Celebrity


Written by Ms Cele





Credit:CELELUCKY

ချစ်ရသူအမြန်ဆုံး လွတ်မြောက်စေရန်အတွက် ကောင်းမှုကုသိုလ်တွေ မကြာခဏပြုလုပ်ပေးနေတဲ့ ပိုင်တံခွန်ရဲ့ ကောင်မလေး

ပရိသတ်ကြီးရေ မော်ဒယ် ပိုင်တံခွန် ကတော့ လက်ရှိ အင်းစိန်ထောင် တွင် အချုပ်ကျနေ ဆဲပါနော်။ သူ့ရဲ့ မိသားစု ကလည်း အမြန်ဆုံး ပြန်လွတ်ဖို့ အဘက်ဘက်ကနေ ကြိုးပမ်းနေတာပါနော်။သူ့ကောင်မလေးကလည်း စီးပွားရေးအလုပ်တွေ တစ်ဖက်နဲ့ ပိုင်တံခွန်အတွက် တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးနေတာပါနော်။

အချုပ်ထဲ ရောက်နေတဲ့ ချစ်သူ စားဖို့အတွက် ထမင်း၊ဟင်းတွေ ချက်ပြီး ရောက်အောင် ကြိုးစားပို့ပေးနေသူ ပါနော်။အရင်လို ပြန်လည်တွေ့ဆုံနိုင်ဖို့အတွက်လည်း ကောင်းမှုကုသိုလ်တွေ အဆက်မပြတ်လုပ်ပေးနေပါတယ်နော်။

အခုလည်း ကန်တော် မင်္ဂလာပန်းခြံတွင် ငါးစာကျွေးရင်း ကုသိုလ်ယူခဲ့ပါသေးတယ်နော်။ ပိုင်တံခွန် ရဲ့အသက်က၂၅ နှစ်ဖြစ်တာကြောင့် ဌက်အကောင် (၂၅)ကောင် ကိုလည်း သက်စေ့ လွှတ်ခဲ့ပါသေးတယ်နော်။ ကဲ ပိုင်တံခွန်ရဲ့ကောင်မလေးက သူ့ချစ်သူအပေါ် ဘယ်လောက်တောင် သစ္စာရှိရှိ ချစ်တတ်လွန်းတာလည်းနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment