Celebrity

ခ်စ္သမီးေလးရဲ႕ ၇ႏွစ္ျပည့္ေမြးေန႕မွာ ေမြးေန႕ဆုမြန္ေကာင္းေတာင္း ေပးလိုက္တဲ့ ခ်မ္းခ်မ္း

Written by Ms Cele

ခ်စ္သမီးေလးရဲ႕ ၇ႏွစ္ျပည့္ေမြးေန႕မွာ ေမြးေန႕ဆုမြန္ေကာင္းေတာင္း ေပးလိုက္တဲ့ ခ်မ္းခ်မ္း

ခ်မ္းခ်မ္းရဲ့ သမီးေလးဟာ အားလုံးရဲ့ မ်က္စိေရွ႕မွာတင္ပဲ အသက္ (၇) ႏွစ္အရြယ္ေရာက္လာခဲ့ ပါၿပီ။ ကေလးနဲ႔အရြယ္နဲ ႔မလိုက္ဖက္ ေအာင္ ထူးခၽြန္ၿပီး ဉာဏ္ထက္တဲ့ ကေလးေလးျဖစ္ကာ ေဖေဖ ေမေမတို႔ကိုလည္း အျမဲတမ္းေပ်ာ္ရႊင္ေအာ င္ဖန္တီးေပးတတ္သူေလး ပါ။ ေဖေဖနဲ႔ပဲရွိေစ ေမေမနဲ႔ပဲရွိေစ ႏွစ္ေယာက္လုံးအတြက္ အျပဳံးေတြကို သယ္ေဆာင္လာေပးနိုင္သူေလးပါပဲ။ မၾကာခဏဆိုသလို ေဖေဖနဲ႔လည္း ရိုက္ကြင္းေတြလိုက္သြားတတ္ၿပီး ေမေမ့နဲ႔ရွိုးပြဲေတြမွာလည္း သမီးေလးက မပါမျဖစ္ပါပဲ။

မၾကာခင္မွာလည္း ညီမေလး တစ္ေယာက္ရလာေတာ့မွာ ျဖစ္လို႔ သမီးေလးလိုခ်င္တဲ့ ေႏြးေထြးတဲ့ မိသားစု ဘဝေလးကို ဖန္တီးေပးနိုင္ ေတာ့မယ့္ ေမေမခ်မ္းခ်မ္းတဲ့ ပီတိဟာ ျမင္သူတိုင္း ကိုလည္း ထပ္တူၾကည္ႏူး ေစပါတယ္။ မၾကာခင္မွာပဲ မိသားစုထဲကို ေရာက္လာေတာ့မယ့္ သမီးေလးအတြက္ ေမေမခ်မ္းခ်မ္းတို႔ဇနီးေမာင္ႏွံအျပင္ သမီးေလးဂဂၤါကပါ ေမၽွာ္တလင့္လင့္နဲ႔ ေပ်ာ္မဆုံးျဖစ္ေနၾကပါတယ္။

သမီးေလး အတြက္ ေမြးေန႔ဆုေတာင္းကိုလည္း ” Happy Birthday အေမ့သမီးေလး (၇) ႏွစ္ျပည့္မွသည္ေနာင္ႏွစ္ေပါင္းမ်ားစြာ တိုင္ေအာင္ ယဥ္ေက်း သိမ္ေမြ႕တဲ့ ခ်စ္စရာေကာင္းတဲ့ ရိုးသားျဖဴစင္တဲ့ ညဏ္ပညာ ထက္ျမက္တဲ့ မိန္းမေကာင္း မိန္းမျမတ္ေလး ျဖစ္ပါေစသမီးေရ ဒီဘဝမွာေမေမ့ သမီးေလးအျဖစ္ေမြးဖြားခြင့္ရတဲ့ သမီးေလးကို ေမေမခ်စ္လို႔မဆုံးပါဘူး သမီးေလးဘဝမွာ ဒီထက္ေပ်ာ္ရြင္စရာေတြခ်ည္းပဲရပါေစေနာ္ သမီးေလးအတြက္ညီမေလးလဲမၾကာမီရေတာ့မွာမို႔ အေမ့သမီးေလး မိသားစုစုံလင္စြာ ေနခြင့္ရေတာ့မယ္ i love u my baby ” ဆိုၿပီး ေမေမက ၾကည္ၾကည္ႏူးႏူးေလးဆုေတာင္းစကား ေျပာခဲ့ပါတယ္။

Credit:Cele Zone
Source:Chan Chan

ချစ်သမီးလေးရဲ့ ရနှစ်ပြည့်မွေးနေ့မှာ မွေးနေ့ဆုမွန်ကောင်းတောင်း ပေးလိုက်တဲ့ ချမ်းချမ်း

ချမ်းချမ်းရဲ့ သမီးလေးဟာ အားလုံးရဲ့ မျက်စိရှေ့မှာတင်ပဲ အသက် (၇) နှစ်အရွယ်ရောက်လာခဲ့ ပါပြီ။ ကလေးနဲ့အရွယ်နဲ ့မလိုက်ဖက် အောင် ထူးချွန်ပြီး ဉာဏ်ထက်တဲ့ ကလေးလေးဖြစ်ကာ ဖေဖေ မေမေတို့ကိုလည်း အမြဲတမ်းပျော်ရွှင်အော င်ဖန်တီးပေးတတ်သူလေး ပါ။ ဖေဖေနဲ့ပဲရှိစေ မေမေနဲ့ပဲရှိစေ နှစ်ယောက်လုံးအတွက် အပြုံးတွေကို သယ်ဆောင်လာပေးနိုင်သူလေးပါပဲ။ မကြာခဏဆိုသလို ဖေဖေနဲ့လည်း ရိုက်ကွင်းတွေလိုက်သွားတတ်ပြီး မေမေ့နဲ့ရှိုးပွဲတွေမှာလည်း သမီးလေးက မပါမဖြစ်ပါပဲ။

မကြာခင်မှာလည်း ညီမလေး တစ်ယောက်ရလာတော့မှာ ဖြစ်လို့ သမီးလေးလိုချင်တဲ့ နွေးထွေးတဲ့ မိသားစု ဘဝလေးကို ဖန်တီးပေးနိုင် တော့မယ့် မေမေချမ်းချမ်းတဲ့ ပီတိဟာ မြင်သူတိုင်း ကိုလည်း ထပ်တူကြည်နူး စေပါတယ်။ မကြာခင်မှာပဲ မိသားစုထဲကို ရောက်လာတော့မယ့် သမီးလေးအတွက် မေမေချမ်းချမ်းတို့ဇနီးမောင်နှံအပြင် သမီးလေးဂင်္ဂါကပါ မျှော်တလင့်လင့်နဲ့ ပျော်မဆုံးဖြစ်နေကြပါတယ်။

သမီးလေး အတွက် မွေးနေ့ဆုတောင်းကိုလည်း ” Happy Birthday အမေ့သမီးလေး (၇) နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာ တိုင်အောင် ယဉ်ကျေး သိမ်မွေ့တဲ့ ချစ်စရာကောင်းတဲ့ ရိုးသားဖြူစင်တဲ့ ညဏ်ပညာ ထက်မြက်တဲ့ မိန်းမကောင်း မိန်းမမြတ်လေး ဖြစ်ပါစေသမီးရေ ဒီဘဝမှာမေမေ့ သမီးလေးအဖြစ်မွေးဖွားခွင့်ရတဲ့ သမီးလေးကို မေမေချစ်လို့မဆုံးပါဘူး သမီးလေးဘဝမှာ ဒီထက်ပျော်ရွင်စရာတွေချည်းပဲရပါစေနော် သမီးလေးအတွက်ညီမလေးလဲမကြာမီရတော့မှာမို့ အမေ့သမီးလေး မိသားစုစုံလင်စွာ နေခွင့်ရတော့မယ် i love u my baby ” ဆိုပြီး မေမေက ကြည်ကြည်နူးနူးလေးဆုတောင်းစကား ပြောခဲ့ပါတယ်။

Credit:Cele Zone
Source:Chan Chan

About the author

Ms Cele

Leave a Comment