Celebrity


Written by Ms Cele





Credit: Cele Zone
Source:Sandy Cho

ချစ်ရတဲ့ သမီးလေး နှစ်ယောက်လုံးက ကျောင်းမှာ ” Student of the month ” ဆုကို ရခဲ့လို့ ပီတိဖြစ်နေတဲ့ စန္ဒီချို

ပရိသတ်ကြီးရေ ချစ်စရာသားသမီး (၄) ယောက်ကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းတို့ ဇနီးမောင်နှံဟာ ကလေးတွေရဲ့ အနာဂတ်အတွက် အကောင်းဆုံးကြိုးစား နေခဲ့ပါတယ်။ ကလေးတွေ ကိုလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရပ်တည်နိုင်အောင်ပျိုးထောင်ပေးခဲ့ပြီး ပျော်စရာကောင်းတဲ့ ကလေးဘဝရဲ့ အနှစ်သာရကိုလည်းအပြည့်အဝရအောင် ဖန်တီးပေးနိုင်ကြပါတယ်။

အလုပ်ကိစ္စတွေနဲ့ မြန်မာပြည်မှာပဲ အနေများတဲ့ နိုင်းနိုင်းဟာ ကလေးတွေဆီကိုတော့ မကြာခဏ ဆိုသလိုပြန်ပြီး သားသမီးတွေကို အချိန်ပေးကာ ကလေးတွေနဲ့အတူ ဆော့ကစားတတ် ပါသေးတယ်။ ချစ်ဇနီးအပေါ်မှာလည်း ခင်ပွန်းကောင်းပီသ သလို သားသမီးတွေအပေါ်မှာလည်း ဖခင်ကောင်းပီသသူ တစ်ယောက်ပါ။

ဖေဖေကလည်း တာဝန်ကျေသလို မေမေကလည်းကလေးတွေကို အကောင်းဆုံးထိန်းကျောင်း တည့်မတ်ပေးနိုင် ခဲ့ပါတယ်။ ချစ်ရတဲ့ သမီးလေးနှစ်ယောက်လုံးက ကျောင်းမှာ ” Student of the month ” ဆုကိုရခဲ့လို့ ပီတိဖြစ်နေတဲ့သူမရဲ့ ဝမ်းသာစကားကို ” A proud mommy right here Both my munchkins received the Student of the Month Award ” ဆိုပြီး သမီးလေးတွေပုံနဲ့ ဝေမျှခဲ့ပါတယ်။ ထူးချွန်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်ကြပါစေ။

Credit: Cele Zone
Source:Sandy Cho

About the author

Ms Cele

Leave a Comment