Celebrity

ခ်စ္ရတဲ့ မိသားစုနဲ႔ ခြဲေနရတာေၾကာင့္ လြမ္းဆြတ္သတိရေနေၾကာင္းကို အမွတ္တရစကားေလးေတြနဲ႕ ေျပာျပလာတဲ့ ကိုေပါက္

Written by Ms Cele

ခ်စ္ရတဲ့ မိသားစုနဲ႔ ခြဲေနရတာေၾကာင့္ လြမ္းဆြတ္သတိရေနေၾကာင္းကို အမွတ္တရစကားေလးေတြနဲ႕ ေျပာျပလာတဲ့ ကိုေပါက္

ကိုေပါက္ ကေတာ့ အခုဆိုရင္ ခ်စ္ရတဲ့ မိသားစုနဲ႔ ခြဲေနရတာေၾကာင့္ လြမ္းဆြတ္ သတိရေနတာ လည္းျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အရင္က ခ်စ္ရတဲ့ သာေလးေတြနဲ႔အတူ ေပ်ာ္ရႊင္စြာ ေဆာ့ကစားရင္း ျဖတ္သန္းခဲ့တဲ့ အခ်ိန္ေလးေတြကို သတိရေၾကာင္း ေၾကကြဲဝမ္းနည္းစရာေကာင္းတဲ့ စာေလးေတြကိုေရးသားေဖာ္ျပခဲ့ပါတယ္။

“သားေရ ေဖေဖလြမ္းလို႔”ဒီအခ်ိန္ဆို သားေတြကို အိပ္ယာကႏွိုး မ်က္ႏွာသစ္ သြားတိုက္ သနပ္ခါးလူးေပးၿပီး မနက္စာ ပက္ဒီရႉးဝါး၂ခြက္ ေဖ်ာ္ေပးေနၾက။ ဒီအခ်ိန္ဆို သားငယ္ေလးရဲ့ ILBC online class သင္တဲ့အခ်ိန္ သူ႔ေဘးမွာထိုင္ၿပီး သားငယ္နဲ႔အတူတူ သူငယ္တန္းစာေတြ ကၽြန္ေတာ္ျပန္သင္ေနၾက။ ဒီအခ်ိန္ဆို YouTube အရမ္းၾကည့္တဲ့ ကိုႀကီးေသာ္ကို ေအာ္ရ ဟစ္ရနဲ႔ သားအစ္ဖႏွစ္ေယာက္ ေရအတူတူ ခ်ိဳးေနၾက။ ဒီအခ်ိန္ဆို သားငယ္ေလးက သူေဆာ့ေနတဲ့ Lego အ႐ုပ္ကေလးေတြ ပူးေနလို႔ ဒါေလးခြါေပး ပါလား ပါပါး”လို႔လာေျပာေနၾက။ ဒီအခ်ိန္ဆို သားသားတို႔ႀကိဳက္တဲ့ ေပါင္မုန႔္ၾကက္ဥေၾကာ္စားတဲ့ အခ်ိန္ စာပြဲမွာေအးေအးေဆးေဆး ထိုင္မစားပဲ ေဆာ့ရင္းကစားရင္းစားေနလို႔ ၿငိမ္ၿငိမ္စားဖို႔ ကၽြန္ေတာ့အသံႀကီးနဲ႔ ေအာ္ဟစ္ေနၾက။

ဒီအခ်ိန္ဆို လမ္းမေပၚ သားသားတို႔ စက္ဘီး ထြက္စီးရင္ ကၽြန္ေတာ္ ကေဘးကေန ေျပးလိုက္ေပးေနၾက။ ဒီအခ်ိန္ဆို ကုတင္ေပၚမွာ သား၂ေယာက္နဲ႔အတူ စမက္ေဒါင္းခ်ေနၾက။ ဒီအခ်ိန္ဆို သားငယ္ေလးရဲ့ ဗိုက္ကိုလွန္ၿပီး မုတ္ဆိတ္နဲ႔ပြတ္ရင္ သူအရမ္းအူတက္လို႔“ေတာ္ပါေတာ့ပါပါးရယ္ အရႈံးေပးပါတယ္”လို႔ေျပာေနၾက။ ဒီအခ်ိန္ဆို ညအိပ္ခါနီးတိုင္း ဒီေန႔ ပါပါးနဲ႔ဘယ္သူ အိပ္မွာလဲလို႔ေမးရင္ ညီအစ္ကို ၂ေယာက္ ဗိုလ္ က်ား ေသနတ္စြဲေနၾက။ ဒီအခ်ိန္ သားႏွစ္ေယာက္ကို ကၽြန္ေတာ္နမ္းေနၾက။ သားေရ ေဖေဖလြမ္းတယ္။ ကိုေပါက္(ေခတၱ ဝရမ္းေျပး) 20.2.2021 “ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ ေဝမၽွေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Aung Min Naing

ချစ်ရတဲ့ မိသားစုနဲ့ ခွဲနေရတာကြောင့် လွမ်းဆွတ်သတိရနေကြောင်းကို အမှတ်တရစကားလေးတွေနဲ့ ပြောပြလာတဲ့ ကိုပေါက်

ကိုပေါက် ကတော့ အခုဆိုရင် ချစ်ရတဲ့ မိသားစုနဲ့ ခွဲနေရတာကြောင့် လွမ်းဆွတ် သတိရနေတာ လည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ အရင်က ချစ်ရတဲ့ သာလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားရင်း ဖြတ်သန်းခဲ့တဲ့ အချိန်လေးတွေကို သတိရကြောင်း ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ စာလေးတွေကိုရေးသားဖော်ပြခဲ့ပါတယ်။

“သားရေ ဖေဖေလွမ်းလို့”ဒီအချိန်ဆို သားတွေကို အိပ်ယာကနှိုး မျက်နှာသစ် သွားတိုက် သနပ်ခါးလူးပေးပြီး မနက်စာ ပက်ဒီရှူးဝါး၂ခွက် ဖျော်ပေးနေကြ။ ဒီအချိန်ဆို သားငယ်လေးရဲ့ ILBC online class သင်တဲ့အချိန် သူ့ဘေးမှာထိုင်ပြီး သားငယ်နဲ့အတူတူ သူငယ်တန်းစာတွေ ကျွန်တော်ပြန်သင်နေကြ။ ဒီအချိန်ဆို YouTube အရမ်းကြည့်တဲ့ ကိုကြီးသော်ကို အော်ရ ဟစ်ရနဲ့ သားအစ်ဖနှစ်ယောက် ရေအတူတူ ချိုးနေကြ။ ဒီအချိန်ဆို သားငယ်လေးက သူဆော့နေတဲ့ Lego အရုပ်ကလေးတွေ ပူးနေလို့ ဒါလေးခွါပေး ပါလား ပါပါး”လို့လာပြောနေကြ။ ဒီအချိန်ဆို သားသားတို့ကြိုက်တဲ့ ပေါင်မုန့်ကြက်ဥကြော်စားတဲ့ အချိန် စာပွဲမှာအေးအေးဆေးဆေး ထိုင်မစားပဲ ဆော့ရင်းကစားရင်းစားနေလို့ ငြိမ်ငြိမ်စားဖို့ ကျွန်တော့အသံကြီးနဲ့ အော်ဟစ်နေကြ။

ဒီအချိန်ဆို လမ်းမပေါ် သားသားတို့ စက်ဘီး ထွက်စီးရင် ကျွန်တော် ကဘေးကနေ ပြေးလိုက်ပေးနေကြ။ ဒီအချိန်ဆို ကုတင်ပေါ်မှာ သား၂ယောက်နဲ့အတူ စမက်ဒေါင်းချနေကြ။ ဒီအချိန်ဆို သားငယ်လေးရဲ့ ဗိုက်ကိုလှန်ပြီး မုတ်ဆိတ်နဲ့ပွတ်ရင် သူအရမ်းအူတက်လို့“တော်ပါတော့ပါပါးရယ် အရှုံးပေးပါတယ်”လို့ပြောနေကြ။ ဒီအချိန်ဆို ညအိပ်ခါနီးတိုင်း ဒီနေ့ ပါပါးနဲ့ဘယ်သူ အိပ်မှာလဲလို့မေးရင် ညီအစ်ကို ၂ယောက် ဗိုလ် ကျား သေနတ်စွဲနေကြ။ ဒီအချိန် သားနှစ်ယောက်ကို ကျွန်တော်နမ်းနေကြ။ သားရေ ဖေဖေလွမ်းတယ်။ ကိုပေါက်(ခေတ္တ ဝရမ်းပြေး) 20.2.2021 “ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Aung Min Naing

About the author

Ms Cele

Leave a Comment