Celebrity


Written by Ms Cele






ချစ်သမီးလေးနဲ့ သီချင်းဆိုရင်း Liveလွှင့်ကာ ပရိသတ်တွေကို အမှတ်တရ မျှဝေလာတဲ့ ခိုင်သင်းကြည်

ပရိသတ်ကြီးရေ နိုင်ငံကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ခိုင်သင်းကြည် ကတော့ အနုပညာလောကမှာ အောင်မြင်မှုရရှိရုံသာမကပဲ လူတကာ အားကျရတဲ့ ပျော်စရာ မိသားစုဘဝလေးကိုလည်း တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကလည်း အကယ်ဒမီရွှေကြိုမယ်လေးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်သရုပ်ဆောင် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ခိုင်သင်းကြည်နဲ့ စံထိပ်ထားဦးတို့ သားအမိနှစ်ယောက်စလုံးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။

သားအမိနှစ်ယောက် ဆိုပေမယ့် ညီအစ်မလို၊ သူငယ်ချင်းလို ပွင့်ပွင့်လင်းလင်း ရှိတဲ့ ခိုင်သင်းကြည်တို့ သားအမိ နှစ်ယောက်က ဒီကနေ့မှာတော့ ပရိသတ်တွေ အတွက် Live လွှင့်ပေးလာခဲ့ပါတယ်။ ခိုင်သင်းကြည်နဲ့ စံထိပ်ထားဦးတို့ သားအမိက ပရိသတ်တွေအတွက် အပျင်းပြေ ဂစ်တာလေးတီး၊ သီချင်းတွေဆိုပြခဲ့တာမို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

ခိုင်သင်းကြည်တို့ သားအမိနှစ်ယောက် ကတော့ ပရိသတ်တွေအတွက် အနုပညာ အလုပ်တွေကို ချပြနေသလို အမှတ်တရ ဗီဒီယိုလေးတွေ၊ ဓာတ်ပုံလေးတွေကို အမြဲတမ်းချပြပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: KHINE THIN KYI’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment