမြင့်ရယ်လို့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

စိုပြေမြင့်က သူဝါသနာ ပါတဲ့ အနုပညာ အလုပ်တွေကိုလုပ်ကိုင်ရင်း မိဘတွေကို လုပ်ကျွေးပြုစုစောင့်ရှောက်ကာ မိဘအပေါ်သိတတ်လိမ္မာတဲ့ သားလိမ္မာလေးပါ။ မိခင်ကြီးရဲ့ မွေးနေ့ကျရောက်တဲ့ ဒီနေ့မှာလည်း စိုပြေမြင့်ကမိခင်ကြီးမွေးနေ့ကို သတိတရနဲ့ မိခင်ကြီးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ပါသေးတယ်။ “Happy Birthday My Lovely Mom ငယ်ငယ်ကတည်းကနေ ခုချိန်ထိ လိုတာမှန်သမျှကို ဖြည့်ဆည်းပေးတဲ့ အမေ သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီထာဝရပျော်ရွှင်ရပါစေ။” လို့မိခင်ကြီး အချစ်ပိုရအောင် မွေးနေ့ဆုတောင်းပေး ထားပါတယ်။

စိုပြေမြင့်ကို အားပေးကြတဲ့ ပရိသတ်တွေ ကလည်း စိုပြေမြင့်ရဲ့ မိခင်ကြီးမွေးနေ ့အတွက် စိုပြေမြင့်နဲ့အတူ မွေးနေ့ဆုမွန်ကောင်းတွေ ဝိုင်းဝန်းဆုတောင်းပေးထားကြပါသေးတယ်။ ပရိသတ်တွေထဲက စိုပြေမြင့်ရဲ့ပရိသတ် တွေလည်း စိုပြေမြင့်ရဲ့မေမေအတွက် မွေးနေ့ဆုတောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – So Pyay Myint
Credit:Cele Zone

About the author

Ms Cele

Leave a Comment