Celebrity

ခ်စ္ရတဲ့ေမေမ ကြန္လြန္သြားတာေၾကာင့္ ေၾကကြဲဝမ္းနည္းၿပီး ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေပးေနတဲ့ ခင္ဇာျခည္ေက်ာ္

Written by Ms Cele

ခ်စ္ရတဲ့ေမေမ ကြန္လြန္သြားတာေၾကာင့္ ေၾကကြဲဝမ္းနည္းၿပီး ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေပးေနတဲ့ ခင္ဇာျခည္ေက်ာ္

ပရိသတ္ႀကီးေရ ဝါရင့္ သ႐ုပ္ေဆာင္ မင္းသမီးႀကီး တစ္ေယာက္ျဖစ္တဲ့ ခင္ဇာျခည္ေက်ာ္ ကေတာ့ တစ္ေခတ္ခါက အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ မင္းသမီးပဲျဖစ္ပါတယ္။ သူမရဲ့ သ႐ုပ္ေဆာင္ပိုင္း မွာေတာ့ ဘယ္လို ဇာတ္ေကာင္ေတြကို မဆို သဘာဝက်က် အေကာင္းဆုံး ႀကိဳးစားအားထုတ္မႈ ေတြေၾကာင့္လည္း အကယ္ဒမီဆုေတြကို ထိုက္ထိုက္တန္တန္ ရရွိထားတာ ျဖစ္ပါတယ္။

ခင္ဇာျခည္ေက်ာ္ ကေတာ့ ယေန႔အခ်ိန္ထိ ဆယ္ေက်ာ္သက္ေတြလို ငယ္ရြယ္ႏုပ်ိဳ ေခ်ာေမာေနၿပီး စိတ္သေဘာ ထားျပည့္ဝတာေၾကာင့္ ခ်စ္ခင္သူမ်ားေပါမ်ားေနတာ ျဖစ္ပါတယ္။ဒါ့အျပင္ ခင္ဇာျခည္ေက်ာ္က မိသားစုကိုလိုေလေသး မရွိေအာင္ ထားေပးၿပီး သူမရဲ့မိခင္ကိုလည္း အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္ေပးခဲ့တာလည္းျဖစ္ပါတယ္။

မၾကာခင္ ရက္ပိုင္းကမွ ခ်စ္ရတဲ့ေမေမ ကြန္လြန္သြားတာေၾကာင့္ ေၾကကြဲဝမ္းနည္း ေနတာလည္းျဖစ္ပါတယ္။ ဒီေန႔ေလးမွာေတာ့ ေမေမ့ကို ရည္စူးၿပီး သံဃာေတာ္ မ်ားကို ဆြမ္းေကၽြးကာ ေကာင္းမႈကုသိုလ္မ်ားစြာျပဳလုပ္ ခဲ့တဲ့ ပုံေလးေတြနဲ႔အတူ ” ကြယ္လြန္သူ မိခင္ႀကီး ေဒၚစန္းစန္းေဆြ အသက္ (၆၉) ႏွစ္ အတြက္ ရည္စူး၍ ၂၄.၂.၂၀၂၁ ရက္လည္ ဆြမ္းေကၽြး ကုသိုလ္ ေမ ေမ ေရ သမီးတို႔ျပဳသမၽွ ကုသိုလ္ ေကာင္းမႈ႔ တို႔ကို ေရာက္ရာဘုံဘဝ ကေန သာဓု ေခၚပါ ေနာ္ အမၽွ အမၽွ အမၽွ ” ဆိုတဲ့ စာေလးကို ေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Khin Zarchi Kyaw

ချစ်ရတဲ့မေမေ ကွန်လွန်သွားတာကြောင့် ကြေကွဲဝမ်းနည်းပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးနေတဲ့ ခင်ဇာခြည်ကျော်

ပရိသတ်ကြီးရေ ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော် ကတော့ တစ်ခေတ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးပဲဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပိုင်း မှာတော့ ဘယ်လို ဇာတ်ကောင်တွေကို မဆို သဘာဝကျကျ အကောင်းဆုံး ကြိုးစားအားထုတ်မှု တွေကြောင့်လည်း အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ရရှိထားတာ ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော် ကတော့ ယနေ့အချိန်ထိ ဆယ်ကျော်သက်တွေလို ငယ်ရွယ်နုပျို ချောမောနေပြီး စိတ်သဘော ထားပြည့်ဝတာကြောင့် ချစ်ခင်သူများပေါများနေတာ ဖြစ်ပါတယ်။ဒါ့အပြင် ခင်ဇာခြည်ကျော်က မိသားစုကိုလိုလေသေး မရှိအောင် ထားပေးပြီး သူမရဲ့မိခင်ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းကမှ ချစ်ရတဲ့မေမေ ကွန်လွန်သွားတာကြောင့် ကြေကွဲဝမ်းနည်း နေတာလည်းဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ မေမေ့ကို ရည်စူးပြီး သံဃာတော် များကို ဆွမ်းကျွေးကာ ကောင်းမှုကုသိုလ်များစွာပြုလုပ် ခဲ့တဲ့ ပုံလေးတွေနဲ့အတူ ” ကွယ်လွန်သူ မိခင်ကြီး ဒေါ်စန်းစန်းဆွေ အသက် (၆၉) နှစ် အတွက် ရည်စူး၍ ၂၄.၂.၂၀၂၁ ရက်လည် ဆွမ်းကျွေး ကုသိုလ် မေ မေ ရေ သမီးတို့ပြုသမျှ ကုသိုလ် ကောင်းမှု့ တို့ကို ရောက်ရာဘုံဘဝ ကနေ သာဓု ခေါ်ပါ နော် အမျှ အမျှ အမျှ ” ဆိုတဲ့ စာလေးကို ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khin Zarchi Kyaw

About the author

Ms Cele

Leave a Comment