Celebrity

ခ်စ္ရတဲ့အေဖျဖစ္သူရဲ႕ ေမြးေန႕မွာ အမွတ္တရေမြးေန႕ဆုေတာင္းစကားေလးကို သတိတရနဲ႕ဆုေတာင္းေပးလိုက္တဲ့ ပိုင္ေဇရဲထြန္း

Written by Ms Cele

ခ်စ္ရတဲ့အေဖျဖစ္သူရဲ႕ ေမြးေန႕မွာ အမွတ္တရေမြးေန႕ဆုေတာင္းစကားေလးကို သတိတရနဲ႕ဆုေတာင္းေပးလိုက္တဲ့ ပိုင္ေဇရဲထြန္း

သ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္း ကေတာ့ ခ်စ္ရတဲ့ မိသားစုနဲ႔ အတူ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဘဝေလးကို ရရွိပိုင္ဆိုင္ ထားတာ ျဖစ္ပါတယ္။ နာမည္ပ်က္ေတြ ရွိခဲ့ေပမယ့္ တစ္ခ်ိဳ႕ ပရိသတ္ေတြ ကေတာ့ သူတို႔ ႏွစ္ေယာက္ကို အားေပးခ်စ္ခင္ေနၾကဆဲ ျဖစ္ပါတယ္။ ပိုင္ေဇရဲထြန္းတို ႔ႏွစ္ေယာက္ကို ပိုၿပီး လူသိမ်ားေစတဲ့ ကိစၥကေတာ့ ဖခင္ျဖစ္သူ ပိုင္ဆိုင္တဲ့ အိမ္ကို ေပါင္ၿပီး ေငြေၾကးအရႈပ္အရွင္းေတြ ကို ရွင္းေပးခဲ့တဲ့ ျပသနာျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ မိဘေတြနဲ႔ ျပန္လည္ ေျပလည္သြားၿပီျဖစ္ေၾကာင္း ပိုင္ေဇရဲထြန္းမွ ဆိုပါတယ္။ ဒီေန႔ ကေတာ့ ပိုင္ေဇရဲထြန္း ဖခင္ရဲ႕ ေမြးေန႔ရက္ျမတ္ေလး ျဖစ္ပါတယ္။ ဒီေန႔မနက္ပိုင္းေလးမွာ သူ႔ရဲ႕ လူမႈကြန္ယက္တြင္ ဖခင္ရဲ႕ေမြးေန႔အတြက္ ဆုေတာင္းေပးထားတာ ျဖစ္ပါတယ္။ သူ႔ပို႔စ္ေအာက္တြင္လည္း ပိုင္ေဇရဲထြန္းရဲ႕ သူငယ္ခ်င္းမ်ားမွလည္း ေမြးေန႔ဆုေတာင္းေပးထားပါေသးတယ္။

” သားအတြက္ ထာဝရ. အမိုး ထာဝရအရိပ္ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ Happy Birthday. ေဖေဖ🥰 ” လို႔ ေရးသားၿပီး ဆုမြန္ေကာင္း ေတာင္းေပးထားတာ ျဖစ္ပါတယ္။ ကဲ ပရိသတ္ႀကီးလည္း ပိုင္ေဇရဲထြန္းရဲ႕ ဖခင္အတြက္ ေမြးေန႔ဆုေတာင္းစာေလးေတြ ေရးသားေပးခဲ့ၾကပါဦးလို႔ တိုက္တြန္းရင္း ဒီသတင္းေလးကို အခုပဲ တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Credit:Celelucky

ချစ်ရတဲ့အဖေဖြစ်သူရဲ့ မွေးနေ့မှာ အမှတ်တရမွေးနေ့ဆုတောင်းစကားလေးကို သတိတရနဲ့ဆုတောင်းပေးလိုက်တဲ့ ပိုင်ဇေရဲထွန်း

သရုပ်ဆောင် ပိုင်ဇေရဲထွန်း ကတော့ ချစ်ရတဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။ နာမည်ပျက်တွေ ရှိခဲ့ပေမယ့် တစ်ချို့ ပရိသတ်တွေ ကတော့ သူတို့ နှစ်ယောက်ကို အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို ့နှစ်ယောက်ကို ပိုပြီး လူသိများစေတဲ့ ကိစ္စကတော့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့ အိမ်ကို ပေါင်ပြီး ငွေကြေးအရှုပ်အရှင်းတွေ ကို ရှင်းပေးခဲ့တဲ့ ပြသနာဖြစ်ပါတယ်။

အခုချိန်မှာတော့ မိဘတွေနဲ့ ပြန်လည် ပြေလည်သွားပြီဖြစ်ကြောင်း ပိုင်ဇေရဲထွန်းမှ ဆိုပါတယ်။ ဒီနေ့ ကတော့ ပိုင်ဇေရဲထွန်း ဖခင်ရဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းလေးမှာ သူ့ရဲ့ လူမှုကွန်ယက်တွင် ဖခင်ရဲ့မွေးနေ့အတွက် ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ သူ့ပို့စ်အောက်တွင်လည်း ပိုင်ဇေရဲထွန်းရဲ့ သူငယ်ချင်းများမှလည်း မွေးနေ့ဆုတောင်းပေးထားပါသေးတယ်။

” သားအတွက် ထာဝရ. အမိုး ထာဝရအရိပ်နောင်နှစ်ပေါင်းများစွာအထိ Happy Birthday. ဖေဖေ🥰 ” လို့ ရေးသားပြီး ဆုမွန်ကောင်း တောင်းပေးထားတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းရဲ့ ဖခင်အတွက် မွေးနေ့ဆုတောင်းစာလေးတွေ ရေးသားပေးခဲ့ကြပါဦးလို့ တိုက်တွန်းရင်း ဒီသတင်းလေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment